(Biography)


Elisha Mro1
— Wikipedian —
အမည်Elisha Mro
နိုင်ငံသားမြန်မာလူမျိုး
လူမျိုးစုမြိုလူမျိုး
အရပ်အမြင့်၅'၅
ပညာရေးနှင့် အလုပ်အကိုင်
ပညာရေးB.Th

ကျွန်ုပ်သည် ၁၉၉၀ ခုနစ်ဖွား လား ဆိုတာ တိကျ မှန်ကန်စွာ ပြောပြပေးနိုင်သူ မရှိပါ ။ သို့သော် နိုင်ငံသားစီစစ်ရေးသကဒ်ပြားတွင် ၁၉၉၃ -ခုနှစ်ဖွား ဖြစ်သည်။ အဖေသည် ဦးမောင်ဘစိန်(မြိုနာမည် ဒိန်ပေါလ်)ဖြစ်ပြီး အမေသည် ဒေါ်တင်ပွဲဖြစ်သည်။ဖခင်သည် အိမ်ထောင် နှစ် (၂)ခါပြုသည်။ ပထမအိမ်ထောင်နှင့် သား ၊သမီးများလေးယောက် ထွန်းကားခဲ့သည် အကြီးဆုံးသားနှင့် သမီးသည် ရိနာရောဂါကြောင်း ဆုံးပါးသွားခဲ့ကြသည်။ ကျန်နှစ်ယောက်မှာ သားအကြီးဦးမဲကျော်( မြိုနာမည် ငင်ရွေ ၊ နှင့် သမီး ထုံကြုံ ဟူ ၍ဖြစ်သည်။ နောက်အိမ်ထောင် သည်စာရေးသူမိခင် ဒေါ်တင်ပွဲနှင့် ပြုပြန်ကာ သား ဦးသည် ကျွန်ုပ်ဖြစ်သည် နောက်ထပ် တစ်ယောက်ထွန်းကားသော်လည်းသေဆုံးခဲ့ရပြန်သည်။ ဖခင်မှာ ပထမအိမ်ထောင်သည် ကံမကောင်း၍ မိန်းမသည် သား ၊ သမီး လေးယောက်ထွန်းကားပြီးသေဆုံးခဲ့သည်။ ဒုတိယ အိမ်ထောင် လည်း သားနှစ်ယောက်ထွန်းကား၍ ဖခင်သေဆုံးခဲ့ရပြန်ကာ ညီ အစ်ကို မောင်နှမ ဘ၀အနာဂတ်မှောင်မိုက်အတိ ဖုံးလွမ်းခဲ့ရသည်။ ကျွန်ပ် တို ့ဖအေတူ မအေကွဲ ညီအစ်ကို (၃)ယောက်မှာ စာရေးသူသည် အငယ်ဆုံးဖြစ်သည်။ မိခင်သည် အလွန်ရိုးသားသော တောင်ပေါ်မြိုတိုင်းရင်းသူဖြစ်သည်။ သူမသည် ၀က်သက်ရောဂါကြောင်း စကား အ၊ နားကြားအားနည်းသည်ဖြစ်လာခဲ့ရသည်။ စကားပြောလျှင် အမူအရာအားဖြင့်ပြောဆိုရသည်။ ဖခင်သေဆုံးချိန်တွင် ကျွန်ုပ်သည် (၃) နှစ်သားအရွယ်သာရှိပြီး ဖခင် မျက်နှာတောင်မှတ်မိခြင်းမရှိနိုင်သေးပေ။ ထိုအချိန်မှစ၍ ညီ အစ်ကို တို ့ရှင် ခွဲ ခွဲခဲ့ရပြီး ယနေ့တိုင်အောင်အတူနေထိုင်မှုမရှိပေ။ မိခင်သည် အသက်ရှင်နေသော်လည်း မြိုလူမျိုးဓလေ့ထုံးတမ်းစဉ်လာအရ အမျိုးသားသေဆုံးပြီးလျှင် အမျိုးသမီးကို ကွာရှင်းပေးရသည်။ ကွာရှင်းရာမှာ ဓလေ့ထုံးတမ်းနှင့်အညီ အမျိုးသမီး ဖခင်အိမ် (သို့မဟုတ်) ဖခင်မရှိလျှင် ဆွေမျိုးတစ်ဦးဦးထံ သို ့ပြန်လည် အပ်နှံပေးရသည်။ အကယ်၍ သား ၊သမီး နိုးမဖြတ်သည့်ကလေးငယ်ရှိလျှင်မူ (၃) နှစ်မီးခင်ရင်သို ့နေခွင့်ပြုထား သည်။ (၃) နှစ်ပြည့်လျှင် မိခင်များသည် သား၊သမီး တို့ကို ပိုင်ဆိုင်ခွင့် ထုံးတမ်းဓလေ့မရှိသဖြင့် အမျိုးသား ဆွေမျိုးများထံပြန်လည်အပ်နှံရသည်။ ကျွန်ုပ်သည် ဖခင်နှင့် သေကွဲခဲ့ရသလို မိခင်နှင့်လည်း ရှင်ကွဲ ကွဲခဲ့ရချိန်တွင် သုံးနှစ်သား အရွယ်သာ ရှိနေတော့ ဂရုပြုပေးမည့်သူ မရှိတဲ့အခိုက်တန်း မှာ အစာမမှန် ၊ အိပ်ချိန်မမှန် နဲ ့အသက်ရှင်ရုံ သမယ် သာရှိပြီး ကိုယ်ခန္ဒာသန့်ရှင်း ရေးလည်း မိမိကိုယ် ကိုယ် ဂရုမစိုက်တတ်သည်ကြောင်း အနာစိမ်းပေါက်လာပြီး ထိုင်မရ ၊ လဲမရ ၊ ထမရသည်ထိဖြစ်ကာ အပုတ်နံ့ကြောင်း ယင်ကောင်၀ိုင်းအုံပြီး အနားကပ်လာမည့်သူတောင်မရှိဖြစ်ရသည်။ ယင်းအချိန်တွင် (၇) နှစ်အရွယ်ရှိတော့မယ် မှန်းဆ၏။ ထိုအချိန် တွင်ကား ကောင်းကောင်းမှတ်မိပြီ မဆောင်လောင်းရွာမှ ပြောင်းရွှေ့လာ၍ လက်ပံကိုင်း ကျေးရွာသို့ နေထိုင်လာကြသည် ။၎င်းအချိန် တွင် ကျေးလတ် ရွာ နှင့် မတူ တောများသည် လူနေအိမ် နည်းသေး၏။ အိမ်သည် ရွာ၏ ထိပ်ဘက် တွင် လျှောက်ကြသည် ယင်းအချိန်တွင် အနာစိမ်းပေါက်သည်ကို ခုထိတိုင်မြင်ယောင်မိသေးသည်။ နွယ်(စိန်ဂရိမ်း)အမည်ရှိ အပင်ကို ဦးလေးက ဆေးအဖြစ်သွားယူပေးကာ အကိုအမျိုးသမီးတို့က ၎င်းနွယ်ပင်ကို ပြုတ်ပေးပြီးလျှင် ရေချိုးပေးခဲ့သူတွေလည်းရှိသည်။ ထိုအချိန် တွင် မိခင် တစ်ခါလာ၍ကျွန်ုပ်ကိုလာကြည့်သည်။ အမေသည် ခေါ်သွားမည် အနာကောင်းမှပြန်ပို့ပေးမည် ပြောသည် ဦးလေးတို့က ခွင့်မပြု ၊ ယင်းအချိန် တွင်အမေနောက်လိုက်ခဲချင်စိတ်က အခုထိ ထင်ကျန်နေတုန်းပါဘဲ၊ မိခင်ရင်ခွင် ကို လိုလားတောင်းတခဲ့သည်မှာ ထိုအချိန်လောက် အခုတိုင် မရှိ မခံစားသေး ။နောက်တစ်ကြိမ်အမေရောက်လာတော့ အမေ့ကို မတွေ့ချင်တော့ပေ။ အကြောင်းရင်းမှာ တစ်ကိုယ်လုံး အနာစိမ်း ပေါက်၍ ဖြစ်နေချိန် လိုလားတောင်းတခဲ့သမျှဟာ မရလိုက်မိဘူရယ် ၊ ထပ်ခါ အနာသရ မဖြစ်လိုကြောင်းဖြစ်၏ ။ ဖခင်သည် အလွန်ရိုးသားသူဖြစ်ပြီး တောင်ယာလုပ်ငန်း ကို သာ လုပ်ကိုင်စားသောက် အသက်မွေး ၀မ်းကျောင်းပြုသည်။ ညီအစ်ကို မောင်နှမ လေးယောက်ရှိသည် အကြီးဆုံးမှာ ဖခင်ဖြစ်သည် ခွန်အားဗလ အကောင်းဆုံး စပါးတောင်း (၁၀)တောင်းထိ ထမ်းပို့နိုင်သည်ဟု ဦးလေးကပြောသည်။ သူ ညီအစ် ကို မောင်နှမ လေးယောက်မှာ ဖခင် (ဒိန်ပေါလ်)မောင်ဘစိန် ၊ ဦးလေး (မင်ပုန်) ဦးသာထွန်း ၊ ဦးလေး ဖွေလင် နှင့် အဒေါ်ညီနောင်တို့ဖြစ်ကြသည်။ အငယ်ဆုံး ဦးလေး ဖွေလင်သည် ရွာသူကြီး အရပ်အရာ ကျေးရွာ အကျိုးကို ဦးစီး ဦးဆောင်သူ တစ်ဦးဖြစ်သည်။သူသည် ၁၉၉၇-၈ ခုနှစ်၀န်းကျင်တွင် သေဆုံးခဲ့သည်။ ဖခင် ဒိန်ပေါလ် မှာ သား ၊သမီး ခြောက်ယောက်ထွန်းကားခဲ့သော်လည်း အသက်ရှင်ကျန်ရပ်သူ(၃) ဦးသာ ရှိသည်။ ဦးလေးမင်ပုန်(ဦးသာထွန်း) မှာ သား၊သမီး (၉)ယောက်ထွန်းကားပြီး အသက်ရှင် ရှိသူများမှာ (၈) ဦးယောကျ်ားလေးများဖြစ်သည်။ ၁။ဦး မင်းအောင် ၂။ဦးကြူဆူ ၃။ သိန်းမောင်(ကရစ်လောင်)တို့သည် ပထမအိမ်ထောင်တွင်ထွန်းကားခဲ့သော သားရတနာများဖြစ်ကြသည်။ ဒုတိယ အိမ်ထောင်မှာ သမီး တစ်ယောက်ထွန်းကားခဲ့ပြန်သော်လည်း အသက်မရှင် မိန်းမလည်း သေဆုံးခဲ့ပြန်သည်။ တတိယအိမ်ထောင် မှာ (၅) ယောက် သားရတနာများ ထပ်ထွန်းကားသည် ယင်းတို့မှာ ၁။ ဝေလောက်(မျိုးစောမျံ) ၂။ ရန်တုန် ၃။ ပန်ရန် ၄။ ရန်အင် ၅ ။ မောင််နှိုင် တို့ဖြစ်ကြသည်။ အငယ်ဆုံး ဦးလေးဖွေလင်မှာ (၃) ယောက်ထွန်းကားသော်လည်း သက်ရှိကျန်ရစ်သူသည် အမည် (လင်ရာလ်) တစ်ယောက်သာ ရှိ၍ မျိုးဆက်တုံးသွားသည်။

မိသားစုဆွေစဥ်မျိုးဆက်များ ပြင်ဆင်ရန်

ဤမိသားစုဆွေစဥ်မျိုးဆက်အ‌ကြောင်းတရားများကို နောင်လာနောက်သားများက ပြန်လည်ပြုပြင်ဖြည့်စွပ်ပေးနိုင်အောင် လည်းကောင်း ၊ မိသားစု လူဦးရေဘယ်မျှလောက်ထွန်းကားလာသည်ကိုလည်းကောင်း ၊ မသိသေးသော သူများ သိစေရန်လည်းကောင်း ၊ ဘယ်မျှလောက်မိသားစု အုပ်စုကြီးမားသည်ကိုလည်းကောင်း ၊ ဘယ်လိုဆက်နွယ်ကြသည်ကိုလည်းကောင်း မျိုးဆက်သုံးဆက် အထိလေ့လာမိသလောက် ဤမိသားစု ဒဿန ကိုရေးသားခြင်းဖြစ်သည်။လေ့လာမိသော မျိုးဆက်သုံးဆက်မှာ-

  • လိုင်စု(Lai Suu)၏-(အဖိုး)

သား-

  • ရန်စောင်(Ran Chown)၏-(အဖိုး)

သား/သမီးများမှာ - ‌

  • ယောင်ကလင်(Yon Klang)
  • ထောက်လောက်(Thot Lod)
  • တောင်ကလင်(Ton Klan)
  • ဝင်လိုင်(Van Lai)
  • ထုံမ် ဝိုင်(Tum Wai)
  • လိုင်းကလင်း (Lang KLang)

စသည်တို့ဖြစ်ြကသည်။

  • ‌ယောင်ကလင်(Yon Klang)၏

သား/သမီးများ- ၁။ဦးရွေရန် ၂။ ဦးရင်တို ၃။ ဦးရအောင်။- ဦးရွရန်အား သား/သမီး မထွန်းကား- ဦးရင်တိုအား သား/သမီးများမှာ-၁။ ဦးယုံအောင်(သား) ၂။ကလင်နန် (သား)၃။ ဦးရအောင်အား သား/သမီးများမှာ -၁။

  • ထောက်လောက်(Thot Lod)၏

သား/သမီးများ- ဦးထွန်း‌ယောင်-အား သမီးများမှာ- ပထမအိမ်ထောင်၌ ကလိတ်လုံ(သမီး) ၂။ ပလိမ်ရာလ်(သမီး) ၃။ လိုင်နာလ်(သမီး) တို့ဖြစ်ပြီး-ဒုတိယအိမ်ထောင် ၌ ၁။ စင်မ် ကိ ၂။ တက်ထီ တို့ဖြစ်သည်။

  • တောင်ကလင်(Ton Klan)၏

သား/သမီးများ- ဦးမင်ခိန် အား-သမီး မှာ- ဆိန်ရွေဖြစ်သည်။

  • ဝင်လိုင်(Van Lai)

သား/သမီးများ- ဦးမင်းနောင်- ဦးမင်းနောင်အား- သား/သမီးများမျာ -၁။မင်ရာမ်(သမီး) ၂။လိပ်လွေ (သား) တို့ဖြစ်သည်။

  • ထုံမ်ဝိုင်(Tum Wai)၏

သား/သမီးများ- ၁။ ဦးငွေအောင် ၂။ဦးမင်ရွေ ၃။ဦးရွေပုန်။- ၁။ဦးငွေအောင်အား- သား/သမီးများမှာ -၁။ မစောခိုင်(ကောဆောင်)(သမီး)၂။ ပေါက်ပါမ်(သမီး) တို့ဖြစ်သည်။ ၂။ ဦးမင်ရွေအား-သား/သမီးများမှာ-၁။ထွန်းနိုင်ဦး(နော)(သား) ၂။ မဦးစိန် (ကူသိုင်မ်)(သမီး) ၃။ နဲ (သမီး) တို့ဖြစ်သည်။ ၃။ဦးရွေပုန်အား-သား/သမီးများမှာ- ၁။တုံမ်မုံ (သမီး) ၂။ ထီလှိုင်(သမီး) ၃။ ကလင်ရမ်(သမီး) ၄။ ထီပါမ် (သမီး) ၅။အာဒီ (သား) တို့ဖြစ်သည်။

  • လိုင်းကလင်း(Lang klang)၏ (ကျွန်ုပ်အဖိုး)

သား/သမီးများ- ၁။ဒိန်ပေါလ်(ဦးမောင်ဘစိန်) ၂။ ညီနောင်(သမီး) ၃။မင်ပုန်(ဦးသာထွန်း) ၄။ ဖွေလင် ။- ၁။ ဦးမောင်ဘစိန်အား -သား/သမီးများမှာ- ပထမ (အိမ်ထောင်)၌ ၁။ ဦးမဲကျော်(ငင်ရွေ) (သား) ၂။ ထုံကြုံ (သမီး) တို့ဖြစ်ပြီး -ဒုတိယ(အိမ်ထောင်) ၁။ သာလှ(ပန်ရာလ်) ဖြစ်သည်။ ၂။ ဦးသာထွန်းအား- သား/သမီးများမှာ- ပထမ(အိမ်ထောင်) ၌ ၁။ ဦးမင်းအောင် ၂။ ဦးကြူဆူ ၃။ ဦးသိန်းမောင်(ကရက်လောင်) တို့ဖြစ်ပြီး ဒုတိယ(အိမ်ထောင်)၌ သား/သမီးများ မရှိ ၊ တတိယ(အိမ်ထောင်) ၌ သား/သမီးများမှာ- ၁။ ဝေလောက်(မျိုးစောမျံ) ၂။ ရန်တုန် ၃။ ပန်ရန် ၄။ ရန်အင် ၅။ မောင်နှံ တို့ဖြစ်သည်။



ကိုးကား ပြင်ဆင်ရန်

[၁]

  1. မိသားစု မျိုးဆက်များကို ဦးရွေရန် ကပြောပြပေးခြင်း