ဦးကျော်လှ သံချို (သိုက်ဝင်)

ဦးကျော်လှ သံချို (သိုက်ဝင်) ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

ဦးကျော်လှ သံချို (သိုက်ဝင်) ပြင်ဆင်ရန်

ငါးမာန်အောင် ဘဂဝါရှင်၏၊ ငါးထောင့်သာသနာတွင်၊ တဝက်ကျော်ချိန်နီးပြီမို့၊ အထက်ပေါ် ဝတိန်ထီးရယ်က၊ အရှိန်ကြီးပါတဲ့ သိကြားသာသနာ၊ ဘုရားမှာပါတဲ့၊ ရွှေသိုက်ကျမ်း။

နှစ်ကောဇာ သုံးရာက စွန်းပြန်တော့၊ ဓာတ်ကောလီ သုံးဆယ်ယွန်းကာမှ၊ ထွန်းသပ − ပါပထိုအခါ၌၊ ပျိုကညာဖျက်ကိန်းနှင့်၊ မယိမ်းပ ကြုံပြန်လာ၍၊ ဒဂုံဟံသာ ကျေးမှာလ၊ လောဟိတံ ချောင်းရေသွေးရယ်က၊ ရင်လေးဖွယ်ငြစ်အစုတ် − ရှစ်ဆုပ်ခေါ်၊ ဝက်တောင်ကူးလိမ့်မတဲ့၊ ဉာဏ်ထူးသူ ပေါင်းသဟာယတို့ရယ်၊ လောင်းရာမ ဗုဒ္ဓရာဇာဟာလေ၊ မုချလာမှမလွဲပါဘူး၊ သက္ကရာဇ် တွက်စစ်ကာ နွှဲလို်က်တော့၊ မလွဲပ ထောင်သုံးရာ၊ သုံးဆယ့်သုံးတွင်မှ၊ ရွှင်ပြုံးရာ ကောင်းကျိုးအထွေထွေနှင့်၊ ဒေါင်းအိုးဝေ မြည်သံချိုလို့မို့၊ ပိုမိုမြန်မာ အတွင်းမှာဖြင့်၊ သာသနာလင်းစေဖို့၊ ဒို့ပလ္လင် ဒို့ဘုရင်ရွှေနန်း။

မျိုးမြန်မာ ကိုးစရာရတနာ ထုံးရယ်နှင့်၊ ရွှင်ပြုံးကာ ပဉ္စသီငဲ့ပြင်၊ အဌင်္ဂီသီလ မယိမ်းကြစေနှင့်၊ စောင့်ထိန်းကာ မျှော်သာအစဉ် မြှော်ကြတော့၊ အပေါ်လာခင် ဘေးအကြမ်း၊ အေးချမ်းလိမ့်မလွဲ။

ဂေါ်ယာနော် အနောက်ကျွန်းဆီသို့၊ ဖလ်နေဝန်းယွန်းချိန်အခါမို့၊ ထွန်းသိင်္ခါ မြန်မာဘွယ်တို့ရယ်၊ မှန်စွာသနားလျှင်၊ တိုင်းပြည်ကို အထွေထွေမခွဲကြပါနှင့်၊ ဗုဒ္ဓဘာသာ သမ္မာအယူမြဲပါလို့၊ မနုဿမှန်စွာ မြန်မာလူခပဲတို့ရယ်၊ အားခဲကာ မြတ်ဘုရားကိုလ၊ ဝတ်တွားကာ ဦးတော်တင်င၊ ဖူးမြော်လင် ကပ်သုံးဖြာအမှန်ကျော်လို့ရယ်၊ မြော်ဆင်ခြင်ပညာနှင့်၊ သူတော်အပေါင်းတို့မှာ၊ ကောင်းမည့်ခေတ်ပဲ။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ဤကဗျာကို မောင်းထောင် ဦးသုဒဿနထံမှ ရခဲ့သည်။ ကဗျာအချိုးများမမှန်တော့ပေ။ အတော် မှားယွင်းနေသည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။