အ.ထ.က(၄)အလုံ
အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း အလုံမြို့နယ် (ရှေးအခေါ်အဝေါ် = ကူရှင်ကျောင်း) [၁] သည် ၅၇၊ အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိသည်။ ဤကျောင်းတွင် သူငယ်တန်းမှ ဒသမတန်း အထိ ပညာသင်ကြားနိုင်သည်။
ရွေးချယ်သတ်မှတ်ခြင်းများ | |
သမိုင်းကြောင်း
ပြင်ဆင်ရန်အလုံကူရှင်ကျောင်း(ယခု အလုံ အထက ၄)သည် ကိုလိုနီခေတ်ဦးကလက ထင်ရှားသော စာသင်ကျောင်း တကျောင်း ဖြစ်သည်။ ကူရှင်ကျောင်းကို အမေရိကန် နှစ်ခြင်းခရစ်ယာန် သာသနာပြုအဖွဲ့က ၂၈ မေ ၁၈၇၂ တွင် ယူနိုက်တက် ခရစ်ယာန် အထက်တန်းကျောင်း (United Christian High School) အဖြစ် စထောင်စဉ် ကျောင်းသား ၁၇ ဦးသာ ရှိသည်။ ၁၈၉၄ တွင် ကာလကတ္တားတက္ကသိုလ်၏ ဥပစာတန်း စာမေးပွဲအတွက် စတင် သင်ကြားပေးရာ ဘက်ပ်တစ် ကောလိပ်ဟု အမည်တွင်ခဲ့ပြီးနောက် ၁၉၀၉ တွင် ဘီအေတန်း တိုးမြှင့်သည်။ ယင်းကျောင်းကို ကျောင်းအုပ်ဆရာကြီး Mr.J.N Cushing)(၁၈၉၄-၁၉၀၆)ကို အစွဲပြု၍ ကူရှင် အထက်တန်းကျောင်းဟုလည်း ခေါ်သည်။[၂][၃]
ကျောင်းသားကျောင်းသူဟောင်းများ
ပြင်ဆင်ရန်ထင်ရှားသော ကျောင်းသားကျောင်းသူဟောင်းများအနက် မင်းသားကြီးဦးကျော်ဟိန်း (ဦးဇင်းဦးကိတ္တိသာရ) သည် အလုံ ကူရှင်ကျောင်းတွင် ဆဋ္ဌမတန်းမှ နဝမတန်းအထိ ပညာသင်ကြားခဲ့သည်။[၄] စာရေးဆရာ ဦးခင်ဝမ်းသည် အထက (၄) အလုံ၌ ၁၉၆၂ ခုနှစ်၊ (၉) တန်းတွင် ပညာသင်ခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ စင်ကြီး၊ နာရီ။ "ဆရာယုဒသန်ကို ရည်မှန်းတည်ခဲ့သည့် သက်တမ်း ၁၀၀ ကျော် နာရီစင်ကြီး ပြန်လည်ပတ်"၊ Burma Irrawaddy၊ January 9, 2014။ 13 September 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 13 September 2014။
- ↑ တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၈။
- ↑ Kyaw၊ Aye (1993)။ The Voice of Young Burma။ SEAP Publications။
- ↑ အသိသတိ - ဦးကိတ္တိသာရရဲ့ အတ္ထုပ္ပတ္တိအကျဉ်း။