အလင်းသန့် ကိရိယာ (ခေါ်) ပိုလာရီစကုတ် (Polariscope) သည် ကျောက်မျက်ရတနာတို့ကို အမျိုးအစားခွဲခြား စစ်ဆေးရာတွင် ထိရောက်စွာ အသုံးပြုနိုင်သည့် ကိရိယာဖြစ်သည်။ အခြေခံသဘောတရားအားဖြင့် ကျောက်မျက်တစ်မျိုးချင်းစီတွင်ရှိသည့် မတူညီသော အလင်းယိုင်ညွှန်းကိန်းနှင့် ပုံဆောင်စနစ်တို့ကို ခွဲခြားခြင်းဖြစ်သည်။

ဤကိရိယာတွင် ပိုလာရွိုက် (ခေါ်) အလင်းသန့်ပြား နှစ်ချက်ပါရှိပြီး တစ်ချပ်နှင့်တစ်ချပ် အလင်းတုန်ခါလမ်းကြောင်း ထောင့်မှန်ကျ တပ်ဆင်ထားသည်။ အများအားဖြင့် အောက်ခြေမှန်ချပ်ကို အသေတပ်ဆင်ထားပြီး အပေါ်မှန်ချပ်ကိုသာ လှည့်လည်နိုင်ရန် အရှင်တပ်ဆင်ထားကြသည်။ ကိရိယာအိမ်၏ အောက်ဆုံးတွင် မီးလုံးတစ်လုံးကို တပ်ဆင်သည်။

အသုံးပြုပုံ ပြင်ဆင်ရန်

  1. မီးခလုတ်ကိုဖွင့်ပြီး အပေါ်စီးမှကြည့်လျှင် မှောင်ကျသွားသည့် အခြေအနေရောက်သည်အထိ (အပေါ်)မှန်ချပ်ကို လှည့်ပါ။
  2. စမ်းသပ်မည့် ကျောက်မျက်ကို အောက်ခြေမှန်ချပ်ပေါ်တွင်တင်၍ လှည့်ပါ။
  3. ၃၆၀ ံ လှည့်ပြီးနောက် စမ်းသပ်နေသော ကျောက်မျက်တွင် အလင်းနှင့်အမှောင် တစ်လှည့်စီဖြတ်သန်းနေသည်ကို တွေ့ရပါမည်။

ရလဒ် ပြင်ဆင်ရန်

ထိုသို့ စမ်းသပ်ပြီးနောက် အောက်ပါ ရလဒ်များကို ရရှိနိုင်သည်။

(က) အလင်းတစ်ခုယိုင်ခြင်း ပြင်ဆင်ရန်

၃၆၀ ံလှည့်ရာတွင် ကျောက်သည် လုံးဝအမှောင် (သို့) အမှောင်အစင်းတန်းများကိုသာ တစ်ပတ်လုံးတွေ့ရမည်။

(ခ)အလင်းနှစ်ခုယိုင်ခြင်း ပြင်ဆင်ရန်

မှောင်ခြင်း နှင့် လင်းခြင်းကို ၄၅ ံ အနေအထားတိုင်းတွင် တွေ့ရမည်။

(ဂ)ပုံဆောင်ခဲအစုအဝေး (သို့) အောင်းဝင်ကျောက်များပြားသော ကျောက် ပြင်ဆင်ရန်

ကျောက်သည် ၃၆၀ ံအပြည့် လင်းနေမည်။