၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလား

၂၂ ကြိမ်မြောက် ကမ္ဘာ့ဖလားဘောလုံးပွဲ

၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားသည် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂၀ရက်​နေ့မှ ဒီဇင်ဘာလ ၁၈ရက်​နေ့အထိ ကာတာနိုင်ငံ၌ ကျင်းပမည့် ၂၂ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဖြစ်သည်။ ကာတာနိုင်ငံသည် အာရပ်အဖွဲ့ချုပ်ဝင် အာရပ်ကမ္ဘာနိုင်ငံများတွင် ပထမဆုံး အိမ်ရှင်ဖြစ်လာခဲ့သည်။[၁]ဤပွဲသည် ၂၀၀၂ခုနှစ် တောင်ကိုရီးယား-ဂျပန် အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်ပွဲပြီးနောက် အာရှတိုက်စစ်စစ်တွင် လက်ခံကျင်းပသည့် ဒုတိယမြောက် ပွဲလည်းဖြစ်သည်။၂၀၁၈ ရုရှားနိုင်ငံပွဲသည် နယ်နိမိတ်သတ်မှတ်ချက်များအရ အာရှစစ်စစ်မဖြစ်ခဲ့ပေ။ ပြိုင်ပွဲဝင် ၃၂သင်းအဖြစ် နောက်ဆုံးကျင်းပသည့်ပွဲဖြစ်ကာ ၂၀၂၆ခုနှစ်မှစ၍ ၄၈သင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။[၂]

၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလား
كأس العالم لكرة القدم 2022
Kaʾs al-ʿālam li-kurat al-qadam 2022
Qatar 2022
ပြိုင်ပွဲဆိုင်ရာ အချက်အလက်များ
အိမ်ရှင်နိုင်ငံ ကာတာ
ကျင်းပသည့်နေ့၂၀ နိုဝင်ဘာ -၁၈ ဒီဇင်ဘာ
ယှဉ်ပြိုင်သည့်အသင်း၃၂ (အဖွဲ့ချုပ် ၅ ခုမှ)
အားကစားကွင်း၈ (အိမ်ရှင်မြို့ ၅ မြို့တွင်)

ကာတာနိုင်ငံ၏ ပူပြင်းလှသော ရာသီဥတုကြောင့် ပြိုင်ပွဲကို နိုဝင်ဘာသို့ ရွှေ့ပြောင်းခဲ့ရပြီး မေ၊ ဇွန်၊ ဇူလိုင်လများနှင့် ဆောင်းဦးရာသီတွင် မကျင်းပသော ပထမဆုံးပြိုင်ပွဲဖြစ်သည်။ ပထမဆုံးပွဲစဉ်မှာ အိမ်ရှင်ကာတာနိုင်ငံနှင့် အီဂွေဒေါနိုင်ငံတို့အကြား ပွဲစဉ်ဖြစ်ပြီး ဗိုလ်လုပွဲစဉ်ကို ဒီဇင်ဘာလ ၁၈ရက်နေ့တွင် ကစားမည်ဖြစ်ပြီး ထိုနေ့မှာ ကာတာနိုင်ငံ၏ အမျိုးသားနေ့ဖြစ်သည်။တခါတလေတွင်

ကိုးကား ပြင်ဆင်ရန်