အာဖရိကသမဂ္ဂ
အာဖရိကနိုင်ငံများ၏ တိုက်ကြီးများဆိုင်ရာ သမဂ္ဂ
အာဖရိကသမဂ္ဂ သည် နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၅၃ နိုင်ငံပါဝင်သည်။ ဒါဘန် တွင် ၂၀၀၂ ဇူလိုင် က ဖွဲ့စည်းခဲ့ပြီး အာဖရိက ညီညွတ်ရေး အဖွဲ့ နှင့် အာဖရိက စီးပွားရေး ပူပေါင်းဆောင်ရွက်မှု အဖွဲ့တို့ကို အစားထိုး ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

မော်ရိုကိုနိုင်ငံမှ လွဲ၍ အခြားအာဖရိကနိုင်ငံများ အားလုံးသည် အာဖရိကသမဂ္ဂတွင် ပါဝင်သည်။
အာဖရိကသမဂ္ဂ သည် ငွေကြေးတစ်မျိုးတည်းသာ သုံးစွဲရန်၊ ပေါင်းစည်းထားသော ကာကွယ်ရေးတပ်ဖွဲ့ တစ်ခု ထားရှိရန် နှင့် အဖွဲ့ဝင် နိုင်ငံ့ ခေါင်းဆောင်များ ကက်ဘိနက် တစ်ခုဖွဲ့စည်းရန် ရည်မှန်းထားသည်။ အဖွဲ့၏ ရည်မှန်းချက်မှာ အာဖရိကတိုက်၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် တည်ငြိမ်သော စီးပွားရေး၊ အထူးသဖြင့် အဖွဲ့ဝင် အချင်းချင်းအကြား ပဋိပက္ခ ပပျောက်စေရေး၊ ဘုံဈေးကွက်၏ အကျိုးခံစားစေရေး တို့ဖြစ်သည်။
အခြားကြည့်ရန်ပြင်ဆင်
ပြင်ပလင့်ခ်များပြင်ဆင်
- Official site Archived 15 April 2012 at the Wayback Machine.