မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Pagan Metal သည် heavy metal ၏ မျိုးခွဲတစ်မျိုးဖြစ်ပြီး extreme metal ကို pre-christian ရိုးရာ ယဉ်ကျေးမှုနှင့် ရောစပ်ထားခြင်းဖြစ်သည်။ ကြမ်းတမ်းသော melody များ၊ သမားရိုးကျမဟုတ်သော တူရိယာများနှင့် ရှေးကျသော ဘာသာစကားများကို အသုံးပြုထားသည်။ များသောအားဖြင့် folk metal (သို့) black metal ကိုရည်ညွန်းထားသည်။ နော်ဝေးတီးဝိုင်း In the Woods သည် အဓိကကျသော ပထမဆုံးတီးဝိုင်းထဲမှ တစ်ခုဖြစ်သည်။ Metal Hammerမဂ္ဂဇင်းတွင် စာရေးဆရာ Marc Halupezok ရေးထားသည်မှာ Primordial တီးဝိုင်း၏ Dark Romanticism demo မှ To Enter Pagan သီချင်းသည် ဤအမျိုးအစားကို အဓိပ္ပါယ်သတ်မှတ်ရာတွင် အထောက်အကူပြုစေခဲ့သည်။

ဝိသေသလက္ခဏာများ ပြင်ဆင်ရန်

pagan metal သည် အမျိုးအစားတစ်ခုထက် စိတ်ကူးစိတ်သန်းပိုသည်။ နောက်ပိုင်းတီးဝိုင်းများသည် တစ်ခုမှတစ်ခုသို့ ကွဲပြားစေရန် ဂရုစိုက်ကြသည်။ Korpiklaaniတီးဝိုင်းမှ ဘေ့စ်ဂီတာသမား Jarkko Aaltonen က သူတို့သည် folk တူရိယာများကို အသုံးပြုထားသော်လည်း viking (သို့) ရှေးကျသောလူမျိုးများ၏ pagan ဟုအမည်ခေါ်သော လူမျိုးများအကြောင်းကို သီဆိုထားသော တီးဝိုင်းများအကြောင်းကို ဂရုပြုမိခဲ့သည်။ Heri Joenson သည် pre-christian, ဥရောပရိုးရာဓလေ့များကို သမိုင်းကြောင်း(သို့) ဒဏ္ဍာရီဖြစ်စေရန် သီဆိုသော pagan metal တီးဝိုင်းများအကြောင်းကို ရေးသားဖော်ပြခဲ့သည်။ စာသားများကြောင့် ဂီတဆိုင်ရာအလွန်အမင်း ကွဲပြားခြားနားသည်ကို သတိထားမိခဲ့သည်။ တချို့တီးဝိုင်းများမှာ ဖျတ်လတ်သွက်လက်၍ စိတ်ထက်သန်ကြသည်။ အဆိုပုံစံများမှာ မာန်ဖီသံများဖြင့် သီဆိုကြသည်။ အချို့ဖျော်ဖြေတင်ဆက်မှုများတွင် သူတို့၏ ဇာတိဘာသာများ သီဆိုကြသည်။ အခြားမှာ အင်္ဂလိပ်စကားဖြင့် သီဆိုကြသည်။

Pagan metal တီးဝိုင်းများမှာ မကြာခဏ viking metal နှင့် folk metal များဖြင့် ဆက်စပ်နွယ်သည်။ Moonsorrow နှင့် Kampfar တီးဝိုင်းများသည် ဤအမျိုးအစားနှင့်ကိုက်ညီဟု အသိအမှတ်ပြုကြသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

Led Zeppelin နှင့် Manowar တီးဝိုင်းတို့သည် pagan metal တီးဝိုင်းများမှာ အနည်းငယ်သာရှိသော်လည်း pagan အကြောင်းအရာများကို ၁၉၇၀ နှင့် ၁၉၈၀ အတွင်းမှာ pagan အကြောင်းအရာများကို စူးစမ်းလေ့လာခဲ့သည်။ Bathory,Enslaved, Amorphis နှင့် Skyclad တို့လွှမ်းမိုးမှုကို မှတ်တမ်းတင်သည့် အစားပို၍ နှစ်သက်ကြသည်။ Bathory နှင့် Enslaved များ viking metal တီးဝိုင်းများဖြစ်ပြီး Amorphis နှင့် Skyclad များ folk metal တီးဝိုင်းများဟု သိကြသည်။

Jarkko Aaltonen သည် Black Sabbath သည် လုံးဝ pagan ဖြစ်သည်ကို သတိပြုမိသည်။ သူသည် ရိုးရာ folk- rock ဂီတနှင့် ဒဏ္ဍာရီစာသားများနှင့် ရောစပ်ထားသည်ကို မှတ်တမ်းတင်ခဲ့သည်။ Eluveitie တီးဝိုင်းမှ Chrigel Glanzman သည် Skyclad တီးဝိုင်းကို ပထမဆုံး pagan metal တီးဝိုင်းဖြစ်သည်ဟု မှတ်တမ်းတင်ခဲ့သည်။ heavy metal ဂီတနှင့် Celtic folk ဂီတကို ရောနှောထားသည်ကိုလည်း သတိပြုမိခဲ့သည်။ စာရေးဆရာ Ian Christe သည်လည်း Skyclad သည် pagan metal တီထွင်သူဟု အသိအမှတ်ပြုခဲ့သည်။ Heri Joensen သည် Bathory ပထမဆုံး pagan metal ဖျော်ဖြေသူဟု သတိပြုမိခဲ့သည်။ သူတို့သည် Nordic ဒဏ္ဍာရီများကို ပေါင်းထည့်ခဲ့သည်။ Primordial Alan A.Nemtheanga သည် pagan metal ပုံသွင်းသူဟု ဆိုသည်။ Bathory ၏ ၁၉၈၈ album “Blood Fire Death” တွင် တွေ့နိုင်သည်။ Turisas တီးဝိုင်းမှ Mathias Nygard က Amorphis တီးဝိုင်းဟာ ပထမဆုံး pagan metal တီးဝိုင်းဟု အသိအမှတ်ပြုခဲ့သည်။

၂၀၀၈ခုနှစ် ဧပြီတွင် folk နှင့် pagan metal ပွဲတော် Pagan festival ဖျော်ဖြေသူများသည် Berliner မှ fur faschismusforschung မှ neo-Nazis နှင့် ဖက်ဆစ်ဝါဒကို ယိုးစွပ်သည့် အကြောင်းကိစ္စများပါဝင်ခဲ့သည်။ Ville Sorvali of Moonsorrow နှင့် Heri Joensen သည် ဤယိုးစွပ်မှုအတွက် မမှန်ကန်ကြောင်းပြသည့် video statement တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ၎င်းမှာ T in the Iyr logon နှင့် S in the Moonsorrow log ကဲ့သို့ စိတ်ကူးစိတ်သန်းမှ ancient Scandinavian Symbols များ ကျွန်ုပ်တို့ အသုံးပြုခဲ့ဟု ဖြစ်သည်။ Black Sabbath album အတွက် သူတို့၏ official website မှ logo idea ရခဲ့စဉ်တွင် Moon Sorrow က အငြင်းပွားခြင်းအတွက် ဖော်ပြချက်တစ်ခုရေးသား ထုတ်ပြန်ခဲ့သည်။ Skyforger ကဲ့သို့ metal တီးဝိုင်းများသည် နာဇီဝါဒ၊ ဖက်ဆစ်နှင့် လူမျိုးရေးခွဲခြားရေးဝါဒနှင့် မဆက်နွယ်ပေ။ Skyforger တီးဝိုင်းသည် သူတို့ album cover တိုင်း၏နောက်ကျောတွင် “ No Nazi Stuff Here” ဟူသော စကားလုံးကို ပေါင်းထည့်ခဲ့သည်။

၂၀၀၉တွင် အမျိုးအစားသည် ထူးခြားဆန်းကျယ်လာခဲ့သည်။ Korpiklaani မှ Jarkko Aaltonen က လူအများစု၏ ထင်မြင်ယူဆချက်နှင့် ဝမ်းနည်းပူဆွေးချက်ကို Jumping on a bandwagon ဟု ဖော်ပြခဲ့သည်။ Amon Amarth မှ Johan Heggက ကျွန်ုပ်တို့သည် pagan folklore ဂီတကို လုပ်နေသည့် တီးဝိုင်းများထဲမှ တစ်ခုအဖြစ် ကျွန်ုပ်တို့ ကိုယ်တိုင်မမြင်နိုင်ပါဘူး” ဟုဆိုသည်။