(၃)သုတ် ရှိပါသည်။

[၁] ပဿနဒီကောသလဘုရင်၏ အမတ်ချုပ်ကြီးဖြစ်သော ဥဂ္ဂအမတ်ကြီးက ရွှေရတနာပစ္စည်း သိန်းပေါင်းတရာ, ငွေအသပြာမရေမတွက်နိုင်အောင် ကြွယ်ဝသော ရောဟဏသူဌေး၏ မြေးဖြစ်သော မိဂါရသူဌေးအကြောင်းကို ဘုရားရှင်အား လျှောက်ထားပါသည်၊ ဘုရားရှင်က “ယင်းပစ္စည်းများသည် ရန်သူမျိုးငါးပါးတို့နှင့် ဆက်ဆံနေသော ပစ္စည်းဥစ္စာများဖြစ်ပုံကို” မိန့်ကြားတော်မူပြီး ရန်သူမျိုးငါးပါးတို့နှင့် ဆက်ဆံခြင်း အလျင်းမရှိသော “သဒ္ဓါ, သီလ, ဟိရီ, ဩတ္တပ္ပ, သုတ, စာဂ, ပညာ”ဟူသော သူတော်ကောင်းဥစ္စာ ခုနစ်ဖြာကို ဟောတော်မူပါသည်။ ။


[၂] ဘုရားရှင်၏မိန့်ကြားတော်မူအပ်သောစကားတော်အရ မေးမြန်းလာသော အညတရ ရဟန်းအား ဝေသာလီမြို့သား ဥဂ္ဂသူကြွယ်က မိမိ၏အရည်အချင်း ၈-မျိုးကို ဟောကြားသည့်သုတ်။


[၃] ဘုရားရှင်မိန့်ကြားတော်မူအပ်သောစကားတော်အရ မေးမြန်းလာသော အညတရ ရဟန်းအား ဝဇ္ဇီနိုင်ငံ ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်က မိမိ အရည်အချင်း ၈-မျိုးတို့ကို ဟောကြားသည့်သုတ်။ [၄]


ဥဂ္ဂဟသုတ်သည် ဂေါတမြတ်စွာဘုရားသည် သူတော်ကောင်းဥစ္စာ ခုနစ်မျိုးနှင့်ပတ်သက်၍ ကသေနဒိကောသလမင်းကြီး၏ အမတ်ကြီးဖြစ်သူ ဥဂ္ဂအမတ်အား ဟောကြားတော်မူခဲ့ခြင်း ဖြစ်သည်။ [၅]

တရားဟောကြားတော်မူခြင်း ပြင်ဆင်ရန်

တစ်ခုသောအခါတွင် ကောသလမင်းကြီး၏ အမတ်ကြီးဖြစ်သူသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရောဟဏသူဌေး၏ မြေးဖြစ်သူ မိဂါရသူဌေးသည် များစွာသော ဥစ္စာ၊ အသုံးအဆောင်တို့သည် ရှိသည်ဟု လျှောက်ထား၏။

ထိုအခါ မြတ်စွာဘုရားသည် အမတ်ကြီးအား ထိုသူဌေးသည် အဘယ်မျှ ကြွယ်ဝကြောင်းကို မေးမြန်း၏။ အမတ်ကြီးက ထိုသူဌေးတွင် ရွှေတို့သည်ပင် သိန်းပေါင်းတစ်ရာ ရှိပါ၏၊ ငွေအရေအတွက်အားဖြင့်ကား ဆိုဖွယ်ရာပင် မရှိပါဟု ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် အမတ်ကြီးအား ထိုရွှေငွေစသည့် ဥစ္စာသည် လောကတွင် ရှိ၏၊ ထိုဥစ္စာတို့သည် မရှိဟု ငါမဆို၊ ထိုဥစ္စာတို့သည် မီး၊ ရေ၊ မင်း၊ သူခိုး၊ မချစ်မနှစ်သက်သော အမွေခံတို့နှင့် ဆက်ဆံကုန်၏။ ထို့နောက် မြတ်စွာဘုရားသည် အမတ်ကြီးအား ဤဥစ္စာ ခုနစ်မျိုးသည် မီး၊ ရေ၊ မင်း၊ သူခိုး၊ မချစ်မနှစ်သက်သော အမွေခံတို့နှင့် မဆက်ဆံကြကုန်။ ထိုခုနစ်မျိုးတို့သည် ယုံကြည်မှု ‘သဒ္ဓါ’ ဥစ္စာ၊ စောင့်ထိန်းမှု ‘သီလ’ ဥစ္စာ၊ ရှက်မှု ‘ဟိရီ’ ဥစ္စာ၊ ကြောက်လန့်မှု ‘ဩတ္တပ္ပ’ ဥစ္စာ၊ အကြားအမြင် ‘သုတ’ ဥစ္စာ၊ စွန့်ကြဲမှု ‘စာဂ’ ဥစ္စာ၊ သိမှု ‘ပညာ’ ဥစ္စာ စသည်တို့ ဖြစ်သည်ဟု ဟောကြားတော်မူ၏။

ထို့နောက်တွင် မြတ်စွာဘုရားသည် ထိုသူတော်ကောင်းဦစ္စာခုနစ်ပါး ရှိသည့် မိန်းမ၊ ယောက်ျားအား မဆင်းရဲသောသူဟု ပညာရှိတို့သည် ဆိုကုန်၏။ ထိုသူတို့၏ အသက်ရှင်ခြင်းသည်လည်း အချည်းနှီး မဟုတ်ဟု ဆိုကြကုန်၏။ ထို့ကြောင့် ပညာရှိသည် ဘုရားသျှင်၏ အဆုံးအမတော်ကို အောက်မေ့လျက် ကြည်လင်စေတတ်သော သဒ္ဓါတရားကိုလည်းကောင်း၊ သစ္စာလေးပါးတရားကို မြင်ကြောင်းဖြစ်သော သီလကိုလည်းကောင်း အဖန်ဖန်အားထုတ်ရာ၏။[၅]


ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၄၀၀။ အံ၊မြန်၊၂၊၅၀၆။ အံ၊ဋ္ဌ၊၃၊၁၄၅။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၁-ဓနဝဂ္ဂ၊ သတ္တမသုတ်။
  2. -အံ၊၃၊၄၇-၅၀။ အံ၊မြန်၊၃၊၄၇-၅၀။ အံ၊ဋ္ဌ၊၃၊၂၂၁-၂။ -အင်္ဂုတ္တရနိကာယ၊ အဋ္ဌကနိပါတ၊ ပဌမပဏ္ဏာသက၊ ၃-ဂဟပတိဝဂ္ဂ၊ ပဌမသုတ်။
  3. -အံ၊၃၊၅၀-၃။ အံ၊မြန်၊၃၊၅၀-၃။ အံ၊ဋ္ဌ၊၃၊၂၂၂။ -အင်္ဂုတ္တရနိကာယ၊ ... ဒုတိယသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  5. ၅.၀ ၅.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ သတ္တကနိပါတ်၊ ဓနဝဂ်၊ ဥဂ္ဂသုတ်