စိုင်းအောင်ထီးခမ်း
မွေးသက္ကရာဇ်
ကွယ်လွန်
မိဘများ အဖဦးနန္ဒာ+အမိ နန်းအိန်
အမည်ရင်း စိုင်းထီးခမ်း
နိုင်ငံသား မြန်မာ
လူမျိုး ရှမ်း
မွေးရာဇာတိ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့
အလုပ်အကိုင် အဆိုတော်
ထင်ရှားကျော်ကြားမှု
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ

စိုင်းအောင်ထီးခမ်း ပြင်ဆင်ရန်

စိုင်းအောင်ထီးခမ်းသည် ၁၉၉၆-ခုနှစ်မှ စတင်၍ ရှမ်းသီချင်းများဖြင့် ရှမ်းတိုင်းရင်းသား ပရိသတ်၏ လက်ခံအားပေးမှုကို ရရှိလာသည့် အဆိုတော်ဖြစ်သည်။ ရှမ်းသီချင်း စီးရီး (၈)ခု ထုတ်ဝေခဲ့ပြီးဖြစ်သည့် စိုင်းအောင်ထီးခမ်းသည် ကွယ်လွန်သူ နာမည်ကျော် တေးသံရှင် စိုင်းထီးဆိုင်၏ ညီဖြစ်သည်။ ၁၉၉၆-ခု၊ “နောင့်စမ်ဟွမ်” (ရွှေပန်းမယ်လေး)အမည်ရှိ ပထမဆုံး ရှမ်းစီးရီးကို စိုင်းထီးဆိုင်မှ ပရိုဂျူဆာအနေနှင့် ထုတ်ပေးသည်။ ထို့နောက် “စန်းတက်ချိန်”ကိုယ်ပိုင်သံစဉ် မြန်မာစီးရီးကို အကယ်ဒမီ မေသန်းနုက မူပိုင်ယူပြီး ထုတ်ပေးသည်။ ၂၀၁၁-နှစ် ဩဂုတ်လတွင် ထုတ်ဝေသည့် မြန်မာသီချင်း စုစည်းမှု “စန်းတက်ချိန်”သည် ယခုလ၏ ရောင်းအကောင်းဆုံး စီးရီး ၁၀ ခု စာရင်း ဝင်နေသည်အထိ မြန်မာသီချင်းပရိသတ်၏ အသိအမှတ်ပြုခြင်းခံခဲ့ရသည်။

ကိုးကား ပြင်ဆင်ရန်