၁၉၆၆ အာရှ အားကစားပြိုင်ပွဲ

၁၉၆၆ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1966 Asian Games) သည် ထိုင်းနိုင်ငံဘန်ကောက်မြို့ ၌ ၁၉၆၆ခုနှစ် ဒီဇင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၂၀ရက်နေ့အထိ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုင်းနိုင်ငံဘုရင် ဘူမိဘော အဒူလျာဒက် မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

၁၉၆၆ အာရှ အားကစားပြိုင်ပွဲ
V Asian Games
ကျင်းပရာမြို့ထိုင်းနိုင်ငံဘန်ကောက်မြို့
ဆောင်ပုဒ်Ever Onward
ပါဝင်သော နိုင်ငံများ၁၈
ပါဝင်ဆင်နွဲသော အားကစားသမားများ၁,၉၄၅
ကစားပွဲအမျိုးအစား၁၄၂ (၁၆နည်း)
ဖွင့်ပွဲအခမ်းအနား၉ ဒီဇင်ဘာ
ပိတ်ပွဲအခမ်းအနား၂၀ ဒီဇင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဘူမိဘော အဒူလျာဒက်
(ဘုရင်)
အဓိကအားကစားကွင်းစူပါချာလာဆိုင် အားကစားကွင်း
၁၉၆၂ ၁၉၇၀  >

နိုင်ငံ (၁၈)နိုင်ငံမှ အားကစားသမား (၁,၉၄၅)ဦးတို့သည် အားကစားနည်း (၁၆)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို စူပါချာလာဆိုင် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံကိုရီးယားသမ္မတနိုင်ငံထိုင်းနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

လက်ခံကျင်းပခြင်း ပြင်ဆင်ရန်

အားကစားကွင်းများ ပြင်ဆင်ရန်

အမျိုးသားအားကစားပြိုင်ဝင်း ပြင်ဆင်ရန်

  • စူပါချာလာဆိုင် အားကစားကွင်း (ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ပြေးခုန်ပစ်၊ ဘောလုံး)
  • Chantanayingyong အားကစားရုံ (ဘော်လီဘော)
  • Dhephatsadin အားကစားကွင်း (ဟော်ကီ)
  • Nimibutr မိုးလုံလေလုံအားကစားရုံ (ဘတ်စကက်ဘော)
  • တင်းနစ် အားကစားကွင်း (တင်းနစ်)
  • Wisutarom ရေကူးကန် (ဒိုင်ဗင်၊ ရေကူး)

ဟွာမက် အားကစားပြိုင်ဝင်း ပြင်ဆင်ရန်

  • ဟွာမက် မိုးလုံလေလုံအားကစားရုံ (ကြက်တောင်ရိုက်၊ လက်ဝှေ့)
  • သေနတ်ပစ်ကွင်း (သေနတ်ပစ်)
  • စက်ဘီးစီး အားကစားရုံ (စက်ဘီးစီး)

ချူလာလောင်ကွန်းတက္ကသိုလ် အားကစားပြိုင်ဝင်း ပြင်ဆင်ရန်

  • ချူလာဘောလုံးအားကစားကွင်း (ဘောလုံး)
  • ချူလာ ကျောင်းသားသမဂ္ဂ ခန်းမ (စားပွဲတင်တင်းနစ်)
  • ချူလာ ရေကူးကန် (ဝါတာပိုလို)

ဓမ္မသတ်တက္ကသိုလ် ပြင်ဆင်ရန်

  • အားကစားရုံ (ဘော်လီဘော)

အခြား (ဘန်ကောက်) ပြင်ဆင်ရန်

  • ယဉ်ကျေးမှုခန်းမ (အလေးမ)
  • Amporn Garden ခန်းမ (နပန်း)

ပွဲများနှင့်အားကစား ပြင်ဆင်ရန်

ပါဝင်​သော အားကစားနည်းများ ပြင်ဆင်ရန်

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    •  ဒိုင်ဗင်
    •  ​ရေကူး
    •  ဝါတာပိုလို
  •  ​ပြေးခုန်ပစ်
  •  ကြက်​တောင်ရိုက်
  •  ဘတ်စကက်​ဘော
  •  လက်​ဝှေ့
  •   စက်ဘီးစီး
  •  ​ဟော်ကီ
  •  ​ဘောလုံး
  •  ​သေနတ်ပစ်
  •  စားပွဲတင်တင်းနစ်
  •  တင်းနစ်
  •  ဘော်လီ​ဘော
  •   အ​လေးမ
  •  နပန်း

ပါဝင်သည့်နိုင်ငံများ ပြင်ဆင်ရန်

ဆုတံဆိပ်ဇယား ပြင်ဆင်ရန်

Key

  *   အိမ်ရှင်

၁၉၆၆ အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
  ဂျပန် ၇၈ ၅၃ ၃၃ ၁၆၄
  တောင်ကိုရီးယား ၁၂ ၁၈ ၂၁ ၅၁
  ထိုင်း* ၁၂ ၁၄ ၁၁ ၃၇
  မလေးရှား ၁၈
  အိန္ဒိယ ၁၁ ၂၁
  အီရန် ၁၇ ၃၁
  အင်ဒိုနီးရှား ၁၂ ၂၂
  တရုတ်သမ္မတနိုင်ငံ ၁၀ ၁၉
  အစ္စရေး ၁၁
၁၀   ၁၅ ၂၅ ၄၂
၁၁   ပါကစ္စတန်
၁၂   မြန်မာ
၁၃   စင်ကာပူ ၁၂
၁၄   ​တောင်ဗီယက်နမ်
၁၅  ဆီလွန်
၁၆   ဟောင်ကောင်
စုစုပေါင်း (16 NOCs) ၁၄၀ ၁၄၀ ၁၇၀ ၄၅၀

ကိုးကား ပြင်ဆင်ရန်

  1. အာရှအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေ။ 16 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 January 2022 တွင် ပြန်စစ်ပြီး။