အထက ၅ ဗိုလ်တထောင်သည် ၄၅-လမ်းနှင့် အနော်ရထာလမ်းဒေါင့်တွင် တည်ရှိသည်။ အမျိုးသား/အမျိုးသမီးကျောင်း ဖြစ်ကာ နေ့တစ်ဝက်ကျောင်းလည်းဖြစ်သည်။ ကျောင်းမှာ ၄ ထပ်တိုက်ကျောင်း ဖြစ်ပြီး အားကစားကွင်းမရှိပါ။ ၁၉၃၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ တွင် Khalsa AV School အဖြစ်စတင်တည်ထောင်ခဲ့ပြီး ပြည်သူပိုင်သိမ်းပြီးနောက် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၊ ဗိုလ်တထောင်မြို့နယ်အဖြစ် ကျောင်းဖွင့်ထားခြင်း ဖြစ်သည်။

အ.ထ.က(၅)ဗိုလ်တထောင်
လိပ်စာ
အနော်ရထာလမ်း၊ ဗိုလ်တထောင်မြို့နယ်
ရန်ကုန်မြို့, ရန်ကုန်တိုင်းဒေသကြီး
မြန်မာနိုင်ငံ
သတင်းအချက်အလက်
အမျိုးအစားအများဆိုင်
ကျောင်းအမှတ်
အတန်းများYear 1 - Year 11
ကျောင်းသား/သူဦးရေ~၂၅၀၀
အရောင်(များ)အဖြူ၊ အစိမ်း
အမည်ပြောင်Golden Fishes
ဝဘ်ဆိုဒ်

အဆိုတော် သဇင်ဂျောက်ဂျက်နှင့် သရုပ်ဆောင် သင်ဇာဝင့်ကျော်တို့သည် ဤကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည်။

ကိုးကား ပြင်ဆင်ရန်