အောင်ချိမ့် (၁၉၄၈–၉ ဩဂုတ် ၂၀၂၁) သည် မြန်မာနိုင်ငံသား ကဗျာဆရာဖြစ်သည်။

အောင်ချိမ့်
မွေးဖွားကျော်သန်း
၁၉၄၈၊မေလတစ်ရက်
ကျောက်မြောင်း၊ ရန်ကုန်မြို့[၁]
ကွယ်လွန်ဩဂုတ် ၉၊ ၂၀၂၁(၂၀၂၁-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၈"။-0၉) (အသက် ၇၂–၇၃)
ရန်ကုန်
အလုပ်အကိုင်ကဗျာဆရာ
ကျော်ကြားမှုအရင်းခံခင်ခင်ပျို၊ ဂန္ထဝင်မမ
မိဘ(များ)ဦးဘအေး၊ ဒေါ်သန်း
လက်မှတ်
Aung Cheint's Signature.jpg

ငယ်ဘဝပြင်ဆင်

အောင်ချိမ့်ကို ၁၉၄၈ ခုတွင် မွေးဖွားခဲ့သည်။ အထက်တန်းအထိ ပညာသင်ယူခဲ့ပြီး စာပေသင်ယူခြင်းထက် ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ ကျောင်းသားလှုပ်ရှားမှုများတွင် ပိုမိုစိတ်ဝင်စား၍ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ၁၉၆၄ခုနှစ်၊ အသက် (၁၆) နှစ်အရွယ်တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်တွင်း(၁၅)လ နေခဲ့ရ၏ ။ တိုက်ပိတ်ခံရစဉ် ကာလများမှစ၍ ကဗျာများစတင်ရေးခဲ့သည်။

အနုပညာလမ်းကြောင်းပြင်ဆင်

အောင်ချိမ့်သည် သုခမိန်လှိုင်(သိဒတ္တလှိုင်)၊ မောင်ချောနွယ်၊ ဖော်ဝေးအပါအဝင် အခြားသော ကဗျာ ဆရာများနှင့်အတူ ခေတ်ပေါ် မြန်မာကဗျာ အရွေ့ကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်သည်။[၂] အောင်ချိမ့်၊ မောင်ချောနွယ်၊ ဖော်ဝေး တို့ (၃) ဦးရေးသားခဲ့သော သစ်ရွက်အသေများပေါ်က ရက်စက်သော ဂီတမှာ အထူးထင်ရှားသော ကဗျာစာအုပ်ဖြစ်သည်။ အောင်ချိမ့်၏ ထင်ရှားသော ကဗျာအချို့မှာ ဂန္ထဝင်မမ၊ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်၊ အသည်းစွဲ ကဗျာဆရာ တို့ဖြစ်သည်။

ဘဝနိဂုံးပြင်ဆင်

အောင်ချိမ့်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်၊ ည ၈ နာရီ ၊ ၁၂ မိနစ်တွင် ကွယ်လွန်ခဲ့သည်။[၃][၄]


ကိုးကားပြင်ဆင်