Red dirt သည် ဂီတအမျိုးအစားတစ်ခုဖြစ်ပြီး Oklahoma မှ စတင်ခဲ့သည်။ Oklahoma သည် red dirt ဂီတ၏ အလယ်ဗဟိုဟုယူဆခဲ့သည်။[၁] Outlaw country ၏ဒဏ္ဍာရီတွင် Waylon Jennings, Willie Nelson တို့ထူးခြားသော Texas သီချင်းများနှင့် ဆက်စပ်နေပြီး နောက်ပိုင်းတွင် Bob Childers (Oklahoma အဆိုတော်၊ သီချင်းရေးဆရာ)ကို Oklahoma Red Dirt ဂီတ၏ဖခင်ဟု အသိအမှတ်ပြုကြသည်။ ထိုတစ်ချိန်တွင် အမျိုးအစားနှစ်ခုသိသာလာခဲ့သော်လည်း ၂၀၀၈ ခုနှစ်တွင် ကွာဟလာပြီး ယုတ်လျော့လာခဲ့သည်။[၂]

သမိုင်းကြောင်း ပြင်ဆင်ရန်

Oklahoma သည် အကွဲကွဲအပြားပြားဖြစ်သော pop ဂီတလှုပ်ရှားမှုအဓိကအရင်းအမြစ်မြို့တော်ဖြစ်သည်။ ထိုဂီတဖြစ်ရပ်ထဲတွင် Western Swing နှင့် Leon Russell’s Tulsa sound တို့ပါဝင်သည်။ ထိုအမျိုးအစားနှစ်ခုကဲ့သို့ Red Dirt ဂီတသည် သီခြားဒေသဖြစ်သော Stillwater မှ ကြီးပြင်းလာခဲ့သည်။ Red Dirt ဖြစ်ရပ်သည် ဆက်လက်ကြီးထွား၍ အောင်မြင်ခဲ့သည်။ Red Dirt အသုံးအနှုန်းကို Steve Ripley ၏တီးဝိုင်းသည် သူတို့၏ ၁၉၇၂ self-title album အတွက် သုံးနှုန်းခဲ့သည်။ Red Dirt ဂီတကို ကိုယ်စားပြုသော တီးဝိုင်းအများစုကို Red Dirt Rangers ဟုလည်း ခေါ်ခဲ့သည်။ John Cooper, Brad Piccolo နှင့် Ben Han တို့သည် ၁၉၈၀ နောက်ပိုင်းတွင် ဂီတကို Childer နှင့်အတူ ပြုလုပ်ခဲ့သည်။

အဓိပ္ပာယ် ပြင်ဆင်ရန်

ဝေဖန်ရေးသမားများသည် Red Dirt သည် rock n’ roll ၏ indie အမျိုးအစားနှင့်ဆင်တူသည်ဟုဆိုသည်။ Red Dirt အနုပညာရှင်များကို ဂီတစက်မှုဇုံမှ Americana, Folk, သို့ alt-country ဟု အမျိုးအစားများစုစည်းခဲ့သည်။ ထိုသီချင်းပုံစံများသည် Red Dirt အမျိုးအစားထဲတွင် ပါဝင်ခဲ့သည်။ folk, rock, country, bluegrass, blues, western swing နှင့် honky tonk တို့ပါဝင်ပြီး မက်ဆီကိုဂီတလွှမ်းမိုးမှုများပါရှိသည်။ တချို့က Red Dirt ဂီတကို country ဂီတ၏ ဟန်ပန်အမှုအရာဟုဆိုသည်။ သီချင်းပုံစံသည် rockနှင့် country ကြား အောင်မြင်မှုဖြစ်သည်။ တီးဝိုင်းအများစုသည် Stillwater မှ စတင်ခဲ့သော်လည်း တီးဝိုင်းအသီးသီးသည် ကွဲပြားသော အသံများပါရှိသည်ဟု ဆိုသည်။ တီးဝိုင်းတစ်ခုမှ တစ်ခုဆီသို့သီချင်းပုံစံများကွဲပြားသည်။ တချို့မှာ Rock ဆန်၍ တချို့မှာ country ဆန်သည်ဟု Jackson ကဆိုသည်။ Cross Canadian Ragweed တီးဝိုင်းမှ Cody Canada က ဒါဟာ country, bluesy, rock နှင့် blue collar ဂီတဟုဆိုသည်။ Texas Troubadour ထူထောင်သူ Mar Ringwood သည် Oklahoma နှင့် Texas သီချင်းပုံစံများကို website များပေါ်တွင် နှစ်မြုပ်ထားသည်။ အနုပညာရှင်အများစုသည် Bob Wills နှင့် Wood Guthrie တို့၏လွှမ်းမိုးမှုများဆီသို့ နှစ်မြုပ်ထားသည်။ Red Dirt သည် ဂီတနှင့်အတူ စိတ်ဝိညဉ်နှင့်ဆိုင်သော အရည်အသွေးရှိသည်ဟုဆိုသည်။ အခြားဂီတအမျိုးအစားများကိုလည်း ဈေးကွက်တွင် မြင်သာအောင်ပြသခဲ့သည်။ Country ဂီတ website Engine K5 မှ Ben Cisneros သည် Red Dirt သည် အဓိက ဈေးကွက်ရှိ ဌာနအများစုတွင် Red Dirt ဂီတပါဝင်ပြီး mainstream modern country နှင့်ယှဉ်လျက် လည်ပတ်နေသည်ဟုဆိုသည်။

ဂီတသမားများနှင့် ပွဲတော်များ ပြင်ဆင်ရန်

Stillwater တွင်နေထိုင်သော Bob Childrens သည် ၂၀၀၈ ခုနှစ်ဧပြီတွင် ကွယ်လွန်ခဲ့သည်။ Red Dirt ဂီတ၏ ဦးဆောင်သူဟုလည်း သိရသည်။ သူမသေဆုံးခင် ငါးနှစ်အလိုတွင် Steve Ripley နှင့် Tom Skinner နှင့်အတူ Oklahoma ဂီတဆုတံဆိပ် Red Dirt Hall of Fame ကို ယူဆောင်လာခဲ့သည်။ Red Dirt ဆုတံဆိပ်ကို ၂၀၀၃ ခုနှစ် နိုဝင်ဘာလ တနင်္ဂနွေနေ့တွင် Tulsa ရှိ Cain’s Ballroom တွင် ကျင်းပခဲ့သည်။ ဆုပေးပွဲ အခမ်းအနားတွင် ဖျောဖြေသူများတွင် Great Divide, Susan Gibson, Wade Bowen, T.J.McFarland နှင့် Revolvers Brandon Jenkins, Sas Michae, The South 40 Band, Stoney La Rue, Mike McClure Band, Jason Boland, Cody Canada, Susan Herndonနှင့် အခြားပုဂ္ဂိုလ်များပါရှိသည်။ ဂီတပွဲတော်အများစုသည် Red Dirt သီချင်းပုံစံကို ကိုယ်စားပြုသည်။ Farmfest, Calffry, Shrinefest နှင့် အခြားပွဲတော်များပါရှိသည်။ ၂၀၀၇ခုနှစ်တွင် Texas, Fort Worth တွင် Cross Canadian Ragweed ပွဲတော်ကျင်းပခဲ့သည်။ တက်ရောက်သူ ၁၅၀၀၀ ခန့်ရှိသည်။ ၂၀၀၈ခုနှစ်ဩဂုတ်လတွင် Red Dirt Festival ပွဲတော်ကို ကျင်းပခဲ့သည်။ Red Dirt Rangerများနှင့်အတူ ပွဲတော်ကို ကိုယ်စားပြုခဲ့သည်။ Oklahoma တွင် ကျင်းပခဲ့သော ပွဲတော်များတွင် Mercury Lounge (Tulsa), the Blue Door(Oklahoma City), Copper Penny (Stillwater), the Tumbleweed (Stillwater), Cross-Eyed Cricket (Stillwater), Willie’s (Stillwater), The Crowbar (Tahlequal), Wormby Dog (Oklahoma City), Libby’s (Goldsby), Wallstreet (Ducan), T-Bones (Tahlequal) နှင့် Roxie’s Roost (Tablequal) တို့ပါဝင်သည်။ Red Dirt သည်ကြီးမားသော ဂီတများကို ပြုလုပ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် Texasအခြေစိုက် Texas Hippie Coalition တီးဝိုင်းသည် သူတို့၏ Pride of Texas ကိုဖြန့်ချိခဲ့သည်။ ကြီးမားသော အသံများနှင့် red dirt ပုံစံကို ပေါင်းစပ်ခဲ့သည်။ country အနုပညာရှင်များနှင့် classic rock တီးဝိုင်းနှင့် metal တီးဝိုင်းများ၏ လွှမ်းမိုးမှုပုံစံကို ပေါင်းစပ်ခဲ့သည်။ တီးဝိုင်းသည် red dirt metal အမျိုးအစားနှင့်လူသိများလာခဲ့သည်။ ၂၀၁၃ ဇွန်၂၁-၂၂ရက်တွင် Texahomaka Country ဂီတပွဲတော်တွင် The Great Divide, Cody Canada & The Departed, The Legend Brandon Jenkins Curtis Grimes, Bo Phillip Band, 2 Steps Back, Chad Sullins&The Last Call Coalition, Chance Anderson Band Jody Schmidt Band, Riders Ford နှင့် Longshot တို့ပါဝင်သည်။

မီဒီယာ ပြင်ဆင်ရန်

Red Dirt Radio Hour ကို Tulsa ရေဒီယို KVOO က “Voice of Oklahoma” အမည်ဖြင့် ၂၀၀၃ ခုနှစ် ဇန်နဝါရီ ၂၆တွင် ဖြန့်ချိခဲ့သည်။ ပြပွဲကို John Cooperနှင့် Brad Piccolo တို့က ဧည့်ခံခဲ့သည်။ DJ Eric Wayne က ဆက်သွယ်ခဲ့သည်။ Wayne သည် ၂၀၀၄ခုနှစ် ၂၀၀၅ခုနှစ်၏ Red Dirt Dj of the Year အဖြစ်မဲပေးခဲ့ခြင်းခံရသည်။ ၂၀၀၈ခုနှစ်တွင် KVOO ထွက်ခွာခဲ့သော်လည်း ယနေ့တွင် Eric Wayne က နိုင်ငံအတွင်း ရယ်စရာပြခန်းများအကြောင်းကို ဆက်လက်ရေးသားနေသည်။ ကွဲပြားသော ကိုယ်စားလှယ်များက ဌာနပိုင်များ၏လွှမ်းမိုးမှုများကို သိရှိခဲ့ကြသည်။ ၂၀၀၉ ခုနှစ် ဩဂုတ်၂တွင် နှစ်နှစ်ကြာကွက်လပ်ဖြစ်နေပြီးနောက် KVOO သို့ ပြပွဲကို ပြန်လည်လည်ပတ်ခဲ့ကြောင်း တနင်္ဂနွေ ၉pm ၁၀pm တွင် ကြားသိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် Oklahoma, Lawton မှ Cameron တက္ကသိုလ်မှ ကျောင်းသားများသည် North of Austin/West of Nashville Red Dirt Music စာတမ်းကို ဇွန်လိုင်၂၄ တွင် ပထမဆုံးအကြိမ်အဖြစ်ထုတ်လုပ်ခဲ့သည်။ ရုပ်ရှင်ခေါင်းစဉ်ကို Stillwater, Oklahoma ဒေသတစ်ဝိုက်တွင် ကို ရည်ညွန်းခဲ့သည်။ ကျောင်းသားများသည် ၄၇၀၀ မိုင်လည်ပတ်ခဲ့ပြီး Red Dirt Ranger များဖြစ်သော Bob Childers, No Justice, Johnny Cooper, Brandon Jenkins, Stoney LaRule, Cross Candian Ragweed အခြားပုဂ္ဂိုလ်များကို မေးမြန်း၍ မှတ်တမ်းတင်ခဲ့ကြသည်။ ယနေ့ခေတ်ဂီတဈေးကွက် ထိုဂီတသမားများ၏ ပုံပြင်များရှင်သန်ခဲ့သည်။ ထိုရုပ်ရှင် ၂၀၀၈ ခုနှစ် ဇွန်လ ၁၂ ရက် ၁၁ကြိမ်မြောက် (နှစ်ပတ်လည်) Woody Guthrie Folk ပွဲတော် အတောအတွင်းတွင် Oklahoma, Okemah ရှိ Crystal Theater ၌ ကျင်းပခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. Bonvissuto, Danny. Stillwater Music Has Red Dirt Roots, Bright Future. Archived 21 April 2014 at the Wayback Machine. Stillwater, Oklahoma on Livability.com. Retrieved January 8, 2010.
  2. Elswick, Mark. Texas Red Dirt with Spur 503. Texas Music Times. Retrieved Aug. 6, 2008.