ဦးထင်ကျော်အစိုးရ

၂၀၁၅ရွေး​ကောက်ပွဲတွင် အနိုင်ရကာတက်လာသည့်အစိုးရ
(ဦးထင်ကျော် အစိုးရ မှ ပြန်ညွှန်းထားသည်)

ဦးထင်ကျော် အစိုးရသည် သမ္မတ ဦးထင်ကျော် ကို အမှူးထား၍ အတိုင်ပင်ခံပုဂ္ဂိုလ်ခေါင်းဆောင်သော အစိုးရအဖွဲ့ ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လ ၃၀ မှစ၍ ၂၀၁၈ခုနှစ် မတ်လ ၃၀ရက်နေ့ထိ အာဏာရသောအစိုးရ ဖြစ်သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် ဦးမြင့်ဆွေမှ တစ်ပတ်တာဝန်ယူခဲ့ပြီး သမ္မတအသစ်အဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်ခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ကြောင်း ကြေညာချက်ထုတ်ပြန်ကာ အစိုးရအဖွဲ့အသစ်ကို ဖွဲ့စည်းခဲ့သည်။

ဦးထင်ကျော်အစိုးရ

အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ
အစိုးရအဖွဲ့အကြီးအကဲများ
ဖွဲ့စည်းရက်စွဲ၃၀ မတ် ၂၀၁၆
ဖျက်သိမ်းရက်စွဲ၃၀ မတ် ၂၀၁၈
လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ
နိုင်ငံတော်ခေါင်းဆောင်
အစိုးရခေါင်းဆောင်
ဒုတိယ ခေါင်းဆောင်
ဝန်ကြီး ဦးရေ၂၄
အဖွဲ့ဝင် ပါတီအန်အယ်ဒီ-တပ်မတော်-MNP
အတိုက်အခံ ပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
သမိုင်း
ရွေးကောက်ပွဲအထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅
ယခင်ဦးသိန်းစိန် အစိုးရ
ဆက်ခံဦးဝင်းမြင့်အစိုးရ

ခြုံငုံသုံးသပ်ချက် ပြင်ဆင်ရန်

အန်အယ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်လာမည်ဖြစ်သော်လည်း သူ၏ခင်ပွန်းနှင့်သား ၂ ယောက်မှာ ဗြိတိန်နိုင်ငံသား ခံယူထားသောကြောင့် ၂၀၀၈ အခြေခံဥပဒေအရ သမ္မတဖြစ်မလာပေ။

အခြေခံဥပဒေအရ နယ်စပ်ရေးရာ ဝန်ကြီးဌာနပြည်ထဲရေး ဝန်ကြီးဌာန နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့မှ ဝန်ကြီးများကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တိုက်ရိုက်ခန့်အပ်သည်။ ကျန် ဝန်ကြီး ၁၅ဦးကို သမ္မတမှ ခန့်အပ်သည်။ အများစုမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှဖြစ်ကာ ၂ ဦးမှာ ပြည်ခိုင်ဖြိုးနှင့် အချို့မှာ ပြင်ပမှ ဖြစ်သည်။

နိုဝင်ဘာ ၂၄၊ ၂၀၁၇ တွင် ဝန်ကြီးဌာနအသစ် ၂ခုဖြစ်သော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့ကို ဖွဲ့စည်းခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ၂၁ ရက်နေ့တွင် ဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် ဦးမြင့်ဆွေမှ တစ်ပတ်တာဝန်ယူခဲ့ပြီး သမ္မတအသစ်အဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်ခဲ့သည်။၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုအစိုးရအဖွဲ့ပြင်ဆင်ကြောင်း ကြေညာချက်ထုတ်ပြန်ကာ အစိုးရအဖွဲ့အသစ်ကို ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြင်ဆင်ရန်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပါတီ၏ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက် အစိုးရအဖွဲ့အတွင်း မြင့်မားသောနေရာရရန်အတွက် ၂၀၁၆ ခုနှစ် ဧပြီ ၆ ရက်နေ့တွင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုသည်မှာ ဝန်ကြီးချုပ်ကဲ့သို့ပင် ဖြစ်သည်။

အစိုးရအဖွဲ့ ဖွဲ့စည်းမှု ပြင်ဆင်ရန်

အဖွဲ့ဝင်များမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတပ်မတော်မွန်အမျိုးသားပါတီတို့မှ နီးစပ်သူများ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရစတင်ဖွဲ့စည်းချိန်၌ အဓိကဝန်ကြီးဌာန ၄ ခု ကိုင်တွယ်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဧပြီလတွင် ပညာရေးနှင့် လျှပ်စစ်/စွမ်းအင်တို့ကို ဝန်ကြီးအသစ် ၂ ဦးကို လွှဲပေးခဲ့သည်။ ထို့အပြင် အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော်၏ အသုံးစရိတ်များလျော့ချရန် ဝန်ကြီးဌာနများ ပူးပေါင်းဖွဲ့စည်းကာ အစပိုင်းတွင် ဒုတိယဝန်ကြီးများကို ခန့်အပ်ခြင်းမရှိခဲ့ပေ။​နောက်ပိုင်းတွင်မှ ခန့်အပ်ခဲ့သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၈ တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးထွန်းဝင်းနှင့် ပြည်​ထောင်စုဝန်ကြီး ဒေါက်တာအောင်သူတို့အကြား ပဋိပက္ခကြောင့် ဒုတိယဝန်ကြီးနုတ်ထွက်ခဲ့ရသည်။ ၂၀၁၇ ဩဂုတ်လတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း ကျန်းမာရေးအခြေအနေကြောင့် အနားယူခဲ့သည်။

၂၀၁၇ နိုဝင်ဘာ ၂၇ တွင် ဝန်ကြီးဌာနအသစ် ၂ ခု ဖြစ်သော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့ကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့၍ ဝန်ကြီးဌာန ၂၄ ခု ရှိလာခဲ့သည်။ နောက်ပိုင်းတွင် ဝန်ကြီးဌာနအသစ်များအပြင် ဒုဝန်ကြီးအမြောက်အမြား ခန့်အပ်ခဲ့၍ လူပြောစရာဖြစ်ခဲ့သည်။[၁]

အစိုးရအဖွဲ့ ပြင်ဆင်ရန်

ဝန်ကြီးများ ပြင်ဆင်ရန်

စဉ် ဝန်ကြီးဌာန အမည် တာဝန်ထမ်းဆောင်ခြင်း
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
နိုင်ငံခြားရေး ဝန်ကြီးဌာန[၂] ဒေါ်အောင်ဆန်းစုကြည် ၃၀ မတ် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၃၀


သမ္မတရုံး ဝန်ကြီးဌာန
ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ၃၀ မတ် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၃၀


ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ၃၀ မတ် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၃၀


နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ၃၀ မတ် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၃၀


နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဦးကျော်တင့်ဆွေ ၁၇ ​မေ ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၆၈၂


ပြန်ကြားရေးဝန်ကြီးဌာန ဒေါက်တာ ဖေမြင့် ၃၀ မတ် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၃၀


သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သူရဦးအောင်ကို ၃၀ မတ် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၃၀


စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒေါက်တာအောင်သူ ၃၀ မတ် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၃၀


၁၀ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဦးသန့်စင်မောင် ၃၀ မတ် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၃၀


၁၁ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဦးအုန်းဝင်း ၃၀ မတ် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၃၀


၁၂ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒေါ်အောင်ဆန်းစုကြည်[၃] ၃၀ မတ် ၂၀၁၆ ၆ ဧပြီ ၂၀၁၆


ဦးဖေဇင်ထွန်း ၆ ဧပြီ ၂၀၁၆ ၁ ဩဂုတ် ၂၀၁၇ ၄၈၂


ဦးဝင်းခိုင် ၁ ဩဂုတ် ၂၀၁၇ ၃၀ မတ် ၂၀၁၈ ၂၄၁


၁၃ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးသိန်းဆွေ ၃၀ မတ် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၃၀


၁၄ စက်မှု ဝန်ကြီးဌာန ဦးခင်မောင်ချို ၃၀ မတ် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၃၀


၁၅ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒေါက်တာ သန်းမြင့် ၃၀ မတ် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၃၀


၁၆ ပညာရေးဝန်ကြီးဌာန[၃] ဒေါ်အောင်ဆန်းစုကြည် ၃၀ မတ် ၂၀၁၆ ၆ ဧပြီ ၂၀၁၆


ဒေါက်တာမျိုးသိမ်းကြီး ၆ ဧပြီ ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၂၃


၁၇ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန (ယခင် ကျန်းမာရေး ဝန်ကြီးဌာန) ဒေါက်တာမြင့်ထွေး ၃၀ မတ် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၃၀


၁၈ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဦး​ကျော်ဝင်း ၃၀ မတ် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၃၀


၁၉ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဦးကျော်တင် ၂၃ နိုဝင်ဘာ ၂၀၁၇ ၃၀ မတ် ၂၀၁၈ ၁၂၇


၂၀ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဦးဝင်းခိုင် ၃၀ မတ် ၂၀၁၆ ၁၅ ဇန်နဝါရီ ၂၀၁၈ ၆၅၆


ဦးဟန်ဇော် ၁၈ ဇန်နဝါရီ ၂၀၁၈ ၃၀ မတ် ၂၀၁၈ ၇၁


၂၁ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒေါက်တာဝင်းမြတ်အေး ၃၀ မတ် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၃၀


၂၂ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဦးအုန်းမောင် ၃၀ မတ် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၃၀


၂၃ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန နိုင်သက်လွင် ၃၀ မတ် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၃၀


၂၄ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ၅ ဧပြီ ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၇၂၄


ဒုတိယဝန်ကြီးများ ပြင်ဆင်ရန်

အစိုးရအဖွဲ့စတင်သည့် ၂၀၁၆ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ဒုတိယဝန်ကြီးများ ပါဝင်ခြင်း မရှိခဲ့သော်လည်း နောက်ပိုင်းတွင်မှ ဒုတိယဝန်ကြီးများ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။[၄]

စဉ် ဝန်ကြီးဌာန အမည် တာဝန်ထမ်းဆောင်ခြင်း
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
နိုင်ငံခြားရေး ဝန်ကြီးဌာန ဦးကျော်တင် ၃ ​မေ ၂၀၁၆ ၂၇ နိုဝင်ဘာ ၂၀၁၇ ၅၇၃


သမ္မတရုံး ဝန်ကြီးဌာန ဦးမင်းသူ ၁၂ ဒီဇင်ဘာ ၂၀၁၆[၅] ၃၀ မတ် ၂၀၁၈ ၄၇၃


ပြည်ထဲရေး ဝန်ကြီးဌာန ဗိုလ်ချုပ် အောင်စိုး[၆] ၃ မေ ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၆၉၆


ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်ချုပ် မြင့်နွယ် ၃ မေ ၂၀၁၆[၆] ၃၀ မတ် ၂၀၁၈ ၆၉၆


နယ်စပ်ရေးရာ ဝန်ကြီးဌာန ဗိုလ်ချုပ် သန်းထွဋ် ၃ မေ ၂၀၁၆[၆] ၃၀ မတ် ၂၀၁၈ ၆၉၆


နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဦးခင်မောင်တင် ၄ ဇူလိုင် ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၆၃၄


ပြန်ကြားရေးဝန်ကြီးဌာန ဦးအောင်လှထွန်း ဇန်နဝါရီ ၂၀၁၈[၇] ၃၀ မတ် ၂၀၁၈
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒေါက်တာ ထွန်းဝင်း ၂ မေ ၂၀၁၆ ၁၈ နိုဝင်ဘာ ၂၀၁၈ ၂၀၀


ဦးလှ​ကျော် ၁၂ ဒီဇင်ဘာ ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၄၇၃


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဦးကျော်မျိုး ၁၂ မေ ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၆၈၇


၁၀ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒေါက်တာထွန်းနိုင် ၁၂ စက်တင်ဘာ ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၅၆၄


၁၁ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဦး​မောင်​မောင်ဝင်း ၃ ​မေ ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၆၉၆


ဦးဆက်အောင် ၃၁ ဇူလိုင် ၂၀၁၇ ၃၀ မတ် ၂၀၁၈ ၂၄၂


၁၂ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဦး​အောင်ထူး ၂၀ ဧပြီ ၂၀၁၇ ၃၀ မတ် ၂၀၁၈ ၃၄၄


၁၃ ပညာရေးဝန်ကြီးဌာန ဦးဝင်း​မော်ထွန်း ၁၂ စက်တင်ဘာ ၂၀၁၆ ၃၀ မတ် ၂၀၁၈ ၅၆၄


၁၄ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဦးကျော်လင်း ၅ ဇွန် ၂၀၁၇ ၃၀ မတ် ၂၀၁၈ ၂၉၈


၁၅ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဦးစိုးအောင် ၂၇ စက်တင်ဘာ ၂၀၁၇ ၃၀ မတ် ၂၀၁၈ ၁၈၄


ကိုးကား ပြင်ဆင်ရန်