အန္တော ဂဗ္ဘေ၊ စရေ ဝံသေ၊ ဓာတ်ဖက်ပေ

အန္တော ဂဗ္ဘေ၊ စရေ ဝံသေ၊ ဓာတ်ဖက်ပေ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်ပြင်ဆင်

တနင်္ဂနွေဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် တေဇောဓာတ်ချင်းအားဖြင့်လည်းကောင်း၊ တနင်္လာဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်တို့သည် ပထဝီဓာတ်ချင်းအားဖြင့်သော်လည်းကောင်း၊ အင်္ဂါဂြိုဟ်နှင့် ရာဟုဂြိုဟ်တို့သည် ဝါယောဓာတ်ချင်းအားဖြင့်သော်လည်းကောင်း၊ ဗုဒ္ဓဟူးဂြိုဟ်နှင့် သောကြာဂြိုဟ်တို့သည် အာပေါဓာတ်ချင်းအားဖြင့်သော်လည်းကောင်း တူညီကြ၍ မိတ်ဓာတ်များ ဖြစ်သည်။ ( အန် = တနင်္ဂနွေဂြိုဟ်၊ တေဇောဓာတ်။ တော = စနေဂြိုဟ်၊ တေဇောဓာတ်။ ဂဗ် = တနင်္လာဂြိုဟ်၊ ပထဝီဓာတ်။ ဘေ = ကြာသပတေးဂြိုဟ်၊ ပထဝီဓာတ်။ စ = အင်္ဂါဂြိုဟ်၊ ဝါယောဓာတ်။ ရေ = ရာဟုဂြိုဟ်၊ ဝါယောဓာတ်။ ဝံ = ဗုဒ္ဓဟူးဂြိုဟ်၊ အာပေါဓာတ်။ သေ = သောကြာဂြိုဟ်၊ အာပေါဓာတ်။ )[၁]

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။