၂၀၁၇ ဘဟာဝါလ်ပါး ပေါက်ကွဲမှု

၂၅ ဇွန် ၂၀၁၇ တွင် ဆီတင်ထရပ်ကား တစ်စီးသည် ပါကစ္စတန်နိုင်ငံ၊ ဘဟာဝါလ်ပါး ခရိုင် (Bahawalpur District)တွင် အန်မက်ပါး(Ahmedpur East) အနီး ပေါက်ကွဲရာ၊ အနည်းဆုံး အယောက် ၁၇၀ သေဆုံးပြီး ၁၃၀ ထက်ပို၍ ဒဏ်ရာရသည်။ အင် ၅ နိုင်ငံအဆင့် အဝေးပြေလမ်းမ (N-5 National Highway) ပေါ်တွင် ကားမောင်းသူက ဆွဲကွေ့ရန် ကြိုးစားရာ၌ ထရပ်ကားသည် မှောက်သွားသည်။ ကားမှောက်သတင်းသည် အနီးရှိ ရွာများသို့ တောမီးပမာ ပျံ့နှံ့သွားရာ၊ လောင်စာဆီကုန်ပစ္စည်းများ တင်ဆောင်လာသော ထရပ်ကားကို လုယက်ရန် ရာပေါင်းများစွာသော ဒေသခံများသည် အခင်းဖြစ်ရာသို့ ပြေးထွက်လာကြသည်။ ထိုသည့်နောက် ထရပ်ကား ပေါက်ထွက်ရာ အစောပိုင်း သတင်း အစီရင်ခံချက်များက ပေါက်ကွဲမှုသည် စီးကရက် မီးညှိသည့်အတွက် ဖြစ်ပွားရသည်ဟု ဆိုသည်။

2017 Bahawalpur explosion
Ahmedpur East သည် Punjab, Pakistan တွင် တည်ရှိသည်
Ahmedpur East
Ahmedpur East
Ahmedpur East (Punjab, Pakistan)
Ahmedpur East သည် ပါကစ္စတန်နိုင်ငံ တွင် တည်ရှိသည်
Ahmedpur East
Ahmedpur East
Ahmedpur East (ပါကစ္စတန်နိုင်ငံ)
အချိန်06:30 PKT (01:00 GMT)
နေ့ရက်25 June 2017
တည်နေရာAhmedpur East, Punjab, Pakistan
သေဆုံးသူ170
ဒဏ်ရာရသူ130+ (50 serious injuries)

အခင်း ပြင်ဆင်ရန်

ဒေသစံတော်ချိန် ၆ နာရီ ခန့်(01:00 GMT)၌၊ လောင်စာဆီ လီတာ ၄၀,၀၀၀ (၁၀.၅၆၇ ဂါလန်) ကို တင်ဆောင်လာသော ထရပ်ကား တစီးသည် ပါကစ္စတန်၊ ပန်ဂျပ်ပြည်နယ်၊ ဘဟာဝါလ်ပါး ခရိုင်၊ အန်မက်ပါး အရှေ့ဘက် အနီးတွင် အင် ၅ နိုင်ငံအဆင့် အဝေးပြေးလမ်းမကြီးပေါ်၌ ဆွဲကွေ့ရန် ကြိုးစားရန် ဘီးပေါက်ပြီး မှောက်သည်။ ထရပ်ကားမှ ကရာချိ (Karachi)မှ လာဟိုး (Lahore)သို့ သွားနေစဉ် ဖြစ်သည်။

အချင်းဖြစ် သတင်းသည် အနီးရှိ ရန်ဇန်ပါးဂျိုယာ (Ramzanpur Joya)ရွာသို့ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားရာ၊ ဒေသဗလီ တလုံး၏ ထိပ်မှ အသံချဲ့စက်ဖြင့် ရွာသားများကို နှိုးဆော်သည်။[၁] ကလေး၊ လူကြီး၊ မိန်းမပါမကျန် လမ်းနံဘေးရှိ သရက်ခြံများ၌ အလုပ်လုပ်နေသော လူပေါင်းများစွာ ( အယောက် ၅၀၀ ခန့်ဟုလည်း ခန့်မှန်း[၂]) သည် ယိုထွက်နေသော ဓာတ်ဆီကို စုဆောင်းရန် ချက်ချင်းဆိုသကဲ့သို့ ရောက်ရှိလာသည်။ ထိုဧရိယာတဝိုက်ကို ရှင်းလင်းရန် ရဲက ကြိုးပမ်းသည်ကိုလည်း လူအုပ်ကြီးက ဂရုမစိုက်ချေ။[၃] ၁၀ မိနစ်ခန့် ကြာသော်၊ ပျက်စီးသွားသော ကွန်တိန်နာမှ ယိုထွက်လာသည့် ဓာတ်ဆီ မီးလောင်၍ ထရပ်ကား ပေါက်ကွဲသော်၊ အနည်းဆုံး ၁၅၇ ဦး သေဆုံး၊ ၁၄၀ ထက် ပိုပြီး ဒဏ်ရာ ရကုန်သည်။[၄] အချို့ သတင်းများကလည်း ထရပ်ကား စမှောက်ပြီး ၄၅ မိနစ်ကြာမှ ပေါက်ကွဲသည်ဟုလည်း ဆိုသည်။[၃][၅]

ပေါက်ကွဲရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ သတင်းများသည် အငြင်းပွားနေကြပြီး၊ အချို့က မှောက်သွားသော ဆီတင်ကားအနီး ဆေးလိပ် မီးညှိသည့်အတွက် ဓာတ်ဆီ မီးစွဲလောင်ခြင်းဟု လည်းကောင်း၊[၃] အချို့က အခင်းဖြစ်ရာသို့ အပြေးလာကြသော မြောက်မြားလှသည့် မော်တော်ဆိုင်ကယ်နှင့် ကားများထဲမှ တစီး၏ မီးပွား ကျရာမှ လောင်သည်ဟုလည်းကောင်း ဆိုကြသည်။[၆]

တုံ့ပြန်မှု ပြင်ဆင်ရန်

ဟိုင်းဝေးရဲများသည် ယာဉ်ကြောကို ခေတ္တ ပိတ်ပြီး၊ နူးအာပါး နော်ရမ်းဂါအနီးနှင့် ဒေရာ နဝက် အနီး လမ်းခွဲ နှစ်ခုကို ဖွင့်ပေးသည်။[၇] ကယ်ဆယ်ရေးနှင့် မီးသတ်သည် မီး‌စွဲလောင်ပြီးနောက် ချက်ချင်း ရောက်ရှိလာပြီး၊ ကယ်ဆယ်ရေး အစီအစဉ်များ အစပျိုးသည်။ မီး ငြိမ်းသည်အထိ မီးသတ်သမားများသည် မီးညွန့်ကို နှစ်နာရီကျော် တိုက်ပွဲဝင်ခဲ့သည်။[၈]

အနည်းဆုံး နစ်နာသူ ၉၀ ကို ဘဟာဝါလ်ပါးရှိ ခရိုင်ဆေးရုံနှင့် ဘဟာဝါလ်ပါး ဗစ်တိုးရီးယား ဆေးရုံသို့ ပို့ဆောင်သည်။ ဘဟာဝါလ်ပါးမှ မူလတန်ရှိ နစ်ထားဆေးရုံသို့ ဒဏ်ရာရ လူ ၅၁ ဦးကို ရွှေ့ပြောင်းရန် ပါကစ္စတန် စစ်တပ် ရဟတ်ယာဉ်များကို အသုံးပြုသည်။[၆]

နောက်ဆက်တွဲ ပြင်ဆင်ရန်

အလောင်းအများစုသည် မမှတ်မိနိုင်လောက်အောင် မီးလောင်သွားပြီး၊ အများစုသည် အရိုးစုသာ ကျန်သည်။[၂] ပေါက်ကွဲမှုတွင် ကား ခြောက်စီးနှင့် ဆိုင်ကယ် ဆယ့်နှစ်စီး မီးလောင်သည်။ ဓာတ်ဆီ စုရန် ဟူ၍ နစ်နာသူများ ယူဆောင်လာသော မီးဖိုချောင် ပစ္စည်းများ၊ အိုးများ၊ ရေအေးစက်များ၊ ဂျယ်ရီဘူးများနှင့် ပုံးများ ဟိုင်းဝေးလမ်းမပေါ် ပြန့်ကြဲသည်။ ဓာတ်ဆီကား မောင်းသူမှာ အသက်ရှင်ပြီး ထိန်းသိမ်းခြင်း ခံရသည်။[၉]

အရေးယူမှု ပြင်ဆင်ရန်

ပြည်တွင်း ပြင်ဆင်ရန်

ဝန်ကြီးချုပ် နဝက် ရှရစ်က ဝမ်းနည်းကြောင်း ဖော်ပြပြီး၊ အလုံးစုံ ဆေးဝါး စောင့်ရှောက်မှု ပေးရန် ပန်ဂျပ်အစိုးရကို ညွှန်ကြားသည်။ လန်ဒန်၌ သီးသန့် ခရီးစဉ်ကို ဖျက်ပြီး၊ ပေါက်ကွဲမှု ဖြစ်ပြီးနောက် ပါကစ္စတန်သို့ ပြန်လာသည်။

ပြည်ပ ပြင်ဆင်ရန်

ပါကစ္စတန်ရှိ ဗြိတိန် ဟိုက်ကော်မရှင်အဖွဲ့၊[၁၀] အစ္စလမ်မာဘက် ရှိ ကန်သံရုံး[၁၁]နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ် [၁၂]တို့က ဝမ်းနည်းကြောင်း သဝဏ်‌လွှာ ပေးပို့သည်။

ကိုးကား ပြင်ဆင်ရန်

  1. "Overturned oil tanker explodes in Pakistan, killing 148"၊ The Guardian၊ 25 June 2017။ 25 June 2017 တွင် ပြန်စစ်ပြီး 
  2. ၂.၀ ၂.၁ "'Trapped in the fireball': Overturned oil tanker explodes in Pakistan, killing 153" (in en)၊ USA TODAY။ 25 June 2017 တွင် ပြန်စစ်ပြီး 
  3. ၃.၀ ၃.၁ ၃.၂ "Burn victims overwhelm Pakistani hospitals after tanker fire kills 146"၊ 25 June 2017။ 25 June 2017 တွင် ပြန်စစ်ပြီး 
  4. PM in Bahawalpur as death toll from highway inferno reaches 157The Nation (26 June 2017)။ 30 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 June 2017 တွင် ပြန်စစ်ပြီး။
  5. Oil Tanker Fire in Pakistan Leaves More Than 140 DeadThe New York Times (25 June 2017)။ 25 June 2017 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ "Death toll from Bahawalpur oil tanker fire climbs to 153"၊ Dawn၊ 25 June 2017။ 25 June 2017 တွင် ပြန်စစ်ပြီး 
  7. "142 burnt to death as oil tanker catches fire in Bahawalpur"၊ Geo TV၊ 25 June 2017။ 25 June 2017 တွင် ပြန်စစ်ပြီး 
  8. "Pakistan oil tanker explosion victims engulfed in flames as they rushed to collect spilled fuel"၊ The Independent၊ 25 June 2017။ 25 June 2017 တွင် ပြန်စစ်ပြီး 
  9. "At least 140 killed in tanker fire near Bahawalpur"၊ Al Jazeera၊ 25 June 2017။ 25 June 2017 တွင် ပြန်စစ်ပြီး 
  10. "132 burnt alive injured as oil tanker catches fire in Bahawalpur"၊ Samaa TV၊ 25 June 2017။ 25 June 2017 တွင် ပြန်စစ်ပြီး 
  11. Pakistan oil tanker truck explosion kills at least 135။ CNN။ 25 June 2017 တွင် ပြန်စစ်ပြီး။
  12. UN chief saddened by oil tank explosion in Pakistan – Xinhua | English.news.cn