၂၀၁၈ ဖီဖာကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနား

၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနား

၂၀၁၈ ဖီဖာကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ ညနေ ၃:၃၀ တွင် မော်စကိုမြို့ရှိ လူဇနီကီဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။ အဖွင့်ပွဲစဉ်အဖြစ် ကန်ကြမည့် ရုရှားနှင့်ဆော်ဒီအာရေဗျတို့ပွဲ မတိုင်မီ ၁:၃၀ အလိုက ကျင်းပခဲ့ခြင်းဖြစ်သည်။

အိုင်ဒါ ဂါရီဖဒီနာနှင့်ရော်ဘီဝီလျံတို့ သီဆိုစဉ်
ရော်နယ်ဒိုအားတွေ့ရစဉ်
ရုရှား သမ္မတ ပူတင်နှင့်ဧည့်သည်တော်များ
ပူတင်နှင့်ဆော်ဒီမင်းသား မိုဟာမက်ဘင်ဆန်မန်

ဖျော်ဖြေရေး ပြင်ဆင်ရန်

ယခင် ဘရာဇေးလ်ဘောလုံးသမားဟောင်း ရော်နယ်ဒိုမှ ကလေးများနှင့် ဝင်ရောက်လာသည်။ အင်္ဂလိပ်ပေါ့အဆိုတော် ရော်ဘီဝီလျံက "Let Me Entertain You" သီချင်းဖြင့် ဖျော်ဖြေပြီး အိုင်ဒါ ဂါရီဖဒီနာမှ ဖျော်ဖြေခဲ့သည်။ ထို့နောက်ဝီလျံမှ "Feel" သီချင်းဖြင့် ဖျော်ဖြေခဲ့ပြီးနောက် ၂ ယောက်ပေါင်း၍ "Angels" သီချင်းကို သီဆိုခဲ့ကြသည်။

ကိုးကား ပြင်ဆင်ရန်