၃၁-ဘုံ
ဤဩကာသလောကကြီးတွင် သတ္တဝါတို့၏နေထိုင်ရာဘုံဌာနမှာ သုံးဆယ့်တစ်ဘုံ ရှိသည်။

၃၁-ဘုံ ပြင်ဆင်
ဘုရားရှိခိုးအမျိုးမျိုးစာအုပ်များတွင် အားလုံးနီးပါးသော အမျှဝေခြင်းများ၌ ၃၁-ဘုံသည် ပါဝင်လေ့ရှိသည်။ သို့သော် ၃၁-ဘုံနှင့်ပတ်သက်၍ သာမန်သိရှိခြင်းထက် အသေအချာသိရှိကြမည် ဆိုပါက ပိုမိုအကျိုးရှိနိုင်ပေသည်ဟု ယုံကြည်ပါသဖြင့် ၃၁-ဘုံ သိကောင်းစရာအကြောင်း ကို ရေးသားဖော်ပြရခြင်း ဖြစ်သည်။
ဤဩကာသလောကကြီးတွင် သတ္တဝါတို့၏နေထိုင်ရာဘုံဌာနမှာ သုံးဆယ့်တစ်ဘုံ ရှိသည်။ ဗြဟ္မာဘုံ နှစ်ဆယ်၊ နတ်ဘုံ ခြောက်ဘုံ၊ လူ့ဘုံ တစ်ဘုံ၊ အပါယ် လေးဘုံ တို့ဖြစ်သည်။ ထိုသုံးဆယ့်တစ်ဘုံတည်းဟူသော ဩကာသလောကကြီးသည် အာသဝေါကုန်ခန်းပြီးသော ရဟန္တာမဖြစ်သေးသမျှ ထက်အောက်ပြောင်းပြန် ဗလောင်ဆန်အောင် ကျင်လည်ရဦးမည့် ဘုံဌာနများဖြစ်သည်။
မြတ်စွာဘုရား ဟောကြားထားသော နခသိခသုတ်ကိုထောက်ရှုခြင်းအားဖြင့် လူ့ဘုံမှစုတေ၍ သေလွန်ကြကုန်သောသူတို့တွင် လူ့ဘုံသို့ရောက်ရှိသောသူမှာ မြတ်စွာဘုရား၏ လက်သဲခွံပေါ်၌ရှိသော မြေမှုန့် ပမာဏမျှသာရှိ၍ အပယ်လေးဘုံသို့ကျရောက်သောသူတို့မှာ ဂင်္ဂါမြစ်လွင်ပြင်ရှိ မြေမှုန့်ပမာဏ ရှိသည်။ လူ့ဘဝမှစုတေ၍ လူပြန်ဖြစ်သော ပမာဏ နှင့် အပါယ်လေးဘုံသို့ကျရောက်သောသူတို့၏ ပမာဏ နှိုင်းဆ၍မရအောင် ကွာခြားလှပါသည်။ လူတစ်ထောင်သေ၍ တစ်ယောက်မျှလောက်ပင် လူပြန်ဖြစ်ဖို့ရာ မလွယ်ကူချေ။
ဗြဟ္မာဘုံ နှစ်ဆယ် ပြင်ဆင်
ဗြဟ္မပါရိသဇ္ဖာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ၊ ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အာဘဿရာ၊ ပရိတ္တာသုဘာ၊ အပ္မမာဏာသုဘာ၊ သုဘကိဏှာ၊ ဝေဟပ္ဖိုလ်၊ အသညသတ်၊ အဝိဟာ၊ အတပ္မါ၊သုဒဿာ၊ သုဒဿီ၊အကနိဋ္ဌ၊ အာကာသာနဉ္စာ ယတန၊ ဝိညာဏဉ္စာယတန၊ အာကိဉ္စ ညာယတန၊နေဝသည နာသညာယတန
နတ်ပြည် ခြောက်ထပ် ပြင်ဆင်
စတုမဟာရာဇ်၊ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီ