Suicide Squad သည် အမေရိကန် လူစွမ်းကောင်း ဇာတ်လမ်းဖြစ်ပြီး DC ကာတွန်းများမှ လူဆိုးအဖွဲ့ဖြစ်တဲ့ Suicide Squad ကို အခြေခံထားပါတယ်။ David Ayer က ရိုက်ထားပြီး Will Smith, Jaredd Leto Margot Robbie, Joel Kinnaman, Viola Davis, Jai Courtney, Jay Hernandez, Adewal Akinnuyo-Agbaje, Ike Barinholtz, Scott Eastwood နှင့် Cara Delevinge တို့က ပါဝင်သရုပ်ဆောင်ထားသည်။ ဇာတ်လမ်းမှာ အစိုးရလျှို့ဝှက်အဖွဲ့အစည်းမှ ခေါင်းဆောင် Amanda Waller မှ ကမ္ဘာကြီးအားကယ်တင်ရင် လူဆိုးကြီးများကို စုပေါင်းဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၂၀၀၉ တွင် ဇာတ်ကားကို Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးမှ စတင်ထုတ်လုပ်ခဲ့သည်။ Ayer မှ ဇာတ်ညွှန်း ဇာတ်လမ်းတာဝန်ယူရန် စက်တင်ဘာ ၂၀၁၄ တွင်လက်မှတ်ထိုးပြီး သရုပ်ဆောင်များကို ရွေးချယ်ခဲ့သည်။ Toronto, Ontario, Canada တို့မှ ရိုက်ကူးခဲ့ပြီး Chicago နဲ့ lllinois တို့မှာ ကျန်တာတွေ ဆက်လက်ရိုက်ကူးခဲ့ပါတယ်။ Suicide Squad ကို နယူးယောက်မြို့တွင် ဩဂုတ်လ ၁ ရက်နေ့တွင် 2D, 3D နှင့် IMAX 3D တို့ဖြင့် ရုံတင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ Junction Cinema များတွင် ပြသသည်။

Suicide Squad
Official poster
ရုံတင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာDavid Ayer
ထုတ်လုပ်သူ
  • Charles Roven
  • Richard Suckle
စာရေးသူDavid Ayer
အခြေခံထားသည်မှာCharacters from DC Comics
သရုပ်ဆောင်
  • Will Smith
  • Jared Leto
  • Margot Robbie
  • Joel Kinnaman
  • Viola Davis
  • Jai Courtney
  • Jay Hernandez
  • Adewale Akinnuoye-Agbaje
  • Ike Barinholtz
  • Scott Eastwood
  • Cara Delevingne
ဂီတမှူးSteven Price
ဓာတ်ပုံRoman Vasyanov
တည်းဖြတ်John Gilroy
ထုတ်လုပ်ရေး
ကုမ္ပဏီ
  • DC Entertainment
  • RatPac-Dune Entertainment
  • Atlas Entertainment
ကြာမြင့်ချိန်
123 minutes[၁]
နိုင်ငံအမေရိကန်ပြည်ထောင်စု
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ဩဂုတ် ၁၊ ၂၀၁၆ (၂၀၁၆-၀၈-၀၁) (Beacon Theatre)
  • ဩဂုတ် ၅၊ ၂၀၁၆ (၂၀၁၆-၀၈-၀၅) (United States)
ထုတ်ဝေသူWarner Bros. Pictures
ကုန်ကျငွေ$၁၇၅ သန်း[၂]
ရောင်းရငွေ$၂၈၀.၁ သန်း[၃]
နောင်တော်များနှင့် နောက်ဆက်တွဲများ
နောက်ထွက်ဇာတ်လမ်းThe Suicide Squad[*]

သရုပ်ဆောင်များ ပြင်ဆင်ရန်

Will Smith မှ Deadshot အဖြစ် မျက်နှာဖုံးစွပ် ကျွမ်းကျင် ကြေးစားလူသတ်သမားဖြစ်သည်။ သမီးလေးတစ်ယောက်ရှိပြီး သူ့သမီးလေးအတွက် အကောင်းဆုံးတွေ လုပ်ပေးချင်သူပါ။ အပစ်အခတ် ကျွမ်းကျင်လွန်းပြီး ဘယ်တော့မှ ပစ်မှတ်မလွဲသူဖြစ်သည်။

Jared Leto မှ The Joker အဖြစ် စိတ်မနှံ့သော လူဆိုးတစ်ယောက်ဖြစ်သည်။ ဒီကားထဲတွင် Joker ကို ပုံစံ အသစ်နှင့် တွေ့မြင်ရမည်ဖြစ်သည်။

Margot Robbie မှ Harley Quinn ရူးနှမ်းနှမ်း လူဆိုးမလေးတစ်ယောက်ဖြစ်ပြီး အရင်ကတော့ စိတ်ပညာဆရာဝန်တစ်ယောက်ပါ။ Joker ရဲ့ ချစ်သူဖြစ်ပြီးတော့ သူ့ရဲ့ ဇာတ်ရုပ်မှ ပေါ့ပေါ့နေ ပျော်ပျော်စား ရူးကြောင်ကြောင် နဲ့ ကြောက်ဖို့ကောင်းတဲ့ ပုံစံမျိုးဖြစ်သည်။

Joel Kinnaman မှ Colonel Rick Flag အဖြစ် စစ်ဘက်မှ ဗိုလ်တစ်ယောက်ဖြစ်ပြီး Suicide Squad ကို တိုက်ပွဲများတွင် ခေါင်းဆောင်သူဖြစ်သည်။ Amanda Waller ၏ လက်ရုံးဖြစ်သော်လဲ Waller ၏အမိန့်တိုင်းကို မနာခံတတ်သော သူတစ်ယောက်ဖြစ်သည်။

Jai Courtney မှ George "Digger" Harkness / Captain Boomerang အဖြစ် ပစ်လိုက်လျှင် မိမိထံပြန်လာတတ်တဲ့ ဒလတ် ကို ပိုင်နိုင်စွာ အသုံးပြုနိုင်သော သူခိုးကြီးဖြစ်သည်။

Jay Hernandez မှ Chato Santana / El Diabl အဖြစ် LA မှ လူဆိုးကြီးတစ်ယောက်ဖြစ်သည်။ ထူးခြားစွမ်းအင်အနေဖြင့် မီးတောက်များ ထုတ်နိုင် ပစ်နိုင်သူဖြစ်သည်။ စိတ်ဒေါသထွက်လာလျှင် မီးတောက်များထွက်လာပြီး တ်ဝန်းကျင်ကို လောင်ကျွမ်းစေသည်။ သူ၏ဒေါသ မီးတောက်များဖြင့်ပင် သိပ်ချစ်သော မိသားစုကို ဆုံးရှုံးခဲ့ရသူလဲဖြစ်သည်။

Adewale Akinnuoye-Agbaje မှ Waylon Jones / Killer Croc အရေပြားရောဂါမှတစ်ဆင့် တွားသွားသတ္တဝါတစ်ကောင်ဖြစ်သွားတဲ့ လူဆိုးတစ်ယောက်ဖြစ်သည်။ တွားသွားသတ္တဝါများကဲ့သို့ စွမ်းဆောင်နိုင်ပြီး ရေအောက်တွင်နေထိုင်ရခြင်းကိုနှစ်သက်သည်။

Cara Delevingne မှ Dr. June Moone / Enchantress အဖြစ် Dr. June Moone မှာ ရှေးဟောင်းသုတေသန ပညာရှင်ဖြစ်ပြီး Colonel Rick Flag ရဲ့ချစ်သူလဲ ဖြစ်သည်။ သူမရဲ့လေ့လာမှူများမှတဆင့် ရှေးဟောင်းမိစ္ဆာအဖွဲ့အစည်းမှ Enchantress(မှော်မိစ္ဆာမ)မှ ဝင်ပူးခြင်းခံလိုက်သူဖြစ်သည်။

Karen Fukuhara မှ Tatsu Yamashiro / Katana အဖြစ် Tatsu Yamashiro ဟာ ကိုယ်ခံပညာကို ကောင်းစွာကျွမ်းကျင်ပြီး ဂျပန်ဓားသမားတစ်ယောက်ဖြစ်သည်။ Suicide Squad သည်လူဆိုးများနှင့် ဖွဲစည်းထားသော်လည်း သူမမှ Waller ၏လက်ရုံးတစ်ယောက်ဖြစ်ပြီး Colonel Rick Flag ရဲ့ကိုယ်ရံတော်အဖြစ်လိုက်ပါဆောင်ရွက်ပါသည်။

ကိုးကား ပြင်ဆင်ရန်

  1. "Suicide Squad (2016)"၊ British Board of Film Classification၊ July 26, 2016။ July 28, 2016 တွင် ပြန်စစ်ပြီး။ Archived from the original on 28 July 2016။ 
  2. Rottenberg၊ Josh (August 1, 2016)။ The pressures behind 'Suicide Squad,' the DC Comics movie that Warner Bros. needs to work, and work bigLos Angeles Times။ August 1, 2016 တွင် ပြန်စစ်ပြီး။
  3. Suicide Squad (2016)။ Box Office Mojo။ August 9, 2016 တွင် ပြန်စစ်ပြီး။