ဥပဒေရေးရာဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Legal Affairs) သည် မြန်မာနိုင်ငံ၏ ဥပဒေရေးရာများကို ဆောင်ရွက်သည့် ဝန်ကြီးဌာနဖြစ်သည်။၂၀၂၁ခုနှစ်တွင် အိမ်စောင့်အစိုးရ ဖွဲ့စည်းပြီးနောက် ဩဂုတ်လ ၃၀ရက်နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဝန်ကြီးဌာနအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။[]လက်ရှိဝန်ကြီးမှာ ဒေါက်တာ ဒေါ်သီတာဦးဖြစ်ကာ ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ပူးတွဲ ထမ်းဆောင်သည်။[]

ဥပဒေရေးရာဝန်ကြီးဌာန
Ministry of Legal Affairs
မြန်မာနိုင်ငံအစိုးရအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၃၀ ဩဂုတ် ၂၀၂၁; ၃ နှစ် အကြာက (၂၀၂၁-၀၈-30)
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်နေပြည်တော်
ဆောင်ပုဒ်ဥပဒေပညာသည် အကျင့်သိက္ခာနှင့်ပြည့်စုံသော ပညာဖြစ်သည်
ဝန်ကြီးများဒေါက်တာ ဒေါ်သီတာဦး၊ ပြည်ထောင်စုဝန်ကြီး
ဒုတိယဝန်ကြီးများဒေါက်တာ ထိန်လင်းဦး
ဝက်ဘ်ဆိုက်oag.gov.mm

ဥပဒေရေးရာ ဝန်ကြီးဌာနအောက်တွင် ယခင်က ဥပဒေများစိစစ်အကြံပြုရေးဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၊ နှင့် စီမံရေးရာဦးစီးဌာန ဟူ၍ ဌာနလေးခုရှိသည်။[]  

၂၀၂၃ ပထမ လေးလပါတ်ကစပြီး ဥပဒေရေးရာဝန်ကြီးဌာနကို ဝန်ကြီးရုံး၊ ဥပဒေများမူကြမ်းစိစစ်ရေးဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန နှင့် ဥပဒေအသိပညာပြန်န့ပွားရေးဦးစီးဌာန ဟူ၍ ဝန်ကြီးရုံး ၁ရုံး၊ဌာန ၄ခုဖြင့် ပြင်ဆင်ဖွဲ့စည်းသည်။ ဝန်ကြီးရုံးနှင့် ဌာန၄ခု တွင် ညွှန်ကြားရေးမှူးချုပ် တစ်ဦးစီက ဦးဆောင်ကာ စီမံခန့်ခွဲသည်။ []

ဝန်ကြီးများ

ပြင်ဆင်ရန်
ပုံ အမည် ရာထူးသက်တမ်း နိုင်ငံရေးပါတီ နိုင်ငံတော်သမ္မတ ဒုတိယဝန်ကြီး
တာဝန်စတင် တာဝန်ပြီးဆုံး ရက်ပေါင်း
ဒေါက်တာဒေါ်သီတာဦး ၃၀ ဩဂုတ် ၂၀၂၁ လက်ရှိ ၁၁၂၀


ဦးမြင့်ဆွေ (ယာယီ) ဒေါက်တာ ထိန်လင်းဦး
ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ပူးတွဲထမ်းဆောင်

ဒုတိယဝန်ကြီးများ

ပြင်ဆင်ရန်
  • ဦးစန်းလွင် (၃၀.၈.၂၀၂၁ - ၁၂.၁၀.၂၀၂၂) (ပြည်ထောင်စု ဒုတိယရှေ့နေချုပ်အဖြစ် ပူးတွဲထမ်းဆောင်)[][]
  • ဒေါက်တာ ထိန်လင်းဦး[] (၃.၈.၂၀၂၃ - လက်ရှိ ) (ပြည်ထောင်စု ဒုတိယရှေ့နေချုပ်အဖြစ် ပူးတွဲထမ်းဆောင်)


  1. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇၆ / ၂၀၂၁"။ 
  2. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇၇ / ၂၀၂၁"။ 
  3. သမိုင်းဖြစ်စဉ် - ဥပဒေရေးရာဝန်ကြီးဌာန။ ၇ မတ် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  4. ဥပဒေရေးရာဝန်ကြီးဌာန ၏ ဖွဲ့စည်းပုံဇယားMinistry of Legal Affairs,Myanmar။ ၁၁ ဇွန် ၂၀၂၃ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  5. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇၈ / ၂၀၂၁"။ 
  6. မြန်မာ့အလင်းသတင်းစာ (၁၃.၁၀.၂၀၂၂)
  7. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၇၀ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်းMOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။