ကတ္တား(အကြောင်း/အကျိုး) ᠌᠌᠌

===========

၁။ ကာမာဝစရကုသိုလ်  ᠌᠌

~~~~~~~~~~~~~~~~

ကုသိုလ်ကာမ သဘာဝ

မှတ်ကြ ဤတိုင်းသာ။

တက်အားသမျှ ပေးလှူက

ဒါန မည်သည်သာ။

ပတ္တိဒါန လက်ဆောင်ငှ အမျှဝေလေပါ။

ပတ္တာနုမော စိတ်ရွှင်ဇော

ခေါ်သော သာဓုသာ။

ငါးပါးသိက္ခာ သီလမှာ

ကောင်းစွာ ထိမ်းလေပါ။

သက်ရွယ်ဂုဏ်ပွား ရိုသေငြား

မှတ်သား ပစာယာ။

ကောင်းမှုကိစ္စာ အကျိုးပါ

မှတ်ပါ ဝေယျာဝေစ္စသာ။

နုဿတိရှစ် သညာတစ် တယစ် ဝဝတ္ထာ၊

ဘာဝနာဒသ သမထ

မှတ်ကြ ကာမာဝစရာ။

တရားနာကြ ကျိုးဟုံပြ ဓမ္မသဝနာ။

တရားဟောက ကောင်းကျိုးရ

ဓမ္မဒေသနာ။

ကံဉာဏ်အားရှိ ဖြောင်မှန်ဘိ ဒိဋ္ဌိဥဇုကာ။

ကာမာဝစရ ကံသုက္က ဖြူစွ ကုသလာ။

ကာမနယ်ကျုံ ခွန်နှစ်ဘုံ အဟုံရှိသည်သာ။

အဟုံရှိသမျှ ခံစားကြ

လျောကြ ပါယ်လေးရွာ။

သံသရာမှာ တခြာခြာ ရှည်ကြာရမည်သာ။

သင်္ခါရပင် စစ်တန်းတင်

ထင်မြင် သိလေပါ။ ကာမကုသိုလ်

အစွမ်းကို အတို မှတ်လေပါ။ ။

၂။ ရူပါဝစရကုသိုလ် ᠌᠌᠌

~~~~~~~~~~~~~~~~

ကုသိုလ်ရူပ သဘာဝ မှတ်ကြ

ဤနည်းသာ။ ရှစ်ပါးသိက္ခာ

သီလမှာ ကောင်းစွာ  ထိမ်းကြပါ။

ကသိုဏ်း အသု နှစ်ဆယ်ရှု

လေးခု ဗြဟ္မစိုရ်။ ကာယဂတာ

အာနာပါ နှစ်ဖြာရောစေလို။

နှစ်ဆယ်ခြောက်ဖြာ ဘာဝနာ

ရူပါပေါင်း၍ဆို။ ဗလိဗောဓ

နှစ်ဆယ်မျှ ပယ်ရသေးသည်သာ။

တဆယ့်ရှစ်ပါး အရပ်များ ပယ်ရှား

ရှောင်ကြဉ်ခွါ။

အင်္ဂါငါးတန် ပြည့်ညီလျှံအပ် ဆရာမြတ် ဆည်းကပ်ကောင်းလေပါ။ကုသိုလ်ရူပ

ထမြောက်က ရောက်ကြ ဗြဟ္မရွာ။

ကြောင်းရှိသမျှ ကျိုးခံရ ပုညကြိယာ။ ။

၃။ အရူပါဝစရကုသိုလ်᠌᠌᠌

~~~~~~~~~~~~~~~~

အရူပမှာ ဘာဝနာ လွန်စွာ အားကြီးပါ။

ဆယ်ပါးသိက္ခာ

သီလမှာ ကောင်းစွာ ထိမ်းကြပါ။

ဘာဝနာမှာ လေးပါးသာ ပွားပါ အရူပါ။

ကုသိုလ်ရူပ ပထမ ခံမှ ရနိုင်ပါ။

အရူပကံ

ထမြောက်ပြန် မှတ်ရန် ဗြဟ္မရွာ။

ကုသိုလ်ကုန်က

ဆုတ်ပျက်ကျ ဒုက္ခ အဖြာဖြာ။

သံသရာထဲ တဝဲဝဲ မှတ်စွဲ သင်္ခါရာ။

မဂ္ဂဖလ နိဗ္ဗာန မရသူနှင့်သာ။

သုတလိုလား

အမျိုးသား ကြိုးစား မှတ်ကြပါ။ ။

၄။ ပါရမီကုသိုလ် ᠌᠌

~~~~~~~~~~~~~~~

ဆယ်ပါရမီ မဂ်ဖိုလ်မှီ

ရွှင်ကြည်ကျင့်ကြောင်းသာ။

ကျင့်ဝတ်မှတ်စွဲ သံသာထဲ

မလွဲလွတ်နိုင်ပါ။

ကိလေသာကုန်ခန်း

နိဗ္ဗာန်နန်း စန်မြန်းရမည်သာ။ ။

 ရွှေမင်းဝံ ငှက်တွင်းဆရာတော်

ဘုရားကြီး၏နှစ် (၁၀) ကျော်က

   မူရင်းမြန်မာကဗျာလင်္ကာများ