လောတ

လောတသည် အာဗြဟံ၏တူဖြစ်သည်။

လောတ ပြင်ဆင်ရန်

လောတ​ဟာ ခါနာန်ပြည်​မှာ ဦးလေး​ဖြစ်သူ အာဗြဟံ​နဲ့ အတူနေ​တ​ယ်။ တဖြည်းဖြည်းနဲ့ အာဗြဟံ​နဲ့ လောတ​မှာ တိရစ္ဆာန်တွေ တိုးပွား​လာပြီး တိရစ္ဆာန်​အားလုံး​အတွက် စားကျက် မလုံလောက်​တော့ဘူး။ အာဗြဟံ​ဟာ လောတ​ကို ‘ငါ​တို့ တစ်နေရာ​တည်းမှာ အတူနေ​လို့ မဖြစ်တော့ဘူး။ မင်း​သွား​ချင်တဲ့​နေရာ​ကို အရင်​ရွေး​ပါ။ ပြီးမှ ငါ တခြားနေရာ​သွားမယ်’ လို့ ပြောလိုက်​တ​ယ်။ အာဗြဟံ​ဟာ တစ်ကိုယ်​ကောင်း​မ​ဆန်​ဘဲ ကြင်နာတတ်သူ မဟုတ်လား။

သောဒုံ​မြို့​နဲ့ နီးပြီး စိမ်း​စို၊ ရေ​ပေါတဲ့ နေရာကောင်း​တစ်ခုကို လောတ​တွေ့​သွားတယ်။ ဒါနဲ့ အဲဒီ​နေရာ​ကို သူ​ရွေး​လိုက်​ပြီး မိသားစု​လိုက် ပြောင်းရွှေ့​သွားတယ်။

သောဒုံ​မြို့သား​တွေနဲ့ အနီး​တ​ဝို​က်​က ဂေါမောရ​မြို့​သားတွေ​ဟာ အရမ်း​ကို ဆိုးသွမ်း​ကြ​တ​ယ်။ ဆိုး​လွန်း​အားကြီး​လို့ အဲဒီမြို့​တွေကို ဖျက်ဆီး​ဖို့ ယေဟောဝါ ဆုံးဖြတ်​လိုက်တယ်။ ဒါပေမဲ့ လောတ​နဲ့ မိသားစု​ကို ယေဟောဝါ ကယ်တင်​ချင်​လို့ ကောင်းကင်တမန်​နှစ်ပါး​ကို စေလွှတ်​ပြီး ‘ဒီ​မြို့​က မြန်မြန်​ထွက်သွား​ကြ။ ဒီ​မြို့​ကို ယေဟောဝါ ဖျက်ဆီး​တော့မှာ’ လို့ သတိပေး​ခိုင်း​တ​ယ်။

လောတ​ဟာ ချက်ချင်း​မ​ထွက်​ဘဲ အချိန်ဆွဲ​နေတယ်။ ဒါနဲ့ ကောင်းကင်တမန်တွေက လောတ၊ သူ့​ဇနီး​နဲ့ သူ့​သမီး​နှစ်ယောက်​ကို မြို့ပြင်​ကို ဆွဲထုတ်​လာပြီး ‘ပြေး​ကြ။ အသက်ရှင်ချင်​ရင် နောက်လှည့်​မကြည့်​နဲ့။ လှည့်ကြည့်​ရင် သေ​မယ်’ လို့ ပြောတယ်။

ဇော​ရ​မြို့​ကို သူတို့​ရောက်တဲ့​အခါ ယေဟောဝါဟာ သောဒုံ​မြို့​နဲ့ ဂေါမောရ​မြို့​အပေါ် ကန့်နဲ့မီး ရွာ​ကျ​စေတယ်။ မြို့​နှစ်မြို့​စလုံး ပြာ​ကျ​သွားတယ်။ လောတ​ရဲ့​ဇနီးဟာ ယေဟောဝါ​စကား နားမထောင်​ဘဲ နောက်လှည့်​ကြည့်​လိုက်တာ ဆား​တိုင်​ဖြစ်သွား​ပါ​လေရော။ လောတ​နဲ့  သမီး​နှစ်ယောက်​က​တော့ ယေဟောဝါ​စကား နားထောင်​လို့ မသေကြဘူး။ လောတ​ရဲ့ဇနီး ဆား​တိုင်​ဖြစ်သွား​လို့ လောတ​ရော သမီး​တွေပါ ဝမ်းနည်း​ကြ​မှာဖြစ်​ပေ​မဲ့ ယေဟောဝါရဲ့ သတိပေးချက်​တွေကို နားထောင်​ခဲ့လို့ သူတို့ ဝမ်းသာ​ခဲ့ကြ​မှာပါ။