မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Wham! သည် အင်္ဂလိပ် ပေါ့ဂီတအဖွဲ့တစ်ခုဖြစ်ခဲ့၍ အဆိုတော်နှစ်ဦးဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ ဂျော့ မိုက်ကယ် နှင့် အန်ဒရူး ရစ်ချ်လေ တို့ဖြစ်ကာ ၁၉၈၁တွင် အင်္ဂလန်နိုင်ငံ ဘွတ်ရှီမြို့၌ ဖွဲ့စည်းခဲ့သည်။[၁][၂] ၁၉၈၀ပြည့်နှစ်များ၌ ပေါ့ဂီတဆိုင်ရာ စီးပွားရေးအရ အောင်မြင်သော အဖွဲ့တစ်ဖွဲ့ဖြစ်လာခဲ့သည်။ ၁၉၈၂ မှ ၁၉၈၆အထိ ကမ္ဘာအနှံ့ အချပ်ရေ (တရားဝင်စာရင်းရှိ) ရောင်းအား သန်း (၃၀)ကျော်ရောင်းချခဲ့ရသည်။[၃] ဖန့်ခ် နှင့် ဆိုးလ်ဂီတလွှမ်းမိုးမှုရှိကာ ၎င်းတို့ကိုယ်၎င်းတို့ မတင်းတိမ်ဘဝင်မကျသော လူငယ်များဟုဖော်ပြ၍ Wham! အဖွဲ့၏ ၁၉၈၃ ပွဲဦးထွက်အခွေ "အလွန်တရာကောင်းမွန်သော" (Fantastic) သည် ယူနိုက်တက်ကင်းဒမ်း၏ အလုပ်လက်မဲ့ပြဿနာ၊ လူလားမြောက် အရွယ်ရောက်ခြင်းအပေါ် စိတ်ပျက်မှုများကို ရည်ညွှန်းခဲ့သည်။[၄]

Wham!
ဂျော့ မိုက်ကယ် (ဘယ်) and အန်ဒရူး ရစ်ချ်လေ (ညာ), ၁၉၈၄-၁၉၈၅
ကိုယ်ရေး အချက်အလက်များ
မူလတိုင်းပြည်ဘွတ်ရှီမြို့,
ဟာ့တ်ဖရှီးယား, အင်္ဂလန်
ဂီတဟန်ပေါ့ဂီတ
တက်ကြွသည့်နှစ်များ၁၉၈၁–၁၉၈၆
(ပြန်လည်ပေါင်းစည်းသည့်နှစ်: ၁၉၈၈ နှင့် ၁၉၉၁)
တေးသံသွင်း ကုမ္ပဏီ
  • Columbia
  • Innervision
  • Epic
  • Sony
ပူးတွဲ ပါဝင်မှု
  • The Executive!
  • Pepsi & Shirlie
  • Dee C. Lee
ဝက်ဘ်ဆိုက်georgemichael.com
အဖွဲ့ဝင်ဟောင်းများ

ဒုတိယအခွေ "ကြီးကျယ်စေမယ်" (Make It Big) သည် ၁၉၈၄တွင် ထွက်ရှိလာကာ ကမ္ဘာအနှံ့အပြားတွင် အောင်မြင်သော ပေါ့အခွေတစ်ခွေဖြစ်ခဲ့၍ ယူကေနှင့် ယူအက်စ်တွင် နံပါတ်တစ်ချိတ်ခဲ့သည်။ အမေရိကတွင် MTV ရုပ်သံကြောင့် ဗြိတိသျှဂီတဝိုင်းများ ထိုးဖောက်အောင်မြင်လာခြင်းနှင့် ဆက်စပ်၍ ၎င်းတို့၏ တစ်ကိုယ်တော်သီချင်းများဖြစ်သည့် "မင်းထွက်...ထွက်ခွာမသွားခင် တို့ကိုနှိုးလှည့်ပါဦး" (Wake Me Up Before You Go-Go) ၊ "သူမလိုချင်သမျှ" (Everything She Wants) ၊ "ပေါ့ဆတီးတိုးသံ" (Careless Whisper) တို့သည် ယူအက်စ် ဘီလ်ဘော့ဒ် ရေပန်းစားသီချင်း (၁၀၀)တွင် ထိပ်၌ရပ်တည်ခဲ့သည်။ ၁၉၈၅တွင် Wham! အဖွဲ့သည် ပထမဆုံးအနောက်နိုင်ငံပေါ့ဂီတအဖွဲ့အနေဖြင့် တရုတ်နိုင်ငံ သို့ဆယ်ရက်ကြာ ခရီးစဉ်ထွက်မည်ဟု လူသိရှင်ကြားကြေညာခဲ့သည်။[၅] ထိုပွဲသည် တရုတ်နှင့် အနောက်အုပ်စုတို့ အပြန်အလှန် ချစ်ကြည်မှု ဆက်ဆံရေးကို တိုးမြှင့်ရာ၌ အဓိကအရေးပါသော အချိန်တစ်ခုအဖြစ် မြင်နိုင်သည်။[၆]

ကိုးကား ပြင်ဆင်ရန်

  1. Biography by Ed Nimmervoll။ Wham! | Biography & History။ AllMusic။ 4 December 2016 တွင် ပြန်စစ်ပြီး။
  2. Rettenmund၊ Matthew (15 October 1996)။ Totally awesome 80s။ St. Martin's Press။ pp. 60–။ ISBN 978-0-312-14436-46 May 2011 တွင် ပြန်စစ်ပြီး
  3. Qualen၊ J. (1985)။ The Music Industry: The End of Vinyl?။ Comedia's Media and Communications Industry Profile Series။ 5။ London: Routledge။ ISBN 0-906890-58-6
  4. "Why George Michael's Wham! period is in need of a reappraisal"၊ CBC Music၊ 2018-12-28။ 2018-08-03 တွင် ပြန်စစ်ပြီး 
  5. McCarty, L. Y. (2010). "‘Big in Japan’: Orientalism in 1980s British Pop Music". The Mid-Atlantic Almanack 19. 
  6. Neville၊ Sam။ "ROCK: East meets Wham!, and another great wall comes down"၊ 28 April 1985။