ဝီကီပီးဒီးယားမှ နွေးထွေးစွာ ကြိုဆိုပါတယ် Spongy101010 ! ပြင်ဆင်ရန်

--Welcome-Bot (ဆွေးနွေး) ၀၆:၃၀၊ ၂၃ စက်တင်ဘာ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

အင်္ဂါဂြိုဟ်သို့ဒုတိယ‌ခြေလှမ်း ပြင်ဆင်ရန်

1971 မေလ ၁၉ရက်နေ့တွင် ဆိုဗီယက်ပြည်ထောင်စုမှ ပထမဆုံးအကြိမ်လွှတ်တင်ခဲ့သောMars2 landerသည်သဂြိုဟ်မျက်နှာပြင်သို့ဆင်းသက်နေခစဉ်တွင် ထိခိုက်ပြီးပျက်ကျခဲ့သည်။ သို့သော် ဒူတိယအကြိမ်လွှတ်တင်မှုဖြစ်သည့် 1971 မေလ28ရက်နေ့တွင် လွှတ်တင်ခဲ့ သည့်Mars3landerသည်1971ဒီဇင်ဘာလ2ရက်နေ့တွင်အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီး ပထမဆူံးဆင်းသက်ခဲ့သည့် လူမဲ့အာကာသယာဉ်ဖြစ်လာခဲ့သည်။NASA ရဲ့လက်ရှိအစီအစဉ်အရ 2030-40ခုနှစ်အတွင်း ပထမဆုံးသော လူသားပါဝင်မည့်အဂ်ါဂြိုဟ်မစ်ရှင်ကိုလုပ်ဆောင်မည် ဟုသိရသည်။ ထိုတာဝန်တွင် အာကာသယာဉ်မှူးများအား ဂြိုဟ်ပေါ်သို့စေလွှတ်လေ့လာစေခြင်း၊ ဂြိုဟ်ပတ်လမ်းကြောင်းတွင်လည်ပတ်ပျံသန်းခြင်းနှင့် ကမ္ဘာသို့ပြန်ပို့ပေးခြင်း လုပ်ငန်းစဉ်များ ပါဝင်မည်ဖြစ်သည်။ ပထမဆုံးလူလိုက်ပါစူးစမ်းမည့်တာဝန် အတွက် အခြေခံလုပ်ငန်းများလည်းစတင်ပြီး လုပ်ကိုင်နေကြပြီဖြစ်သည်။ အဂ်ါဂြိုဟ်ပေါ်တွင် စေလွှတ်ထားပြီးဖြစ်သည့် အာကာသစူးစမ်းရေးယာဉ်သည် ရေဒီယိုသတ္တိကြွမှုနှုန်းများကိုစောင့်ကြည့်လေ့လာနေပြီး ထိုအချက်အလက်များပေါ်မူတည်၍ အာကာသအေဂျင်စီများအနေဖြင့် အဂ်ါဂြိုဟ်ပေါ်သိုလွှတ်တင်မည့် အာသာယာဉ်များ၏ခံနိုင်ရည်နှင့် လူသားများ ထိုဂြိုဟ်အသစ်တွင်သင့်တင့်လျောက်ပတ်စွာ အသက်ရှင်နေရန် လုပ်ဆောင်ကြရသည်။နိုင်ငံတကာအာကာသစခန်း(ISS)ရှိ အာကာသယာဉ်မှူးများသည် အာကာသအလွန်အတွင်းဆက်သွယ်ရေးလုပ်ငန်းများပြုလုပ်နိုင်ရင် စမ်းသပ်နေကြပြီး ဇီဝဗေဒပညာရှင်များက အာကာသအတွင်းအချိန်ကြာမြင့်စွာနေထိုင်မှုကြောင့်ပြောင်းလဲနိုင်သည့် ထိုအာကာသယာဉ်မူးများ၏ ကျန်းမာရေးအခြေအနေများကို စောင့်ကြည့်လေ့လာနေကြရသည်။ လက်ရှိနည်းပညာအရ အဂ်ါဂြိုဟ်ပေါ်သို့သွားရန် ၈လခန့် ၊အပြန် ၈လခန့်ကြာမြင့်မည်ဖြစ်ပါသည်။ ထို့အချိန်ကြာမြင့်မှုကိုလျော့ချနိုင်ရန်အတွက် ၂၀၁၄ခုနှစ်တွင် အာကာသအေဂျင်စီတခုမှ ခရီးတွင်ပို့ဆောင်မည့်လူများအား အချိန်တခုထိအိပ်ပျော်စေမည့် (the state of deep sleep ) နည်းလမ်းတခုကိုလေ့လာခဲ့ပါသည်။ ထိုနည်းလမ်းစိတ်ကူးသည် အာတိတ်ဒေသရှိ ဆောင်းခိုသတ္တဝါများ၏ခန္ဓဖြစ်စဉ်မှ တွေ့ရှိခဲ့ခြင်းပင်ဖြစ်သည်။ လိုက်ပါမည့်သူများအား ဆောင်းခိုခြင်းနည်းဖြင့်အချိန်တခုထိဆွဲ့ဆန့်ကာ ပို့ဆောင်မည့်နည်းလမ်းပင်ဖြစ်သည်။ သို့သော် NASA က ထိုနည်းလမ်းကိုဆက်လက်လေ့လာခြင်းမရှိပဲ ၂၀၁၅ ၌ တွန်းကန်မူနည်းပညာအသစ်ဖြင့် ခရီးကာလ တဝက်ထိလျော့ချနိုင်မည့်နည်းအား အသိပေးချပြခဲ့ပါသည်။ လိုက်ပါသူများသည်ပုံမှန်ဒုံးပျံ၏တွန်းအားဖြင့်ကမ္ဘာပတ်လမ်းအပြင်ထိတွန်းပို့ပေးပြီးနောက် ပတ်လမ်းအပြင်ဘက်ရှိနျူကလီးယားစွမ်းအင်သုံးအာကာသယာဉ်နှင့်ချိတ်ဆက်၍ဆက်လက်ခရီးသွားမည်ဖြစ်သည်။ ထိုသို့ခရီးတိုသွားသည့်အတွက်ကြောင့် ယာဉ်ပေါ်တွင်ယူဆောင်သွားရမည့် ရေနှင့် ရိက္ခာပမာဏကိုလဲလျော့ချနိုင်မည်ဖြစ်သည်။ ခရီးကာလသည်လမ်းကြောင်းတခုကို၄လကြာဖြစ်နေသေးသည်။ ဆိုလိုသည်မှာ ကျဉ်းကျုတ်၍ခြေဆန့်လက်ဆန့်ရန်ပင်ခက်ခဲ့သည့်ယာဉ်ငယ်တခုအတွင်း ထိုမျှနေနိုင်ရန်ခက်ခဲလှသည်၊မဖြစ်နိုင်ဟု ထင်ကြေပေးမှုများရှိလာသည်။ထို့ကြောင့် ၂၀၁၀ခုနှစ်က မော်စကိုမြို့တွင် လူခြောက်ယောက်ပါသည့်အဖွဲ့သည် ရက်ပေါင်း၅၂၀ကြာမည့် ပုံစံတူအဂ်ါဂြိုဟ်ပုံစံတူပြုလုပ်ကာ မစ်ရှင်တခုကို စတင်ခဲ့ပြီးဖြစ်သည်။ သူတို့သည့် အင်္ဂါဂြိုဟ်သွားသကဲ့သို့ပင် ပုံစံတူအာကာသယာဉ်ထဲတွင်အသွား၈လကြာနေပြီးနောက် ဂြိုဟ်ပေါ်ဆင်းသက်သည့်ပုံစံတူပြုလုပ်ခြင်းရှာဖွေစူးစမ်းခြင်းများလုပ်ခဲ့ပါသည်။ ထို့နောက် ကမ္ဘာပေါ်သိူအပြန်ခရီး ၈လကြာ ထိုယာဉ်ငယ်အတွင်းနေခဲ့ကြပါသည်။ ဤသို့အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သည့် ပုံစံတူခရီးစဉ်များ လေ့ကျင့်ခဲ့ပြီးဖြစ်ပါသည်။ ထို့သိုပျင်းရိဖွယ်ကောင်းပြီး စိတ်ကျဉ်းကျပ်မှုများသည့် နေရာငယ် အတွင်းရက်ပေါင်းများစွာနေခဲ့ရသော်လည်း ပုံစံတူခရီးစဉ်တွင်ပါဝင်သူများသည် အလွန်အန္တရာယ်ကင်းပြီး ၎င်းတို့စိတ်ထဲတွင်အချိန်မရွေးမစ်ရှင်မှ နှုတ်ထွက်နိုင်သည့်စိတ်သက်သာရာရနိုင်သောအခြေနေတခုရှိနေသေးကြောင်း၊ တကယ့်လက်တွေ့မစ်ရှင်တွင်မှုပိုမိုခက်ခဲကြမ်းတမ်းသော လေဟာနယ်ပတ်ဝန်းကျင်နဲ့ စိတ်အခြေနေမတည်ငြိမ်မှုများ နှုတ်ထွက်မရနိုင်သည့်အခြေနေများရှိကြောင်း ဝေဖန်မှုများဆက်လက်ရှိခဲ့သည်။ ထိုသိူ့ အားနည်းချက်များ လစ်ဟာမှုများရှိနေခဲ့သည့်အတွက်ကြောင့် NASAသည် ပိုမိုခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်တခုတွင်ဆက်လက်လေ့ကျင်စေခဲ့သည်။ အန္တာတိတ်နဲ့အတ္တလန္တိတ်သမုဒ္ဒရာအောက်ဘက်တို့တွင် လက်ရှိလေ့ကျင့်မှုများပြုလုပ်နေပြီဖြစ်သည်။ ထိုနေရာရှိလေ့ကျင့်မှုများပေါ်မူတည်၍ လိုအပ်ချက်များကိုမှတ်သားပြီး လက်တွေ့ခရီးစဉ်နှင့်ကွာခြားမှုအနည်းဆုံးဖြစ်အောင်ကြိုးစား၍ ပထမဆုံး လူလိုက်ပါမည့်အဂ်ါဂြိုဟ်မစ်ရှင်အား မြင်တွေ့ရတော့မည်ဖြစ်သည်။ Spongy101010 (ဆွေးနွေး) ၂၀:၅၉၊ ၁၂ ဇွန် ၂၀၂၁ (UTC)အကြောင်းပြန်ရန်