အောဖီးယပ်စ် (အင်္ဂလိပ်: Orpheus; ရှေးဟောင်းဂရိ: Ὀρφεύς) သည်ရှေးခေတ်ဂရိဘာသာတရားမှ အထင်ကရ ဂီတသမား၊ ကဗျာဆရာ၊ တမန်တော်တစ်ဦးဖြစ်သည်။ ရှေးခေတ်ဂရိ ရင်းမြစ်များက ၎င်းသည် သရေးသျှန်လူမျိုးဇာစ်မြစ်ဟူ၍ မှတ်တမ်းပြုရေးသားကြသည်။[၁]

အောဖီးယပ်စ်
ရောမတို့၏ "အောဖီးယပ်စ်နှင့် သားငါးမျိုးစုံ" ပန်းချီသည် အသုံးများသော အကြောင်းရာတစ်ခုဖြစ်၍ ထိုပန်းချီတွင် ဖရစ်ဂျီယန်ဦးထုပ်ကို ဝတ်ဆင်ထားပြီး ဘေးပတ်ပတ်လည်၌ ဗျပ်စောင်းကြောင့် ညှို့ယူဆွဲဆောင်ခံရသော တိရစ္ဆာန်များရှိနေသည်။
ဘုံဗိမာန်ပီယာရီးယာဒေသ၊ ပင်ပလေးယာမြို့
သင်္ကေတဗျပ်စောင်း (Lyre)
ကိုယ်ရေး အချက်အလက်
မွေးဖွား
ပီယာရီးယာဒေသ၊ ပင်ပလေးယာမြို့
ကွယ်လွန်
ဂရိ၊ မက်စီဒိုးနီးယား၊ ပန်ဂဲယွန်တောင်ကုန်း
မိဘများဖခင် Oeagrus (သို့) အပေါလို နှင့် မိခင် ကာလိင်းယာပီး
မွေးချင်းအလှနတ်သမီးများ (the Graces)၊ သရေ့စ်မြို့မှ လင်းနပ်စ်
အိမ်ထောင်ဖက်ယူအာရစ်ဒစ်ဆီ (သို့) Agriope
ကလေးမူဆားယပ်စ်

အောဖီးယပ်စ်အကြောင်း ဇာတ်လမ်းပုံပြင်များမှာ ဂီတဖြင့် သက်ရှိများကို ညှို့ယူဖမ်းစားနိုင်သည်သာမက ကျောက်တုံးများကိုပါ ညှို့ယူနိုင်သည့် အရည်အချင်းရှိသည်ဟူသော အကြောင်းအရာမျိုးများဖြစ်ကြသည်။ (အောဖီးယပ်စ်နှင့် သားငါးမျိုးစုံ ဇာတ်ကွက်၌ မြင်နေကြ အခန်း) ယူအာရစ်ဒစ်ဆီ ခေါ်သော ဇနီးသည်ကို မြေအောက်ကမ္ဘာမှ ပြန်လည်ခေါ်ယူရန်ကြိုးပမ်းမှု၊ လွန်သွားသောဇနီးသည်ကို ဝမ်းနည်းပက်လက် ပူဆွေးနေသော အောဖီးယပ်စ်ကို ငြီးငွေ့စိတ်ပျက်ကြသော ဒိုင်ယာနိုက်ဆပ်စ်နတ်ဘုရား၏ အခတော်စား နတ်ဆရာမများလက်ချက်ဖြင့် သေခဲ့ရခြင်းများ စသည်တို့လည်း ပါဝင်သည်။ အနောက်တိုင်းယဉ်ကျေးမှုတွင် ဂန္ထဝင်ဒဏ္ဍာရီကို လက်ခံလေ့လာမှုများတွင် ပကတိအသွင်ဖြစ်သော စိတ်ကို စေစားနိုင်သည့် အောဖီးယပ်စ်သည် အရေးပါအရာရောက်သောသူမျအနက် တစ်ဦးဖြစ်လေသည်။ ပန်းချီ၊ ဂီတ၊ အော်ပရာ၊ ရုပ်ရှင်၊ ကဗျာတို့အပါအဝင် ခေတ်ပေါ် ယဉ်ကျေးမှု၊ အနုပညာတို့တွင် ပုံစံမျိုးစုံဖြင့် သရုပ်ဖော်ခံရသူလည်းဖြစ်သည်။[၂]

ဂရိတို့အတွက် အောဖီးယပ်စ်သည် အောဖီးယပ်စ်ဝါဒ (သို့) ဘာသာ တစ်နည်းအားဖြင့် အောဖစ် ဘာသာရေးကူးပြောင်းပူဇော်ပွဲ ("Orphic" mysteries) ကို ထူထောင်သူတစ်ဦးလည်းဖြစ်၏။[၃] အောဖီးယပ်စ် ဓမ္မတေးများ နှင့် အော့ဖစ် အာဂွန်နော့တီကာ ကဗျာများ ဖွဲ့ဆိုခဲ့ခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြသည်။ အောဖီးယပ်စ်၏ အရိုးပြာများရှိသည်ဟုဆိုကြသော နတ်စင်များကို မြင့်မြတ်သည့် ဟောကိန်း (သို့) ဩဝါဒများရှိသော ပူဇော်ရာ နတ်စင်များ (oracle) အဖြစ် ယူဆကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. Fritz Graf and Sarah Iles Johnston, Ritual Texts for the Afterlife: Orpheus and the Bacchic Gold Tablets (Routledge, 2007), p. 167, while taking note of depictions in Greek art, particularly vase painting, that show Orpheus attired as a Greek, often in contrast to those in Thracian dress around him.
  2. Geoffrey Miles, Classical Mythology in English Literature: A Critical Anthology (Routledge, 1999), p. 54ff.
  3. Pausanias, Description of Greece, Corinth, 2.30.2