လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သည် မြန်မာ့တပ်မတော်၏ စစ်လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်သည်။ “လေကြောင်းရန်ကာကွယ်ရေး” ဟူသည့် တပ်ဖွဲ့၏ အမည်နာမ၌ပင် အဓိကထမ်းဆောင်ရသော တာဝန်မှာ ပေါ်လွင်နေလေသည်။ ဖွဲ့စည်းပုံအရ တပ်မတော်(ကြည်း)၌ ပါဝင်သော်လည်း လုပ်ငန်းတာဝန်ပိုင်း၌ သဘောသဘာဝအရ တပ်မတော်(ရေ)၊ အထူးသဖြင့် တပ်မတော်(လေ)နှင့် ပို၍ဆက်စပ်မှုရှိလေသည်။
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ | |
---|---|
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ လက်မောင်းတံဆိပ် (အမြောက်တပ်ဖွဲ့တံဆိပ်နှင့်တူသည်။) | |
သစ္စာခံ | မြန်မာ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) ၊ တပ်မတော် (လေ) |
တပ် အမျိုးအစား | စစ်လက်ရုံးတပ်ဖွဲ့ |
အခန်းကဏ္ဍ | မြန်မာ့ဝေဟင်ပိုက်နက်ကာကွယ်ရေး |
တပ် အရွယ်အစား | ၄၅၀၀၀ (၂၀၂၂) |
အစိတ်အပိုင်း | ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) |
အရာရှိချုပ်ရုံး | လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်ရုံး၊ စစ်ရုံး၊ နေပြည်တော်။ |
အမည်ပြောင် | လေကာ၊ အေဒီ |
ဆောင်ပုဒ် |
|
အုပ်ချုပ်သူများ | |
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း |
အရာရှိချုပ် | ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် |
ဒု-အရာရှိချုပ် | ဗိုလ်ချုပ် နေမျိုးဦး |
ထင်ရှားသော အုပ်ချုပ်သူများ |
|
လက်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ အရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် ဖြစ်ပြီး ဒုတိယအရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် နေမျိုးဦး (စတသ-၃၄) ဖြစ်သည်။ ထို့နောက် လက်ထောက် အရာရှိချုပ် (၃)ဦးရှိပြီး၊ ကြည်း/ ရေ/ လေ တပ်ဖွဲ့ အသီးသီးမှ ဗိုလ်မှူးချုပ် အဆင့်ရှိသူ တစ်ဦးစီကို ခန့်အပ်ထားသည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ယခင်က လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ်အဖြစ် ဩဂုတ် ၂၀၁၅ ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
လေကြောင်းရန်ကာကွယ်ရေးလက်နက်များ
ပြင်ဆင်ရန်ပုံများ | အမည် | ထုတ်လုပ်သည့်နိုင်ငံ | အမျိုးအစား | အရေအတွက် | အချက်အလက် | |
---|---|---|---|---|---|---|
တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ | ||||||
FK-3 | China | တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေး | မသိရှိ | KS-1Mပရောဂျက်နှင့်ဆက်စပ်သည်။ | ||
S-200 Dubna(SA-5 Gammon) | Soviet Union | ဒုံးပစ်စနစ်၂၀ခု | မြောက်ကိုရီးယား သည်S-200 ဒုံးပစ်စနစ် အစင်း ၂၀ ခန့်ကို မြန်မာ ကို တင်ပို့ခဲ့ပါသည်။ အလုံးရေ မည်မျှ တာဝန်ထမ်းဆောင် နေသည်ကိုမသိရှိရသေးပါ။ | |||
တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ | ||||||
Pechora-2M (SA-3 Goa) | Soviet Union | တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေး | တပ်ရင်း ၈ရင်းစာ [၁][၂][၃] | ဒုံးပစ်ယာဉ် ၃၀စင်းခန့် ၂၀၁၇ [၄][၅] | ||
Kub 2K12M2 (SA-6 "Gainful") | Soviet Union | ၂၄စင်း [၄] | ဘီလာရုဇ်နိုင်ငံထံမှရရှိသည်။ | |||
Kub/Buk Kavadrat-M (SA-6 "Gainful") | Soviet Union | တပ်ရင်း ၂ရင်းစာ [၆] | ဘီလာရုဇ်နိုင်ငံထံမှ ၂၀၁၆တွင်လက်ခံရရှိသည် ။[၆] | |||
KS-1A | China | တပ်ရင်း ၇ရင်းခန့် [၆] (KS-1Aသည်တပ်ရင်း ၄ရင်းခန့်နှင့်ကျန်တပ်ရင်းများသည်KS-1Mဖြစ်သည်) | - | |||
KS-1M | Myanmar | ပြည်တွင်းတွင်လိုင်စင်ယူထုတ်လုပ်လျက်ရှိပြီး ၂၀၂၀ခုနစ်စစ်တမ်းအရ ဒုံးပစ်စနစ်၂၀ ခန့်အထက်ပိုင်ဆိုင်နေပြီဟုသိရသည်။ | ||||
S-75M3 Volga-2 (SA-2 Guideline) | Soviet Union | ၄၈ခုခန့်[၄] | ရုရှားနိုင်ငံထံမှ ၂၀၀၈ခုနစ်တွင် ဒုံးပစ်စနစ် ၄၈ခုနှင့် ဒုံးကျည် ၂၅၀ခန့်ရရှိထားသည်။ | |||
BAE Dynamics Bloodhound Mk.II[၇][၈][၉] | United Kingdom | ဒုံးပစ်စနစ် ၆၀ခုအထက် [၈][၉] | စင်္ကာပူနိုင်ငံထံမှရရှိသည်။ | |||
တာတိုပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ | ||||||
Pantsir-S1 (SA-22 Greyhound) | Russia | တာတိုပစ်လေကြောင်းရန်ကာကွယ်ရေး | မသိရှိ[၁][၂][၃][၁၀] | ရုရှားနိုင်ငံထံမှ၂၀၁၆ခုနစ်တွင်စတင်မှာယူခဲ့သည်။ | ||
TOR-M1 (SA-15 Gauntlet) | Russia | တပ်ရင်း ၃ရင်းစာ [၁၁] | မြန်မာနိုင်ငံသည် Tor ဒုံးခွင်းဒုံးစနစ် TOR-M1 ၏ အော်ပရေတာများထဲမှ တစ်ခုဖြစ်သည်။[၁၂] တာတိုလေကြောင်းရန်ကာကွယ်ရေးနည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုတွင် Tor M-1 ဒုံးခွင်းဒုံးစနစ် တပ်ရင်း ၃ရင်းရှိ၍ အရေးပါသောနေရာများအတွက် Point Defense အခန်းကဏ္ဍတွင် တပ်စွဲထားသည်။[၁၁] | |||
2K22M Tunguska (SA-19 "Grison") | Russia | ၄၁စင်း [၆] | ၂၀၀၄ မှ ၂၀၀၇ ခုနှစ်အတွင်း ရုရှားထံမှ ၃၈ စီးနှင့် [၆] ၂၀၁၉ ခုနှစ်တွင် ယူကရိန်းမှ ၃ စီး[၁၃] | |||
MADV | Myanmar | ၂၅၀အထက် (၂၀၁၆ခုနစ်စစ်တမ်း) | MADV ( Myanmar Air Defense Vehicle )ခေါ် နောင်ရိုးဂျစ်အခြေခံသော Igla-S ဒုံးတင်ယာဉ်များဖြစ်သည်။[၁၁] နောင်ရိုးဂျစ်များကို တပ်မတော်က ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပြီး သံချပ်ကာ အပေါ့စားယာဉ်အဖြစ်လည်းကောင်း၊ အမိန့်ပေးယာဉ်အဖြစ် လည်းကောင်း စစ်ဆင်ရေးလိုအပ်ချက်အပေါ်မူတည်ကာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယာဉ်၏ ပေါ့ပါးသော ဝန်နှင့် ထိရောက်သော လေကာစနစ်တပ်ဆင်ထားသောကြောင့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များအတွက် အားကိုးရသော Mobile လေကာစနစ်တစ်မျိုးဖြစ်သည်။ တပ်ဆင်ထားတဲ့ လေကာစနစ်သည်လည်း ပြည်တွင်းထုတ် တာတိုပစ် ဒုံးစနစ်ဖြစ်ပြီးတပ်မတော်လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များကို အလုံအလောက် တပ်ဆင်ပေးထားနိုင်ပြီးလည်း ဖြစ်သည်။[၆] | |||
MADV -2 | Myanmar | ၁၈၀အထက် | ||||
လူသယ်ယူနိုင်သော လေကြောင်းရန်ကာကွယ်ရေးစနစ် | ||||||
Igla-1E (SA-16 Gimlet) | Bulgaria Myanmar |
လူထမ်းတာတိုပစ် လေကြောင်းရန်ကာကွယ်ရေး လောင်ချာ | ၂၁၀၀အထက်[၆] | အနိမ့်ပျံယာဉ်များသာထိရောက်နိုင်သော မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်။ SA-16 အစီးရေ 100 ကို Bulgaria မှ 1999 ခုနှစ်တွင် ရရှိခဲ့ပါသည်။ 2000 ခုနှစ်မှ 2004 ခုနှစ်အတွင်း TOT ဖြင့် ပြည်တွင်းတွင် ထုတ်လုပ်သော SA-16 အစီးရေ 2000ခန့်[၆] | ||
Igla (SA-18 Grouse) | Russia | ၅၀၀အထက်[၄][၁၄] | ပြည်တွင်းလိုင်စင်ယူထုတ်လုပ်လျက် | |||
Igla-S (SA-24 Grinch) | Russia | ၄၀၀[၄] | ခြေလျင်တပ်များအတွက် အသုံးပြု | |||
HN-5A | China | ၂၀၀[၁၅][၄] | ၁၉၉၂နှင့်၁၉၉၀ဝန်းကျင်ကာလများတွင် လက်ခံရရှိ |
လေယာဉ်ပစ်သေနတ်များနှင့် ဒရုန်းကာကွယ်ရေးလက်နက်များ
ပြင်ဆင်ရန်ပုံများ | အမည် | ထုတ်လုပ်သည့်နိုင်ငံ | အမျိုးအစား | အရေအတွက် | အချက်အလက် |
---|---|---|---|---|---|
Type-87 | China | လေယာဉ်နှင့်ဒရုန်းပစ်စက်သေနတ် | ၃၈၀[၁၆] | ဆိုဗီယက်၏ တရုတ်ဗားရှင်း ZU-23-2 25x183mmB calibre။ | |
Type-74 | China | ၂၄[၁၄] | ၃၇မီလီမီတာကျည်သုံး | ||
Type 59[၁၄] | China | မသိရှိ | ၅၇မီလီမီတာကျည်သုံး | ||
MR-4 | Romania | ၂၀၀[၄] | ZPU-4၏ ရိုမေးနီးယား ဗားရှင်း။ | ||
MAA-01 35 mm anti-aircraft gun[၁၇] | Myanmar | ၁၀၀ခန့် (၂၀၂၀)[၁၇] | တရုတ်အကူအညီဖြင့် ပြည်တွင်း၌ ထုတ်လုပ်သည်။ တရုတ် Type-90 35 mm အမွှာ AA သေနတ်နှင့် ဆင်တူသည်။[၁၇] | ||
25 mm self-propelled anti-aircraft guns | Myanmar | မသိရှိ | ပြည်တွင်းထုတ် TOT ဖြင့် ထုတ်လုပ်သောတရုတ် Type-87 25 mm အမွှာ AA သေနတ်များကိုDongfeng EQ-2102 ထရပ်ကားများတွင် တပ်ဆင်ထားသည်။ လေယာဉ်ပစ်အမြောက်/လေကြောင်းရန်ကာကွယ်ရေးဌာနတစ်ခုစီတွင် AA သေနတ်များတပ်ဆင်ထားသော တပ်ရင်းသုံးရင်းပါရှိသည်။[၄] | ||
ZPU | Myanmar | မသိရှိ | ရုရှားနိုင်ငံထုတ် ZPU များအားလိုင်စင်ယူ၍ပြည်တွင်း၌ထုတ်လုပ်သည်။ |
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်လေကြောင်းရန်ကာကွယ်ရေး အရာရှိရုံးချုပ်အား နေပြည်တော်တိုင်းစစ်ဌာနချုပ်(အတိုကောက် နပတ) လက်အောက်တွင်ထားရှိပြီး တိုက်ရိုက်ကွပ်ကဲသည်။ လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ်ရုံး၏ လက်အောက်တွင် လေကြောင်းရန်ကာကွယ်ရေး သင်တန်းကျောင်း (၁)ခုနှင့် လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၉)ခု ရှိသည်။ သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးများ အားလုံးသည် ဗိုလ်မှူးချုပ် အဆင့် ရှိသူများဖြစ်သည်။
လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တစ်ခုစီတွင် တပ်ဖွဲ့၏ မူလ တပ်ရင်းများဖြစ်သည့် -
- လေကြောင်းရန်ကာကွယ်ရေးသတိပေးတပ်ရင်း (၁)ရင်း၊
- လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း ( ၁၀ )ရင်း
စသည်တို့ ပါဝင်ဖွဲ့စည်းထားသည့်အပြင် အထောက်အကူပြု တပ်များအဖြစ် အခြားတပ်ဖွဲ့များမှ တွဲဖက်ပေးထားသည့် -
- လေကြောင်းရန်ကာကွယ်ရေး ဆက်သွယ်မှုတပ်ရင်း (၁)ရင်း၊
- လေကြောင်းရန်ကာကွယ်ရေး အီလက်ထရွန်းနစ်စစ်ဆင်မှုတပ်ရင်း (၁)ရင်း၊
- လေကြောင်းရန်ကာကွယ်ရေး ယန္တရားတပ်ရင်း (၁)ရင်း၊
- လေကြောင်းရန်ကာကွယ်ရေး အလုပ်ရုံတပ် (၁)တပ်
စသည်တို့ကိုလည်း ပါဝင်ဖွဲ့စည်းထားသည်။
ကွပ်ကဲမှုဌာနချုပ်များ
ပြင်ဆင်ရန်- အမှတ်(၁)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၂)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၃)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၄)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၅)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၇)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၈)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
လက်ရှိ လေကြောင်းရန်ကာကွယ်ရေး လက်နက်ကြီးများ
ပြင်ဆင်ရန်-
ဆိုဗီယက်ယူနီယံထုတ် 9K333
-
ဆိုဗီယက်ယူနီယံထုတ်9K37 Buk
-
ရုရှားနိုင်ငံထုတ်Pantsir
-
ဆိုဗီယက်ယူနီယံထုတ်Zu-23-2
-
ရုရှားနိုင်ငံထုတ် Pechora-2M လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်
-
ယူနိုက်တက်ကင်းဒမ်းနိုင်ငံထုတ် BAe Dynamics Bloodhound Mk.II
-
ဆိုဗီယက်ယူနီယံထုတ် SA-2
-
တရုတ်ပြည် ထုတ် KS-1A လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်
-
ဆိုဗီယက်ယူနီယံထုတ် SA-6
-
ဆိုဗီယက်ယူနီယံထုတ် 9K38 Igla
-
ဆိုဗီယက်ယူနီယံထုတ် SA-19
-
ဆိုဗီယက်ယူနီယံထုတ် Type-74
-
လေယာဉ်ပစ်သေနတ်များ
-
ဆိုဗီယက်ယူနီယံထုတ် KPV စက်သေနတ်
အခြားလေ့လာရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Army Recognition (23 January 2021)။ Myanmar to get Russian Pantsir-S1 air defense systems။ 23 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 January 2021 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Tass (23 January 2021)။ Russia to supply air defense systems Pantsir-S1 to Myanmar။ 23 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 January 2021 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ New Defence Order Strategy (23 January 2021)။ Myanmar to Obtain Pantsir-S1 & Orlan-10E။ 23 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 January 2021 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ ၄.၅ ၄.၆ ၄.၇ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedasiapacificdefencereporter.com
- ↑ Unique surface-to-air missile baffles foreign military diplomats in Egypt (18 October 2006)။ 2 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 November 2014 တွင် ပြန်စစ်ပြီး။
- ↑ ၆.၀ ၆.၁ ၆.၂ ၆.၃ ၆.၄ ၆.၅ ၆.၆ ၆.၇ Trade-Register-1971-2018.rft။ 13 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-04-21 တွင် ပြန်စစ်ပြီး။
- ↑ Selth, Andrew (2002): Burma's Armed Forces: Power Without Glory, Eastbridge. ISBN 1-891936-13-1
- ↑ ၈.၀ ၈.၁ Selth, Andrew (2000): Burma's Order of Battle: An Interim Assessment. ISBN 0-7315-2778-X။ 14 September 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 November 2014 တွင် ပြန်စစ်ပြီး။
- ↑ ၉.၀ ၉.၁ International Institute for Strategic Studies (May 2007)။ The Military Balance 2007။ Routledge။ ISBN 9781857434378။
- ↑ Russia To Deliver To Myanmar Pantsir-S1 Air Defense Systems, Orlan-10E Drones (in en)။ 2021-01-22 တွင် ပြန်စစ်ပြီး။
- ↑ ၁၁.၀ ၁၁.၁ ၁၁.၂ IndraStra Global Editorial Team (2020-10-30)။ Myanmar Integrated Air Defense System။ 31 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 December 2015 တွင် ပြန်စစ်ပြီး။
- ↑ Army Recognitions (29 January 2021)။ TOR-M1 9A331 SA-15 Gauntlet Ground-to-air missile on armored vehicle။ 29 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 December 2019 တွင် ပြန်စစ်ပြီး။
- ↑ Спецтехноекспорт поставив М'янмі три "Тунгуски" по $1000 (22 September 2019)။ 22 September 2019 တွင် ပြန်စစ်ပြီး။
- ↑ ၁၄.၀ ၁၄.၁ ၁၄.၂ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedarmstrade.sipri.org
- ↑ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedrand.org
- ↑ International Institute for Strategic Studies (February 2017)။ The Military Balance 2017။ Routledge။ ISBN 9781857439007။
- ↑ ၁၇.၀ ၁၇.၁ ၁၇.၂ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedSIPRI
ဤ တပ်မတော်နှင့် သက်ဆိုင်သည့် ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |