မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Amazon Alexa သည် Amazon မှ ထုတ်လုပ်ထားသည့် virtual assistant တစ်ခု ဖြစ်သည်။ ၎င်းကို Amazon Lab126 က တီထွင်ထုတ်လုပ်ထားသည့် Amazon Echo နှင့် Amazon Echo Dot smart speakers များတွင် ပထမဆုံး အသုံးပြုခဲ့ကြသည်။ ၎င်းသည် အသံဖြင့်လုပ်ဆောင်နိုင်စွမ်းရှိသည်။ သီချင်း၊ လုပ်ဆောင်ရန်စာရင်းများ ပြုလုပ်ခြင်း၊ အသိပေးချက်များ ပြုလုပ်ခြင်း၊ streaming podcasts၊ audiobooks များ ဖွင့်ခြင်း၊ ရာသီဥတု၊ ယာဉ်အသွားအလာ၊ အားကစား၊ အခြားသော အချိန်နှင့်တစ်ပြေးညီ ဖြစ်သည့် သတင်းကဲ့သို့သော သတင်းအချက်အလက်များကို ဆောင်ရွက်ပေးနိုင်သည်။ Alexa သည် များစွာသော smart devices များကို home automation စနစ်အနေဖြင့်လည်း ထိန်းချုပ်နိုင်သည်။ အသုံးပြုသူများသည် Alexa ၏ လုပ်ဆောင်နိုင်စွမ်းကို တိုးချဲ့နိုင်သည်။ third-party vendors ကထုတ်လုပ်ထားသည့် လုပ်ဆောင်ချက်များ ထည့်သွင်းထားသော weather programs and audio features ကဲ့သို့သော app များကို ထည့်သွင်းခြင်းသည် Alexa ၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်နိုင်သည်။

Amazon Alexa
ဆော့ဖ်ဝဲလ်ရေးသူ(များ)Amazon
ပထမဆုံး ဖြန့်ချိခြင်းနိုဝင်ဘာ ၂၀၁၄; ၉ နှစ် အကြာက (၂၀၁၄-၁၁)
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
Fire OS 5.0 or later, iOS 8.0 or later[၁]
အန်းဒရွိုက် 4.4 သို့မဟုတ် နောက်ပိုင်း
ပလက်ဖောင်း
ရရှိနိုင်သော ဘာသာစကား
ဆော့ဖ်ဝဲလ် အမျိုးအစားIntelligent personal assistant, cloud-based voice service
ဝက်ဘ်ဆိုဒ်developer.amazon.com/alexa

ကိုးကား ပြင်ဆင်ရန်

  1. Amazon Alexa for iPhone, iPod touch, and iPad on the iTunes App Store။ Itunes.apple.com။ 6 June 2016 တွင် ပြန်စစ်ပြီး။