အပြာရောင်အရွေ့ဆိုသည်မှာ လျှပ်စစ်သံလိုက်လှိုင်းတစ်ခု၏ ကြိမ်နှုန်း (Frequency) တိုးလာခြင်းနှင့်အတူ လှိုင်းအလျား (Wavelength) လျော့နည်းလာသည့် ဖြစ်စဉ်တစ်ခုပင်ဖြစ်သည်။ ယင်းသည် အနီရောင်အရွေ့နှင့် ဆန့်ကျင်ဘက်ပင်တည်း။ ဤအရွေ့၌ မြင်နိုင်သောအလင်းထဲတွင် ရောင်စဉ်သည် အနီရောင်အဆုံးမှ အပြာရောင်အဆုံးသို့ ဖြစ်သည်။

ဒေါ့ပလာ အကျိုးသက်ရောက်မှု ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဒေါ့ပလာ အကျိုးသက်ရောက်မှု
 
ဒေါ့ပလာ အနီရောင်အရွေ့နှင့် အပြာရောင်အရွေ့ သက်ရောက်မှု

ဥပမာပေးရသော် အာကာသယာဉ်တစ်စင်းသည် အလင်းအလျင်၏ ၁၀ ပုံ ၁ ပုံခန့်ဖြင့် ခရီးသွားပါက မြင်ကွင်းသည် အပြာရောင်သန်းလာမည်ဖြစ်သည်။ အကယ်၍ နောက်သို့လှည့်ကြည့်ပါက မြင်ကွင်းသည် အနီရောင်သန်းသွားသည်ကို မြင်တွေ့ရပေမည်။[၁] အပြာရောင်အရွေ့အား နက္ခတ္တဗေဒတွင် အရာဝတ္ထုတို့၏ ရွေ့လျားမှုအား တိုင်းတာရာ၌ အသုံးပြုသည်။

အခြားကြည့်ရန် ပြင်ဆင်ရန်

ကျမ်းကိုး ပြင်ဆင်ရန်

  1. http://lccn.loc.gov/2003058918 Library of Congress catalog record.