ကောဝိဒါဘိဝံသ၊ ဦး(မစိုးရိမ်ဆရာတော်)

(ဦးကောဝိဓာဘိဝံသ မှ ပြန်ညွှန်းထားသည်)
ဦးကောဝိဒါဘိဝံသ
မွေးနေ့ ၁၂၈၉ ခု၊ ကဆုန်လဆုတ် (ဂ)ရက်နေ့
ဘဝနတ်ထံ ပျံလွန်တော်မူခြင်း
မိဘများ ဦးမောင်စီ + ဒေါ်သိန်းတင်
မွေးဖွားရာဒေသ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အသည်ကြီးရပ်
လူသိများခြင်း သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ
မြန်မာရဟန်းတော်များ အဖွဲ့ချုပ်
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ
တည်ထောင်ခဲ့သည့် အဖွဲ့အစည်း သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ
မြန်မာရဟန်းတော်များ အဖွဲ့ချုပ်
ကွန်ယက်

မွေးဖွားခုနှစ် ပြင်ဆင်ရန်

မစိုးရိမ်ဆရာတော်ကြီး ဘဒ္ဒန္တ ကောဝိဒါဘိဝံသကို ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့၊ အသည်ကြီးရပ်နေ ခမည်းတော် ဦးမောင်စီ၊ မယ်တော် ဒေါ်သိန်းတင်တို့မှ ၁၂၈၉ ခု၊ ကဆုန်လဆုတ် (၈)ရက်နေ့မှာ ဖွားမြင်ခဲ့သည်။

ရဟန်းဖြစ်နှစ် ပြင်ဆင်ရန်

၁၃၀၈-ခု၊ တန်ဆောင်မုန်းလပြည့်နေ့ ပညာသင်ကြားခဲ့သော ကျောင်းတိုက်များဓနုဖြူမြို့ ခင်မကန်ကျောင်းတိုက်၊ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်

အမြင့်ဆုံးအောင်မြင်ခဲ့သော စာမေးပွဲများ ပြင်ဆင်ရန်

သာသနဓဇ သိရီပဝရဓမ္မာစရိယ၊ စေတိယင်္ဂဏ ဓမ္မာစရိယ၊ ပရိယတ္တိသာသနဟိတ (သကျသီဟ) ဓမ္မာစရိယ

သာသနာရေးဆောင်ရွက်ချက်များ ပြင်ဆင်ရန်

၁၃၁၇-ခုမှ ၁၃၆၆−ခုနှစ်တိုင် နှစ်ပေါင်း(၅၀)ကြာ မစိုးရိမ်ကျောင်းတိုက်၌ စာပေများပို့ချခဲ့သည်။ နွေရာသီ အထူးသင်တန်းအဖြစ် ရန်ကုန်မြို့တောင်ဥက္ကလာငွေကြာရံပရိယတ္တိစာသင်တိုက်တွင်လည်း နှစ်ပေါင်းများစွာ စာပေများပို့ချခဲ့သည်။ အထူးသဖြင့် ဓမ္မာစရိယတန်းဆိုင်ရာ၊ ဝိနည်းကျမ်းအဖွင့်ဖြစ်သော ပါရာဇိကဏ်အဋ္ဌကထာကျမ်းပို့ချရာ၌ အထူး အောင်မြင်ကျော်ကြားသည်။ ဆရာတော်ကြီး၏ ၎င်းစာဝါပို့ချရာတွင် စာလိုက်သံဃာများ အလွန်များပြားလှသဖြင့် ကျောင်းရှေ့ သစ်ပင်များအောက်ကပင်လျင် သံဃာတော်များ စာဝါလိုက်ကြရသည်။ ဆရာတော်ကြီးသည် သူ့ခေတ်သူ့ခါအတွင်း အအောင်မြင်ဆုံး ပါရာဇိကဏ်ကျမ်းဆိုင်ရာ စာချအကျော်တစ်ပါးအဖြစ် မှတ်တမ်းပြုနိုင်သည်။ ““တိပိဋကပါဠိ မြန်မာအဘိဓာန်” ကျမ်းပြုအဖွဲ့ဝင်ဆရာတော်တစ်ပါးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

အကျဉ်းစံဘဝ ပြင်ဆင်ရန်

ဆရာတော်ကြီး၏ အမျိုးဘာသာ သာသနာနှင့်စပ်ဆိုင်လာလျှင် တက်တက်ကြွကြွ ပွင့်ပွင့်လင်းလင်း ပါဝင်ပြောဆိုလေ့ရှိသော သဘောထားကြောင့် ၁၉၉၀ ခု၊ စစ်အစိုးရအား သံဃာတော်များက ဝိနည်းတော်နှင့်အညီ ဓမ္မနည်းလမ်းကျကျ ပတ္တနိက္ကုဇ္ဇနကံ ဆောင်ရာဝယ် ဦးဆောင်ဆရာတော်တစ်ပါးအဖြစ် စွပ်စွဲကာ မတရားသဖြင့် ထောင်သုံးနှစ် (၂၂) လကြာ အကျဉ်းချခြင်းကိုလည်း ခံခဲ့ရသည်။

ပြုစုခဲ့သောကျမ်းစာများ ပြင်ဆင်ရန်

  1. မစိုးရိမ်ပါရာဇိကဏ်အဖြေ ပ-ဒု-တ သုံးတွဲ
  2. မစိုးရိမ်သီလက္ခန်အဖြေ
  3. မစိုးရိမ် အဋ္ဌသာလိနီအဖြေ
  4. တိပိဋက ပါဠိမြန်မာ အဘိဓာန်ကျမ်း

ထမ်းဆောင်ခဲ့သောသာသနာ့တာဝန်များ ပြင်ဆင်ရန်

ဆရာတော်ဘုရားသည် -

  1. မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ပိဋကနယူပဒေသကျောင်း မစိုးရိမ် ကျောင်းတိုက်ကြီး၏ မဟာနာယက စာချဆရာတော်၊
  2. ယဉ်ပုံပရိယတ္တိစာသင်တိုက်၏ မဟာနာယက၊
  3. ရှမ်းပြည်နယ် မန်းပြိန်းကျောင်းတိုက်၏ ပဓာနမဟာနာယက၊
  4. တိပိဋက အဘိဓာန်ကျမ်းပြုအဖွဲ့ဝင်အဖြစ် သာသနာ့တာဝန်များ ထမ်းဆောင်ခဲ့သည်။

ပြည်ပ သာသနာပြုလုပ်ငန်းများ ပြင်ဆင်ရန်

ဆရာတော်ဘုရားကြီးသည် သက်တော်ဝါတော် ကြီးမြင့်ပြီဖြစ်သော်လည်း ဗုဒ္ဓသာသနာ မြန်မာပြည်က ပျောက်ကွယ်မည့်အရေး တွေ့မြင်ရသောအခါ၌ မျက်နှာလွှဲ မနေနိုင်အားပဲ အားတက်သရော ရှေ့တန်းမှပါဝင်ကာ ဟောပြောစည်းရုံး ရှေ့ဆောင်လမ်းပြ နေဆဲဖြစ်သည်။ ၂၀ဝ၇ အောက်တိုဘာ ၂၇ တွင် ထူထောင်ခဲ့သော ပြည်ပရောက် မြန်မာရဟန်းတော်များဖြင့် ဖွဲ့စည်းထားသည့် သာသနာ့မောဠိ - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်ကြီး၏ ပဓာနစေရ ဆရာတော်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

ဘဝနတ်ထံ ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

မစိုးရိမ်တိုက်ဟောင်း ဆရာတော် ဘဒ္ဒန္တဦးကောဝိဒါဘိဝံသ သက်တော် (၈၁) နှစ်၊ သိက္ခာတော် (၆၂) ဝါသည် ယမန်နေ့ နေ့လယ် ဒေသစံတော်ချိန် (၁) နာရီ (၇) မိနစ်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ဘရွတ်ကလင်းအရပ်ရှိ ဆေးရုံတခု၌ နှလုံးရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူသွားသည်။