ထွန်းစိန်၊ ဦး (EEE)

(ဦးထွန်းစိန် EEE မှ ပြန်ညွှန်းထားသည်)

ဦးထွန်းစိန်သည် အင်္ဂလိပ်ဘာသာစကား သင်ကြားပို့ချပေးသူတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားဆိုင်ရာ စာအုပ်နှင့် ဆောင်းပါးများကို ရေးသားနေသူတစ်ဦးဖြစ်သည်။

ဦးထွန်းစိန် (EEE) သည် ၁၉၇၄ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ သိပ္ပံဘွဲ့ရသည်။ ၁၉၇၆ ခုနှစ်မှ စပြီး မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းတွင် အရာထမ်းအဖြစ် နိုင်ငံတာဝန် ထမ်းဆောင်လျက်ရှိသည်။

ပစ္ဆိမာရုံပညာဒါနကျောင်း၊ မနောရမ္မပညာဒါကျောင်း၊ ကေအမ်ပညာဒါနကျောင်းများတွင် အင်္ဂလိပ်ဘာသာကို ပို့ချလျက်ရှိသည်။ Englsih For All မဂ္ဂဇင်း၊ Global English မဂ္ဂဇင်းတို့တွင် ပင်တိုင်ဆောင်းပါးရှင်အဖြစ် ၁၉၉၇ ခုနှစ်မှစပြီး အင်္ဂလိပ်ဘာသာပညာပေးဆောင်းပါးများ ရေးသားလျက်ရှိသည်။ Jet Set English ခေါ် အင်္ဂလိပ်စကားပြောစာအုပ်၊ နေ့စဉ်သုံး အင်္ဂလိပ်စကားများစာအုပ်တို့ကို ရေးသားခဲ့သည်။

ဆရာ ဦးခင်မောင်ဝင်း (ဒေါ်ခင်မျိုးချစ် ၏ ခင်ပွန်း) ရေးသားပြုစုသော နေ့စဉ်သုံးအင်္ဂလိပ်စကားပြော (Everyday Expression in English) ကို လက်ကိုင်ပြု သင်ကြားပေးခြင်းကို အစွဲပြု၍ ဦးထွန်းစိန် အည်နောက်တွင် (EEE) ဟု ထည့်ထားခြင်းဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်