အပေါ်ယံရွှေမှုန်ကြဲ၊ အထဲက နွားချေးခံ
အပေါ်ယံရွှေမှုန်ကြဲ၊ အထဲက နွားချေးခံသည် မြန်မာစကားပုံတစ်ခုဖြစ်သည်။
အဓိပ္ပာယ်
ပြင်ဆင်ရန်အပေါ်ယံ၌ ရွှေမှုန်ကြဲထားသဖြင့် ရွှေရောင်ဝင်းဝါးနေသော်လည်း အတွင်းသားမှမူ နွားချေးအတိသာ ဖြစ်သကဲ့သို့ အပေါ်ယံ မျက်နှာပန်းအားဖြင့် အမြင်လှသော်လည်း အတွင်းအနှစ်သာရအားဖြင့် အလွန်ညံ့ဖျင်းသည်။ မှန်စီရွှေချလုပ်ငန်းတွင် အပေါ်ယံရွှေမှုန်ကြဲပြီး အထဲ၌ နွားချေးခံ၍ ပြုလုပ်ရသည်ကို ရည်ညွှန်း၍ ဤစကားပုံ ဖြစ်ပေါ်လာသည်။