ဥဇ္ဈာပနကသိက္ခာပုဒ်

(ဥဇ္ဈုာပနကသိက္ခာပုဒ် မှ ပြန်ညွှန်းထားသည်)

အမှု—အထင်သေးအမြင်သေးအောင်ပြောမှု

အမှုသည်—မေတ္တိယ, ဘူမဇကရဟန်းများ


အရှင်ဒဗ္ဗအပေါ် အထင်းသေးအောင် ပြောမှု ပြင်ဆင်ရန်

ဒုဋ္ဌဒေါသ သိက္ခာပုဒ်၌ (နေရာခင်းပေးခြင်း, ဆွမ်းလှည့်ချပေးခြင်းတို့ဖြင့်) အရှင်ဒဗ္ဗ၏ သံဃာ တာဝန်ဆောင်ပုံကို ပြခဲ့ပြီ၊ မေတ္တိယ-ဘူမက မည်သော ရဟန်းတို့သည် အရှင်ဒဗ္ဗအပေါ်၌ အခြားရဟန်းတို့က အထင်သေး အမြင်သေးဖြစ်အောင် အရှင်ဒဗ္ဗ၏ မဟုတ်မမှန်သော မကောင်းသတင်းကို လုပ်ကြံ၍ (ဒဗ္ဗသည် ဆန္ဒာဂတိလိုက်ပြီး နေရာခင်းပေးတယ်, ဆွမ်းလှည့်ချတယ်) ဟု အခြားရဟန်းတို့အား ပြောကြလေသည်၊ ထိုအမှကြောင့် “ဥဇ္ဈာပနကေ ပါစိတ္တိယံ”ဟု ပညတ်တော်မူရလေသည်။ [၁]

အတင်းပြောမှု ပြင်ဆင်ရန်

ထိုသို့ပညတ်တော် မူပြီးနောက် ထိုမေတ္တိယ-ဘူမဇက ရဟန်းတို့သည် အရှင်ဒဗ္ဗ၏ မကောင်းသတင်းကို အခြား ရဟန်းများထံ တိုက်ရိုက်မပြောကြတော့ဘဲ အခြားရဟန်းတို့၏ အနီးအပါး အခြားရဟန်းတို့ ကြားလောက်သည့်) နေရာ၌ “ဒဗ္ဗသည် ဆန္ဒာဂတိလိုက်၍ နေရာခင်းပေးတယ်, ဆွမ်းလှည့်ချပေးတယ်”ဟု သူတို့အချင်းချင်း အတင်း ပြောကြကုန်၏၊ ထိုသို့အတင်းပြောသံကို ကြားသောရဟန်းတို့က အရှင်ဒဗ္ဗကို ညှဉ်းဆဲကြလိမ့်မည်-ဟု သူတို့အယူရှိကြသည်၊ ထိုအတင်းပြောမှုကြောင့် “ခိယျနကေပါစိတ္တိယံ”ဟု အနုပညတ် ထပ်တော်မူရပြန်သည်။ [“ခိယျနကေ-ရှုံ့ချခြင်းကြောင့်”ဟု အနက်ပေးရာ၌ အမှန်မှာ “အတင်းပြောမှုပင်”ပင်][၁]


သိက္ခာပုဒ် ပြင်ဆင်ရန်

ဥဇ္ဈာပနကေ ခိယျနကေ ပါစိတ္တိယံ။ [၁]


မြန်မာပြန် ပြင်ဆင်ရန်

အထင်သေးအမြင်သေးစေကြောင်းစကားကို ပြောဆိုခြင်း (ကဲ့ရဲ့ခြင်း) ကြောင့်၎င်း, အပြစ်ကိုထင်ရှားပြခြင်း (ရှုံ့ချခြင်း) ကြောင့်၎င်း ပါစိတ်အာပတ်သင့်၏။[၁]


ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး