ပါဠိ ပါမောက္ခဆရာကြီး အဟ်မဒ်ကာစင်မ် (B.A., B.Es.) (၁၈၈၉-၂၂ နိုဝင်ဘာ ၁၉၅၄) သည် တက္ကသိုလ်သုံးဝေါဟာရများကို ပထမဆုံး မြန်မာပြန်ဆိုသူများအနက် ပါဝင်ခဲ့သူဖြစ်သည်။ ၁၉၃ဝ ပြည့်နှစ်မတိုင်မီက တက္ကသိုလ်ကျောင်းသားများသည် ပါမောက္ခကို ပရော်ဖက်ဆာ၊ တက္ကသိုလ်ကို ယူနီဗာစီတီဟု အင်္ဂလိပ်လို ခေါ်ခဲ့ရသည်။

၁၉၃ဝ ပြည့်နှစ်ရောက်သောအခါတွင် ဆရာကြီးသခင်ဘသောင်းက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး တက္ကသိုလ်သုံးဝေါဟာရများကို မြန်မာပြန်ဆိုသည်။ ဆွေးနွေးတိုင်ပင်ပြန်ဆိုသူများတွင် ထိုစဉ်က ပါဠိကထိက ဆရာကြီး အဟ်မဒ်ကာစင်မ် ပါဝင်ခဲ့သည်။

အင်္ဂလိပ်ခေတ်၌ အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံတွင် ပါဠိ ပထမပြန်စာမေးပွဲကိစ္စများကို စီစဉ်ဆောင်ရွက်ရန် ပါဠိဘာသာ ပညာရေးအဖွဲ့တစ်ခုဖွဲ့ပေးထားသည် ထိုအဖွဲ့၌ အစိုးရခန့်အဖွဲ့ဝင်အဖြစ် ပါမောက္ခအဟ်မဒ်ကာစင်သည် ဦးလူဖေဝင်းဒေါက်တာသိမ်းမောင်ဝဇီရဗုဒ္ဓိ ဦးဖိုးစိန်ဦးဘရုပ်တို့နှင့်အတူ ပါဝင်ခဲ့သည်။

ဆရာကြီးအဟ်မဒ်ကာစင်သည် ၁၉၁ဝ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းသည့်မြန်မာနိုင်ငံ သုတေသနအသင်းတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အသင်း၏ နာယကမှာ ပြည်ထောင်စုမြန်မာနိုင်ငံ ဝန်ကြီးချုပ် သခင်နုဖြစ်ပြီး ဥက္ကဋ္ဌမှာ ခန်ဆာဟစ် Aကာစင်B.A ဖြစ်သည်။ ဒုတိယဥက္ကဋ္ဌမှာ ဆရာကြီး ဦးဖေမောင်တင်နှင့် ဂျီအိပ်ချ် လုစ် တို့ဖြစ်သည်။ ဆရာကြီးအဟ်မဒ်ကာစင်သည် ကျမ်းမြတ်ကုရ်အာန် မြန်မာဘာသာပြန်ဆိုရန်အတွက် ၁၉၄၈ ခု၊ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ကုရ်အာန်ဘာသာပြန် စာပေပရိယတ္တိ ကော်မတီတွင် ပါဝင်ခဲ့သည်။ ကုရ်အာန်ဘာသာပြန်ဌာနကို ကြီးကြပ်အုပ်ချုပ်၍ ကော်မတီစတင်ဖွဲ့စည်းသည့် ၁၉၅ဝ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်နေ့မှ ကွယ်လွန်သည့် ၁၉၅၄ ခု နိုဝင်ဘာ ၂၂ ရက်နေ့အထိ ဘာသာပြန်စာမူ တည်းဖြတ်ရေးအဖွဲ့တွင် သဘာပတိအဖြစ် ဆောင်ရွက်ကာ ဘာသာပြန်စာမူကြမ်းများကို တည်းဖြတ်ခဲ့သည်။ ဆရာကြီးသည် အရဗီ၊ ဖာရစီ၊ အူရဒူ၊ ပါဠိနှင့် အင်္ဂလိပ်စာပေတို့တွင် ကျွမ်းကျင်သည်။ ကုရ်အာန်ဘာသာပြန်ဆိုမူနှင့် ပတ်သက်၍ အများဆုံး အကြံဉာဏ်ပေးခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ အစ္စလာမ်စာပေသမိုင်းတွင် အရဗီဘာသာစကားနှင့်စပ်လျဉ်းသည့် ပထမဆုံး အဘိဓာန်ကြီးဖြစ်သော ကုရ်အာန်ကျမ်းတော်ကြီး အရဗီ၊ အင်္ဂလိပ်၊ မြန်မာအဘိဓာန် (၁၉၄၁)ကိုလည်း ကြီးကြပ်စစ်ဆေးပေးခဲ့သည်။ ထိုအဘိဓာန်ကို ဒေါက်တာ ဟာဂျီ အဗ္ဗဒူလ်ဂဖူရ်(ခ)ဦးဘချို၊ မော်လဝီ မုဟမ္ဓဒ် ရဟမတွလ္လာဟ်ဆပ်၊ မော်လဝီ အဗ္ဗဒူရာမန်နဒ်ဝီဆပ်တို့က ဘာသာပြန်ဆိုသည်။ စင်္ကာပူမြို့ အငြိမ်းစား တရားသူကြီး အလ်ဟာဂျ်ဟာဖိဇ် ဂိုလာမ်ဆာရ်ဝါရ(M.A) အင်္ဂလိပ်ဘာသာဖြင့် ပြုစုခဲ့သည့် အရဗီ-အင်္ဂလိပ်အဘိဓာန်ကို အခြေခံပြီး မြန်မာပြန်ဆို ဖြည့်စွက်ပြုစုခြင်းဖြစ်သည်။ ထိုအဘိဓာန်ကို ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာရပ် ပါမောက္ခ ဆရာကြီးခါန်ဆာဟစ်ဘ် အဟ်မဒ် ကာစင်မ်က ကြီးကြပ်စစ်ဆေးသည်ဟု ဖော်ပြထားသည်။ ဆရာကြီးသည် ၁၉၂၃ ခု နိုဝင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာဌာန ကြီးကြပ်သူ အဖြစ်ဆောင်ရွက်ခဲ့သည်။ ပညာရေးလောက၌ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သည်။ နောက်ပိုင်းတွင် ပါဠိဌာန၌ ပါမောက္ခအဖြစ် အမှုထမ်းခဲ့သည်။ အသက် ၆၅ နှစ်အရွယ် ၁၉၅၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်သန်းဝင်း(မြန်မာစာ)။ ထင်ပေါ်ကျော်ကြားသောမြန်မာမွတ်စလင်များ