Ares

အေးရပ်စ် (Ares)/ˈɛərz/ (Ancient Greek: Ἄρης [árɛːs], literally meaning "battle") ရှေးဂရိဒဏ္ဍာရီမှ စစ်နတ်ဘုရား(God Of War) ဖြစ်သည်။ အိုလံပတ်စ်တောင် တွင်စံမြန်းသော နတ်ဘုရား ဆယ့်နှစ်ပါး အနက် တစ်ပါးအပါအဝင် ဖြစ်ပြီး ဇုစ်(Zeus)မိုးကြိုးနတ်ဘုရား နှင့် ဟီရာ (Hera) တို့ ၏ သားတော် တစ်ပါးလည်းဖြစ်သည်။ စစ် ရေး အတိုက်အခိုက်တွင် အလွန်ကြွမ်းကျင်သူ ဖြစ်သည်။ သွေးထွက်သံယိုမှုကို လို လားကာ ကြမ်းကြုတ် ရက်စက်သည့် စိတ်ဓာတ်ရှိသည်။ ဂရိတို့က အေးရပ်စ်(Ares)ဟုခေါ်ဝေါ်သော်လည်း ရောမဘာသာစကားဖြင့်မူ မားစ်(Mars)နတ်မင်းဟု သတ်မှတ်သည်။ရောမလူမျိုးတို့က မားနတ် တစ်နည်း အေးရပ်စ်အား ရောမမြို့တော်ကို တည်ထောင်သူ ရိုမျူလပ်၏ ခမည်းတော် ဖြစ်သည်ဟုယူဆသဖြင့် ဇုနတ်မင်း ကြီး(ဂျူပီတာ) မှလွဲလျှင် ဒုတိယနေရာထားကာ ကိုးကွယ်ကြလေသည်။