အပြည်ပြည်ဆိုင်ရာဘာသာပြန်နေ့

ကမ္ဘာတဝှမ်း ကျင်းပသောနေ့

အပြည်ပြည်ဆိုင်ရာဘာသာပြန်နေ့ ကို ကမ္ဘာတစ်ဝန်းတွင် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပကြသည်။ ဘာသာပြန်နေ့အခမ်းအနားကို အပြည်ပြည်ဆိုင်ရာဘာသာပြန်သူများအဖွဲ့ (FIT) မှ ၁၉၅၃ ခုနှစ်ကတည်းက ကျင်းပခဲ့ကြသည်။ ၁၉၉၁ ခုနှစ်တွင် FIT သည် ကမ္ဘာပေါ်ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်သူများ၏ အားထုတ်မှုနှင့် ကမ္ဘာ့တစ်ဝှမ်းရှိ ဘာသပြန်သူ အဖွဲ့အစည်းများ၏ ကြိုးပမ်းမှုကို ဖော်ပြရန်အတွက် အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ကို တရားဝင်သတ်မှတ်ရန် စိတ်ကူးရခဲ့သည်။ ဤသည်မှာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကာလတွင် ဘာသာပြန်မှု၏ မရှိမဖြစ်အရေးပါမှုသည် မြင့်မားလာပြီး ဘာသာပြန်မှု၏ ဂုဏ်သိက္ခာကြီးမားမှုကို ဖော်ပြရန်အတွက် ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်