ဦးအောင်မျိုး (၃ ဖေဖော်ဝါရီ ၁၉၆၃ မွေးဖွား) သည် မြန်မာ့နိုင်ငံရေးသမား၊ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သည်။ သူသည် အမျိုးသားလွှတ်တော်တွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒယ် အမှတ် ၂ ကိုယ်စားပြု လွှတ်တော်အမတ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တာဝန်ထမ်းဆောင်နေလျက်ရှိသည်။

ကိုယ်ရေးအကျဉ်း ပြင်ဆင်ရန်

ဦးအောင်မျိုးသည် ရွှေဘိုမြို့ အ.ထ.က (၁) တွင် ပညာသင်ကြားခဲ့သည်။ ၁၉၈၉ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ရွှေဘိုမြို့နယ်၊ ပြည်သူ့တိုးတက်ရေး ပါတီ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ရွှေဘိုမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တွဲဘက်အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ မြို့နယ်လူမှုအထောက်အကူပြု အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ လူငယ်အကူအညီပေးရေး အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းအောင်နိုင်ရေး အဖွဲ့ဝင်အဖြစ်လည်း ကောင်း၊ ၂၀၁၂ ခုနှစ် ခရိုင် ညီလာခံကျင်းပရေး ကော်မရှင် အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ် စစ်ကိုင်းတိုင်း လူငယ်ညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်း‌ကောင်း၊ ယခုလက်ရှိ အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရွှေဘိုခရိုင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသည်။[၁]

၂၀၀၇ ခုနှစ်တွင် ပုဒ်မ ၅၀၅/ခ ဖြင့် ထောင်ဒဏ် (၂) နှစ် ကျခံခဲ့ရသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Mp Profile (in my)။ ပြည်ထောင်စုလွှတ်တော်။ 22 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 August 2018 တွင် ပြန်စစ်ပြီး။