Punk blues ( သို့ blue punk) သည် punk rock နှင့် blues တို့ပေါင်းစပ်ထားသော အမျိုးအစားတစ်ခုဖြစ်သည်။ punk blues ဂီတသမားများနှင့် တီးဝိုင်းများသည် protopunkနှင့် blues rock ကဲ့သို့ ဆက်နွယ်နေသော ပုံစံများ၏ အစိတ်အပိုင်းများကို ပေါင်းစပ်ထားသည်။ ဤပုံစံသည် ၁၉၆၀နှင့် ၁၉၇၀မှ garage rock သီချင်းများနှင့်အတူ စတင်ခဲ့သည်ဟု သိရသည်။ Punk blues သည် punkနှင့် blues အမျိုးအစားကြားထဲရှိသော ရိုးရှင်းသော စိတ်ခံစားမှုများကို အသားပေးထားသည်။ The Immortal Lee County Killer တီးဝိုင်းမှ အဆိုနှင့် ဂီတာသမား Chet Weise က "punk နှင့် blues နှစ်မျိုးစလုံးသည် ရိုးရှင်းသော ဘဝကို တုံ့ပြန်ထားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ blues အမျိုးအစားအနည်းငယ်လည်ပတ်လာပြီး အနည်းငယ်မြန်လာပါတယ်။"

မူရင်း ပြင်ဆင်ရန်

၁၉၇၀နောက်ပိုင်း punk လှုပ်ရှားမှု မစတင်ခင် ကွဲပြားသောတီးဝိုင်းများဖြစ်သော The MC5, The Stooges, The Who, The Sonics, Captain Beefheartနှင့် New York Dolls တို့သည် စွဲမက် စရာကောင်းသော အမေရိကန် blues ကို ပြသခဲ့ကြသည်။ Allmusic (online ဂီတလမ်းညွှန်) က punk blues ၏ လွှမ်းမိုးမှုကို "၆၀အလယ် garage rock သီချင်း၊ Captain Beefheart ၏ အစောပိုင်းကဲ့သို့ အထူးသဖြင့် Gun Club ၏ Fire of Love LP album(၁၉၈၁) ကဲ့သို့ ဖြစ်သည်ဟုဆိုသည်။ Allmusic အဆိုအရ punk blues သည် ၉၀အစောပိုင်းမှ မူလဖြစ်သော Jon Spencer, Blues Explosion, The Obivians, The Gores နှင့် The Gibsons Brother စသောတီးဝိုင်းများနှင့် ဝင်လာခဲ့သည်" ဟုဆိုသည်။ The White Stripes နှင့် X တီးဝိုင်းနှင့် The Gun Club တို့၏တီထွင်ထားသော punk နှင့် Blues ရောစပ်ထားသော ဂီတပုံစံသစ်နှင့် ၂၀၀၀ ခုနှစ်သို့ ရှေ့ဆက်လာခဲ့သည်။

ဆက်စပ်နေသောတီးဝိုင်းများ ပြင်ဆင်ရန်

၁၉၈၈တွင် punk တီးဝိုင်း Social Distortion ၏ rockabilly, countryနှင့်blues များပေါင်းစပ်ထားသော Prison Bound album နှင့်စတင်ခဲ့သည်။ ထိုအချိန်ကာလတွင် Rollins Band (တီးဝိုင်း) သည် punk လွှမ်းမိုးသည့် blues jams များနှင့် ဖျော်ဖြေခဲ့သည်။ ၁၉၉၀အစောပိုင်းတွင် ဗြိတိန်ဂီတသမား PJ Harvey က avant-grade ၏ပြောင်းလဲသောပုံစံများကို စမ်းသပ်လေ့လာခဲ့သည်။ Garage rock ဖြစ်ရပ်တွင် The White Stripe တီးဝိုင်းသည် punk ဂီတသမားနှင့် တီးဝိုင်းများနှင့်အတူ အောင်မြင်စေရန် ရှေ့ဆက်စေခဲ့သည်။ The Detroit Cobras, Geraldine, Mystery Girls, The Reigning Sound, Soledad Brother, The Von Bondies နှင့်အခြားမရေတွက်နိုင်သောတီးဝိုင်းများနှင့် ဤပုံစံကို ရှေ့ဆက်စေခဲ့သည်။ The Boston တီးဝိုင်းမှ Mr.Airplane Man သည် ဤပုံစံကို တီးခတ်စေခဲ့သည်။

Indie rock တီးဝိုင်းများဖြစ်သော The Kills နှင့် Deadboy& the Elephantmen သည် mediaတွင် punk/blues သီချင်းများကို ဆက်သွယ်စေခဲ့သည်။