အရှိကန် (芦ノ湖, Ashi-no-ko, ဟခိုနဲကန် သို့မဟုတ် အရှိနိုခိုကန် ဟုလည်း ခေါ်ကြသည်) သည် ဂျပန်နိုင်ငံ၊ ဟွန်းရှူးပြည်နယ်၊ ခနဂဝစီရင်စုရှိ ဟခိုနဲဒေသတွင် တည်ရှိသည့် လှပသည့် ကန်တစ်ခု ဖြစ်သည်။ အိုးဝခုဒနိတွင် ၁၁၇၀ CE ၌ ဟခိုနဲတောင်သည် နောက်ဆုံးပေါက်ကွဲခဲ့သည့်အခါ၌ ဖြစ်ပေါ်လာခဲ့သည့် ရေတံခွန် ဖြစ်သည်။ ဟိုတယ်အသေးစားများ၊ သမိုင်းဝင်နေရာများနှင့် များစွာသော ရပူစမ်းများလည်း ရှိပြီး ဖူဂျီတောင်၏ မြင်ကွင်းကိုလည်း ကြည့်ရှုနိုင်သည့်အတွက်ကြောင့် ဤရေကန်သည် ကျော်ကြားသည်။ ရေကန်သည် ကျိုတိုမြို့နှင့် တိုကျိုမြို့ကို ဆက်သွယ်ထားသည့် တိုးခိုင်ဒိုးလမ်းပေါ်တွင် တည်ရှိသည်။ ရေကန်တွင် အပျော်စီးလှများနှင့် ဖယ်ရီများရှိပြီး ခရီးသွားများအတွက် လှပသည့်မြင်ကွင်းများကို ကြည့်ရှုခံစားနိုင်အောင် ဆောင်ရွက်ပေးထားသည်။ လှေများစွာ၏ ဒီဇိုင်းနှင့်ပုံစံသည့် စစ်အတွင်းအသုံးပြုခဲ့သည့် ဒီဇိုင်းများအတိုင်း ပြုလုပ်ထားသည်။

အရှိကန်
芦ノ湖
Lake Ashi and Hakone Shrine
Location of Lake Ashi in Japan.
Location of Lake Ashi in Japan.
အရှိကန်
芦ノ湖
တည်နေရာKanagawa Prefecture, Honshū
ကိုဩဒိနိတ်35°12′35″N 139°0′16″E / 35.20972°N 139.00444°E / 35.20972; 139.00444ကိုဩဒိနိတ်: 35°12′35″N 139°0′16″E / 35.20972°N 139.00444°E / 35.20972; 139.00444
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများJapan
မျက်နှာပြင် ဧရိယာ၇.၀၃ km2 (၂.၇၁ sq mi)
ပျမ်းမျှအနက်၁၅ m (၄၉ ft)
အနက်ဆုံး အနက်အရှိုင်း၄၃.၅ m (၁၄၃ ft)
ကမ်းခြေအလျား၂၁.၁ km (၁၃.၁ mi)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၇၂၃ m (၂,၃၇၂ ft)
ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။

လည်ပတ်ကြသူအများစုသည် ကန်သို့လာရောက်ကြသည့်အခါတွင် ထိုဧရိယာတွင် ရှိနေသည့် ဟိုတယ်များနှင့် တည်းခိုခန်းများတွင် နေထိုင်ကြပြီး ထိုဒေသရှိ လှပဆွဲဆောင်မှုရှိသည့်နေရာများကို လည်ပတ်ကြသည်။ ကန်၏ မြောက်ဘက်အစွန်နားတွင် ခရီးသည်များ နေထိုင်ရာနေရာ ရှိသည်။ ဟခိုနဲကျောင်းတော် ဂျပန်နိုင်ငံတစ်ဝန်းရှိ ရှေားဂွန်းများ (shōgun), ဆာမူရိုင်းများနှင့် ခရီးသွားများစွာတို့က လာရောက်လည်ပတ်ကြသည့် နေရာတစ်ခု ဖြစ်သည်။ အွန်ရှိဥယျာဉ်သည် နွေရာသီကာလ မိသားစုများအတွက် အပန်းဖြေရာနေရာဖြစ်ပြီး ၎င်းသည် ယခုအခါ အများပြည်သူဆိုင်ရာ ပန်းခြံတစ်ခု ဖြစ်ခဲ့သည်။[၁]

ခရီးသွားများသည် တိုဂန်းဒိုင်းမှ မိုတိုဟခိုနဲဆိပ်ကမ်းနှင့် ဟခိုနဲမြို့ဆိပ်ကမ်း ကန်၏တစ်ဖက်စီသို့ ပြေးဆွဲနေသည့် သင်္ဘောများဖြင့် ဟခိုနဲရှုခင်းများ၏ အလှကို မြင်တွေ့နိုင်သည်။ ထိုရေကြောင်းလိုင်းကို ၁၉၅၀ ခုနှစ်တွင် စတင်ခဲ့သည်။

ဂျပန်ဘာသာစကားအားဖြင့်芦(အရှိ) သည် “ကျူပင်” ဖြစ်ပြီး湖 (ခို) သည် “ကန်” ဖြစ်သည်။ “အရှိခို” ၏ အဓိပ္ပာယ်မှာ “ကျူကန်” ဟု အဓိပ္ပာယ်ရသည်။ သဘာဝအတိုင်း လှပစွာ တည်ရှိနေမှုသည် ခြေလျင်လျှောက်သူများအကြားတွင် ကျော်ကြားသည်။ လမ်းခရီးသည် လမ်းကြောင်းများစွာ ရှိပြီး အဆင့်များစွာ ရှိသေးသည်။

ရုပ်ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Hakone Ropeway။ Odakyu Electric Railway။ February 8, 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 6, 2007 တွင် ပြန်စစ်ပြီး။