အရိယာရှစ်ပါး ဆိုသည်မှာ မြင့်မြတ်ဖြူစင်သော ပုဂ္ဂိုလ်ရှစ်ပါးကို ခေါ်သည်။ ထိုအရိယာရှစ်ပါးဟူသည်မှာ-

  • သောတာပတ္တိမဂ်သို့ရောက်ဆဲ သောတာပတ္တိမဂ် ပုဂ္ဂိုလ် ၁ ပါး၊
  • သကဒါဂါမိမဂ်သို့ရောက်ဆဲ သကဒါဂါမိမဂ်ပုဂ္ဂိုလ် ၁ ပါး၊
  • အနာဂါဒါမိမဂ်သို့ရောက်ဆဲ အနာဂါမိမဂ်ပုဂ္ဂိုလ် ၁ ပါး၊
  • အရဟမတ္တမဂ်သို့ရောက်ဆဲ အရဟတ္တမဂ်ပုဂ္ဂိုလ် ၁ ပါး၊
  • သောတာပတ္တိဖိုလ်သို့ရောက်နေသော သောတာပန်ပုဂ္ဂိုလ် ၁ ပါး၊
  • သကဒါဂါမိဖိုလ်သို့ရောက်နေသော သကဒါဂါမ် ပုဂ္ဂိုလ် ၁ ပါး၊
  • အနာဂါမိဖိုလ်သို့ရောက်နေသော အနာဂါမ်ပုဂ္ဂိုလ် ၁ ပါး၊
  • အရဟတ္တဖိုလ်သို့ရောက်နေသော ရဟန္တာပုဂ္ဂိုလ် ၁ ပါးဟူ၍ မဂ်ပုဂ္ဂိုလ် လေးပါး၊ ဖိုလ်ပုဂ္ဂိုလ် လေးပါး၊ ပေါင်း အရိယာ ရှစ်ပါး ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)