မင်း၏ မှူးမတ်မျိုးပေါင်း ၁၄-ပါးဟူ၏။ အဘိဓာန်မှယူပြသည်၊ ထိုထက်အများလည်းရှိတန်ရာ၏။

  1. မန္တိနီ- မင်းတိုင်ပင်အမတ်၊
  2. သေနာနီ- စစ်သူကြီး ဗိုလ်မှူးအမတ်၊
  3. အက္ခဒသော-တရားဝန်ကြီးအမတ်၊
  4. ဒေါဝါရိကော- တံခါးမှူးအမတ်၊
  5. အကနိဋ္ဌော- ကိုယ်ရံတော်ဗိုလ်မှူးအမတ်၊
  6. မလ္လကော- လက်ပမ်းသည် လက်ဝှေ့တော်သတ်အမတ်၊
  7. သေဝကော- မင်းခစား အဆောင်တော်မြဲအမတ်၊
  8. ဂေရညိကော- ရွှေတိုက်စိုး ငွေတိုက်တော်မှူး (စံကိုင်ပွဲစားအမတ်၊)
  9. အဓိကတော- ကလန်ခေါ် တစ်ရွာတည်းကိုကြီးကဲသောအမတ်၊
  10. ဂေါဂေါ- သံပျင်ခေါ် သို့မဟုတ် မြို့သူကြီးခေါ်ရွာအများကိုကြီးကဲသောအမတ်၊
  11. စရော- သူလျှိုစုံထောက်အမတ်၊
  12. ဒူတော- တမန်တော်အမတ်(သံအမတ်၊)
  13. ဂဏကော- ဂဏန်း ဟူးရားတတ်အမတ် စာရင်းစစ်မင်းကြီး၊
  14. လေခကော- စာရေးကြီးအမတ်။