အရှင်ဩပဝယှထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တွင် ဖြစ်၏။ အရှင်ဩပဝယှထေရ်သည် မြတ်စွာဘုရားအား အာဇာနည်မြင်းကို လှူဒါန်း၏။ ထိုအခါ မြတ်စွာဘုရားတပည့်အဂ္ဂသာဝက “ဒေဝလ” သည် အရှင်ဩပဝယှထေရ်သို့ ကြွလာ၏။ ထို့နောက် အရှင်ဩပဝယှထေရ်အား “မြတ်စွာဘုရားနှင့် အာဇာနည်မြင်းသည် မအပ်စပ်။ သို့သော် မြတ်စွဘုရားသည် သင်၏ လှူလိုခြင်းအကြံကိုသိ၍ လက်ခံတော်မူ၏” မိန့်၏။

ထိုအခါ အရှင်ဩပဝယှထေရ်သည် ထိုမြင်းကို အဖိုးဖြတ်ကာ မြတ်စွာဘုရားအား သင်္ကန်းပရိက္ခရာတို့ကို လှူ၏။ [၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

အရှင်ဩပဝယှထေရ်သည် ဇမ္ဗူကျွန်းလုံးကို အစိုးရသည့် စကြာမင်း နှစ်ဆယ့်ရှစ်ကြိမ် ဖြစ်ခဲ့၏။ သုံးသောင်းလေးထောင်သော ကမ္ဘာထက်တွင် စကြဝတေးမင်း ဖြစ်ခဲ့၏။ [၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဩပဝယှထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဗီဇနိဝဂ်