အန်ဒီ​ဝါဟော

အမေရိကန်အနုပညာရှင်

အန်ဒီဝါဟော သည် အမေရိကန် အနုပညာရှင် ၊ ဒါရိုက်တာနှင့် ထုတ်လုပ်သူတစ်ဦးဖြစ်ကာ ပေါ့အနုပညာဟု လူသိများသည့် အနုပညာလှုပ်ရှားမှု၏ ရှေ့ဆောင်ပြယုဂ် ဖြစ်သည်။ ၁၉၆၀ ခုနှစ်များတွင် ထွန်းကားလာသည့် အနုပညာဖော်ပြချက် ၊ ကြော်ငြာ နှင့် ကျော်ကြားသူယဉ်ကျေးမှု အကြားက ဆက်နွယ်မှုများအား ရှာဖွေခြင်းက သူ့အလုပ်ဖြစ်ပြီး ပန်းချီ ၊ မှင်ခံပုံနှိပ်ပန်းချီ၊ ဓာတ်ပုံ နှင့် ပန်းပု အပါအဝင် အနုပညာကြားခံပစ္စည်းမျိုးစုံတို့ကို အသုံးပြုခဲ့သည်။ သူ၏ လူသိများသော လက်ရာအချို့တွင် မှင်ခံပုံနှိပ်ပန်းချီ Campbell's Soup Cans (၁၉၆၂) နှင့် Marilyn Diptych (၁၉၆၂) ၊ ခေတ်စမ်းရုပ်ရှင် Chelsea Girls (၁၉၆၆) ၊ မာလ်တီမီဒီယာပွဲ Exploding Plastic Inevitable (၁၉၆၆-၆၇) ပါဝင်သည်။

Andy Warhol
Warhol in 1975
မွေးဖွားAndrew Warhola
(1928-08-06)ဩဂုတ် ၆၊ ၁၉၂၈
Pittsburgh, Pennsylvania, U.S.
ကွယ်လွန်ဖေဖော်ဝါရီ ၂၂၊ ၁၉၈၇(1987-02-22) (အသက် ၅၈)
New York City, U.S.
ပညာရေးCarnegie Institute of Technology (Carnegie Mellon University)
ကျော်ကြားမှုအရင်းခံPrintmaking, painting, cinema, photography
ထင်ရှားသည့်
လုပ်ဆောင်မှု
Chelsea Girls (1966 film)
Exploding Plastic Inevitable (1966 event)
Campbell's Soup Cans (1962 painting)
Marilyn Diptych (1962 painting)
နိုင်ငံရေး လှုပ်ရှားမှုPop art

ပစ္စဘာ့ဂ်တွင် မွေးဖွားကြီးပြင်းခဲ့သော ဝါဟောသည် အစပထမပိုင်းတွင် စီးပွားရေးလုပ်ငန်းဆိုင်ရာပုံဆွဲဆရာ သက်မွေးဝမ်းကြောင်းလိုင်းကို လိုက်ခဲ့သည်။ ၁၉၅၀ နှောင်းပိုင်းနှစ်များအတွင်း ပြခန်းများစွာတွင် သူ၏ လက်ရာများကို ပြသခဲ့ပြီးနောက်ပိုင်း လွှမ်းမိုးနိုင်မှုအရှိဆုံးနှင့် အငြင်းပွားဖွယ်ရာအဖြစ်ဆုံးအနုပညာရှင်အဖြစ် အသိအမှတ်ပြုခံလာရသည်။ သူ၏ နျူးယော့ခ် စတူဒီယို စက်ရုံ (The Factory) သည် ထင်ရှားကျော်ကြားသော ပညာတတ်များ ၊ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်စားဆင်ယင်သူများ ၊ ပြဇာတ်ရေးဆရာများ ၊ ဘိုဟီးမီးယန်း ပေတရာအနုပညာရှင်များ ၊ ဟောလိဝုဒ်နာမည်ကျော်များ နှင့် သူဋ္ဌေးသူကြွယ်ဝယ်လက်များကိုစုစည်းပေးသည့် နေရာအဖြစ် ထင်ရှားလူသိများလာသည်။ ဝါဟော၏ စူပါစတားများဟု လူသိများသူတို့ကို "၁၅ မိနစ်စာ ကျော်ကြားမှု" ဖြင့် ထင်ရှားစေခဲ့သည်။ ၁၉၆၀ နှောင်းပိုင်းတွင် The Velvet Underground အမည်ရ ခေတ်စမ်းရော့ခ်ဂီတတီးဝိုင်း ကို စင်တင်ပြီး အင်တာဗျူးမဂ္ဂဇင်းကို တည်ထောင်ခဲ့သည်။ အန်ဒီဝါဟော၏ ဒဿန နှင့် ပေါ့ပ်ဝါဒ - ဝါဟောခြောက်ဆယ်ခုနှစ်များ အပါအဝင် စာအုပ်များစွာကို ရေးသားခဲ့သည်။ လိင်တူစုံမက်သူ လှုပ်ရှားမှုမပေါ်ပေါက်ခင်ကပင် လိင်တူနှစ်ခြိုက်သူတဦးအနေဖြင့် အတိအလင်းနေထိုင်လာသူ တဦးဖြစ်သည်။ သည်းခြေအိတ်ခွဲစိတ်ကုသမှုအပြီး ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီ၌ နှလုံးခုန်နှုန်းဖောက်ပြန်မှုဖြင့် အသက် ၅၈ နှစ်တွင် ကွယ်လွန်သည်။

ခေတ်ဟောင်းပြန်ပြောင်းအောက်မေ့သည့် ပြပွဲများ ၊ စာအုပ်များ ၊  ဖီးချား နှင့် မှတ်တမ်းတင်ရုပ်ရှင်များစွာတို့၏ ပင်တိုင်ဖြစ်ခဲ့သည်။ အနုပညာနှင့် မော်ကွန်းမှတ်တမ်းများအား ရာသက်ပန် စုစည်းပြသထားသည့် အန်ဒီဝါဟော ပြတိုက်ကို သူ၏ ဇာတိ ပစ္စဘာ့ဂ်တွင် ထားရှိပြီး အမေရိကန်ပြည်ထောင်စု၌ အနုပညာရှင်တဦးတည်းအတွက် သက်သက် ရည်ရွယ်သည့် အကြီးဆုံးပြတိုက်ဖြစ်သည်။ သူ၏ ဖန်တီးမှုများစွာမှာ စုဆောင်းထားသင့်ပြီး အထူးတန်ဖိုး ရှိသည်များဖြစ်သည်။ ဝါဟောပန်းချီများအနက် တန်ကြေးအများဆုံးပေးခံရသည်မှာ ဒေါ်လာ ၁၀၅ သန်း တန်ဖိုးရှိ Silver Car Crash (Double Disaster) အမည်ရှိ ၁၉၆၃ ကင်းဗတ်ပန်းချီ ဖြစ်သည်။ ကာလတလျောက်လုံး ရောင်းရသမျှ ဈေးအကြီးဆုံးပန်းချီများအနက်မှ အချို့မှာ သူ၏ လက်ရာများဖြစ်သည်။ ၂၀၀၉ အီကော်နော်မစ်စ်တ် ဆောင်းပါးတခုက ဝါဟောအား အနုပညာဈေးကွက်၏ လမ်းကြောင်းပြသသူဟု တင်စားခဲ့သည်။

ကိုးကား ပြင်ဆင်ရန်