အာရှ မသန်စွမ်း အားကစားပြိုင်ပွဲ

အာရှတိုက်တွင်ကျင်းပသည့် အားကစားပွဲတော်

အာရှ မသန်စွမ်း အားကစားပြိုင်ပွဲ (အင်္ဂလိပ်: Asian Para Games)သည် အာရှပါရာလမ်းပစ်ကော်မတီမှ ဦးစီးကျင်းပသည့် မသန်စွမ်းသူများဆိုင်ရာ အားကစားပွဲတော်ဖြစ်သည်။ ပြိုင်ပွဲဝင် မသန်စွမ်းသူများတွင် သွက်ချာပါဒ၊ လေဖြန်း၊ခြေ၊ လက်မသန်စွမ်း၊ အမြင်၊ အကြားချို့တဲ့ခြင်း စသည့် မသန်စွမ်းမှုအမျိုးမျိုး ခံစားနေရသူများ ပါဝင်သည်။ အိုလံပစ်နှင့် ပါရာလမ်းပစ်ကဲ့သို့ပင် အာရှအားကစားပြိုင်ပွဲအပြီးတွင် ထိုပွဲ၏ အိမ်ရှင်မြို့ကပင် ဆက်လက် ကျင်းပသည်။ဤပွဲတော်သည် မသန်စွမ်းအားကစားပြိုင်ပွဲ (ပါရာလမ်းပစ်)ပြီးလျှင် ဒုတိယမြောက် အကြီးကျယ်ဆုံးပွဲတော်ဖြစ်သည်။ လက်ရှိအချိန်အထိ နိုင်ငံ (၃)နိုင်ငံမှ လက်ခံကျင်းပခဲ့ပြီး နိုင်ငံပေါင်း (၄၄)နိုင်ငံမှ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။

အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ
Asian Para Games

အတိုကောက်APG
ပထမအကြိမ်၂၀၁၀ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ
Occur every၄နှစ်
နောက်ဆုံးတစ်ခေါက်
ကျင်းပခဲ့သည့် ပြိုင်ပွဲ
၂၀၁၈ အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ
ရည်မှန်းချက်အာရှတိုက်ရှိ မသန်စွမ်းသူများအတွက် ကျင်းပသော အားကစားပွဲ

သမိုင်းကြောင်း ပြင်ဆင်ရန်

ယခင်က အရှေ့ဖျားနှင့် တောင်ပစိဖိတ် မသန်စွမ်းအားကစားပြိုင်ပွဲ (FESPIC)အဖြစ် ကျင်းပခဲ့ပြီး အာရှ-ပစိဖိတ်ဒေသမှ နိုင်ငံများ ယှဉ်ပြိုင်ခဲ့ကြသည်။၁၉၇၅ခုနှစ်တွင် ဂျပန်နိုင်ငံ၌ စတင်ကျင်းပခဲ့ပြီး ၂၀၀၆ခုနှစ်တွင် မလေးရှားနိုင်ငံ၌ နောက်ဆုံးကျင်းပခဲ့သည်။

FESPICကို ကြီးကြပ်ကျင်းပသည့် FESPIC အားကစားအဖွဲ့ချုပ်ကို ဖျက်သိမ်းပြီး အာရှမသန်စွမ်းသူများအားကစားကောင်စီနှင့် ပေါင်းစည်းခဲ့သည်။FESPICအားကစားပွဲကိုလည်း ဖျက်သိမ်းခဲ့သည်။ နောက်ဆုံးပွဲတော်ဖြစ်သော ၂၀၀၆ ကွာလာလမ်ပူပွဲတော်ပိတ်ပွဲတွင် အာရှမသန်စွမ်းသူများအားကစားကောင်စီကို အာရှမသန်စွမ်းသူများအားကစားကော်မတီအဖြစ် ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

အာရှနိုင်ငံများပါဝင်သည့် ပထမဆုံး မသန်စွမ်းအားကစားပွဲကို ၂၀၁၀ပြည့်နှစ်တွင် တရုတ်နိုင်ငံ၌ စတင်ကျင်းပခဲ့သည်။

ပွဲတော်များ ပြင်ဆင်ရန်

အာရှ မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပရာ မြို့များ
ပွဲ နှစ် အိမ်ရှင်မြို့ အိမ်ရှင်နိုင်ငံ ဖွင့်လှစ်ပေးသူ စတင်ရက် ပြီးဆုံးရက် ပါဝင်သည့်နိုင်ငံပေါင်း ပါဝင်ယှဉ်ပြိုင်သူပေါင်း အားကစားနည်းပေါင်း ပွဲစဉ်ပေါင်း နိုင်ငံအလိုက် အဆင့် (၁) ရရှိသူ Ref.
I ၂၀၁၀ ကွမ်ကျိုးမြို့   တရုတ် ဒုတိယဝန်ကြီးချုပ် လီခကျန်း ၁၂ ဒီဇင်ဘာ ၁၉ ဒီဇင်ဘာ ၄၁ ၂၄၀၅ ၁၉ ၃၄၁   တရုတ် [၁]
II ၂၀၁၄ အင်ချွန်းမြို့   တောင်ကိုရီးယား ဝန်ကြီးချုပ် Chung Hong-won ၁၈ အောက်တိုဘာ ၂၄ အောက်တိုဘာ ၄၁ ၂၄၉၇ ၂၃ ၄၄၃   တရုတ် [၂]
III ၂၀၁၈ ဂျာကာတာမြို့   အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို ၆ အောက်တိုဘာ ၁၃ အောက်တိုဘာ ၄၃ ၂၇၅၇ ၁၈ ၅၀၆   တရုတ် [၃]
IV ၂၀၂၂ ဟန်ကျိုးမြို့   တရုတ် ၉ အောက်တိုဘာ ၁၅ အောက်တိုဘာ ၂၂[၄]
V ၂၀၂၆ နာဂိုယာမြို့   ဂျပန် ကျင်းပရန်ရှိသည့်ပွဲများ
VI ၂၀၃၀ ဒိုဟာမြို့   ကာတာ ကျင်းပရန်ရှိသည့်ပွဲများ
VII ၂၀၃၄ ရီဟာ့ဒ်မြို့   ဆော်ဒီအာရေဗျ ကျင်းပရန်ရှိသည့်ပွဲများ

အားကစားနည်းများ ပြင်ဆင်ရန်

၂၀၁၀ပွဲတော်မှစ၍ ယခုအချိန်အထိ မငန်စွမ်းသူများအတွက် အားကစားနည်းများအပါအဝင် အားကစားနည်းပေါင်း ၂၄မျိုးကို ကျင်းပနိုင်ခဲ့သည်။

အားကစားနည်း ခုနှစ်
မြားပစ် ၂၀၁၀မှစ၍
ပြေးခုန်ပစ် ၂၀၁၀မှစ၍
ကြက်တောင် ၂၀၁၀မှစ၍
Boccia ၂၀၁၀မှစ၍
ဘိုလင်း ၂၀၁၀မှစ၍
ကနူးလှေ ၂၀၂၂မှစ၍ ကျင်းပမည်
စစ်တုရင် ၂၀၁၈မှစ၍
စက်ဘီးစီး ၂၀၁၀မှစ၍
ဘောလုံး (၅ယောက်) ၂၀၁၀၊ ၂၀၁၄၊ ၂၀၂၂
ဘောလုံး (၇ယောက်) ၂၀၁၀၊ ၂၀၁၄
Go ၂၀၂၂မှစ၍ ကျင်းပမည်
Goalball ၂၀၁၀မှစ၍
ဂျူဒို ၂၀၁၀မှစ၍
Lawn Bowls ၂၀၁၄မှစ၍
အားကစားနည်း ခုနှစ်
Powerlifting ၂၀၁၀မှစ၍
လှေလှော် ၂၀၁၀၊ ၂၀၁၄၊ ၂၀၂၂
ရွက်လှေ ၂၀၁၄
သေနတ်ပစ် ၂၀၁၀မှစ၍
ရေကူး ၂၀၁၀မှစ၍
စားပွဲတင်တင်းနစ် ၂၀၁၀မှစ၍
ထိုင်လျက်ဘော်လီဘော ၂၀၁၀မှစ၍
ဘီးတပ်ကုလားထိုင် ဘက်စကတ်ဘော ၂၀၁၀မှစ၍
Wheelchair Dance Sport ၂၀၁၄
ဘီးတပ်ကုလားထိုင် ဓားသိုင်း ၂၀၁၀မှစ၍
ဘီးတပ်ကုလားထိုင် ရက်ဘီ ၂၀၁၄
ဘီးတပ်ကုလားထိုင် တင်းနစ် ၂၀၁၀မှစ၍

ဆုတံဆိပ်ဇယား ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ဇယား

အဖွဲ့ဝင် ၄၄နိုင်ငံတွင် ၃၇နိုင်ငံမှ အနည်းဆုံး ဆုတံဆိပ် တစ်ခုရယူနိုင်ခဲ့သည်။၇နိုင်ငံမှာမူ ဆုတံဆိပ် ဆွတ်ခူးထားခြင်းမရှိ​ပေ။​ရွှေတံဆိပ် အနည်းဆုံးတစ်ခု ရယူထား​သောနိုင်ငံ ၃၁နိုင်ငံရှိသည်။၂၀၁၈ ဂျာကာတာပွဲတော်အထိ ဆုတံဆိပ်ပေါင်း ၃၉၁၀ကို ချီးမြှင့်နိုင်ခဲ့သည်။

အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ဇယား
 အဆင့်  NPC ရွှေ ငွေ ကြေး စုစုပေါင်း
  တရုတ် ၅၃၁ ၃၀၁ ၁၉၅ ၁၀၂၇
  တောင်ကိုရီးယား ၁၅၂ ၁၅၀ ၁၅၇ ၄၅၉
  ဂျပန် ၁၁၅ ၁၅၃ ၁၇၁ ၄၄၄
  အီရန် ၁၁၅ ၁၁၈ ၁၀၃ ၃၃၆
  ထိုင်း ၆၄ ၁၀၆ ၁၃၆ ၃၀၆
  ဥဇဘက်ကစ္စတန် ၅၆ ၃၁ ၂၅ ၁၁၂
  အင်ဒိုနီးရှား ၄၇ ၆၃ ၇၄ ၁၈၄
  မလေးရှား ၄၁ ၅၉ ၇၅ ၁၇၅
  ဟောင်ကောင် ၂၆ ၄၀ ၅၄ ၁၂၀
၁၀   ဗီယက်နမ် ၂၀ ၁၈ ၄၇ ၈၅
၁၁   အိန္ဒိယ ၁၉ ၄၂ ၅၈ ၁၁၉
၁၂   အီရတ် ၁၈ ၁၇ ၃၆ ၇၁
၁၃   တရုတ် တိုင်ပေ ၁၄ ၂၆ ၄၉ ၈၉
၁၄   ကာဇက်စတန် ၁၂ ၂၃ ၂၉ ၆၄
၁၅   အာရပ်စော်ဘွားများပြည်ထောင်စု ၁၀ ၂၄ ၁၃ ၄၇
၁၆   ဖိလစ်ပိုင် ၁၀ ၁၇ ၁၉ ၄၆
၁၇   သီရိလင်္ကာ ၁၃ ၁၈ ၃၈
၁၈   ဆော်ဒီအာရေဗျ ၁၈
၁၉   ဂျော်ဒန် ၁၇
၂၀   စင်ကာပူ ၁၃ ၂၀
၂၁   ပါကစ္စတန်
၂၂   မွန်ဂိုးလီးယား ၁၄ ၂၁
၂၃   ကာတာ
၂၄   အိုမန် ၁၀
၂၅   အရှေ့တီမော
၂၆   ကူဝိတ် ၁၇
၂၇   ဆီးရီးယား ၁၇
၂၈   မြန်မာ ၁၄
၂၉   ဘာရိန်း
၃၀   ပါလက်စတိုင်း
၃၁   လာအို
၃၂   လက်ဘနွန်
၃၃   ဘရူနိုင်း
  တာ့ခ်မင်နစ္စတန်
၃၅   မကာအို
၃၆  ​တစ်ခုတည်း​သော ကိုရီးယား
၃၇   မြောက်ကိုရီးယား
Total (37 NPCs) ၁၂၉၁ ၁၂၇၀ ၁၃၄၉ ၃၉၁၀

ကိုးကား ပြင်ဆင်ရန်

  1. 1st APG Guangzhou 2010။ APC။ 4 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2021 တွင် ပြန်စစ်ပြီး။
  2. 2nd APG Incheon 2014။ APC။ 15 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2021 တွင် ပြန်စစ်ပြီး။
  3. 3rd APG Jakarta 2018။ APC။[လင့်ခ်သေ]
  4. Para-taekwondo and Para-canoe to make Asian Para Games debut in Hangzhou။ Inside the Games။