ကိုဩဒိနိတ်: 66°34′0″S 0°0′0″W / 66.56667°S -0.00000°E / -66.56667; -0.00000 (Prime Meridian)

အန္တာတိတ်စက်ဝိုင်းသည် ကမ္ဘာ့မြေပုံ၌ တောင်ဘက်အကျဆုံးသောနယ်မြေများ၏ တခုဖြစ်သည်။ ဤဒေသတွင် နေသည် မိုးကုတ်စက်ဝိုင်း၏ အလယ်တည့်တည့်၌ (အနည်းဆုံး တနှစ်လျင် ၁ ရက်)၂၄ နာရီလုံး တည်ရှိသည်။ ထို့ကြောင့် နေကို ညသန်းခေါင်ယံတွင်လည်း မြင်ရသည်။ ဤကဲ့သို့သောဖြစ်ရပ်သည်သည် အာတိတ်စက်ဝိုင်းတွင်လည်း ဖြစ်ပေါ်သည်။

အန္တာတိတ်ဒေသ မြေပုံ


အန္တာတိတ်စက်ဝိုင်း၏ တည်နေရာသည် ပုံသေမဟုတ်ဘဲ လက်ရှိတွင် အီကွေတာ၏ တောင်ဘက် 66°33′49.2″ တွင် ရောက်ရှိနေသည်။[၁] ယင်း၏ လတ္တီကျုသည် ကမ္ဘာ၏ မိမိဝင်ရိုးပေါ်တွင် တိမ်းစောင်းမှုပေါ်၌ မူတည်သည်။ ယင်းတိမ်းစောင်းမှုသည်လည်း လကမ္ဘာ၏ ပတ်လမ်းမှ ဒီရေအားကြောင့် နှစ်ပေါင်း ၄၁၀၀၀ ကြာလျင် ၂ ဒီဂရီအထက် အပြောင်းအလဲဖြစ်ပေါ်ခြင်းနှင့် ဆက်စပ်လျက်ရှိသည်။[၂] ရလဒ်အနည်ဖြင့် အာတိတ်စက်ဝိုင်းသည် တနှစ်လျင် ၁၄.၅ m (၄၈ ft) နှုန်းဖြင့် တောင်ဘက်သို့ ရွေ့လျားလျက်ရှိသည်။


ကိုးကား ပြင်ဆင်ရန်

  1. Obliquity of the Ecliptic (Eps Mean)။ Neoprogrammics.com။ 2014-05-13 တွင် ပြန်စစ်ပြီး။
  2. Berger, A.L. (1976). "Obliquity and Precession for the Last 5000000 Years". Astronomy and Astrophysics 51 (1): 127–135. Bibcode1976A&A....51..127B.