၇ ဇူလိုင် ၂၀၀၅ လန်ဒန် ဗုံးပေါက်မှုများ

၇ ဇူလိုင် ၂၀၀၅ လန်ဒန် ဗုံးပေါက်မှုများသည် ၇/၇ (ဆဲဗင်းဇူလိုင်)အဖြစ် ညွှန်းဆိုခြင်း ခံရပြီး၊ လန်ဒန်မြို့လယ်တွင် ကြိုတင်စီစဉ်ထားသော အကြမ်းဖက် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ကွင်းဆက်ဖြစ်စဉ် ဖြစ်ကာ၊ ရုံးတက်ချိန်အတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ကို အသုံးချ၍ အရပ်သားများကို ပစ်မှတ်ထားခဲ့သည်။

7 July 2005 London bombings
Terrorism in the United Kingdom and Islamic terrorism in Europe ၏ တစ်စိတ်တစ်ပိုင်း
Emergency services at Russell Square tube station on 7 July 2005
နေရာLondon, United Kingdom
ရက်စွဲ7 July 2005
08:49 – 09:47 BST (UTC+01:00)
ပစ်မှတ်General public aboard London Underground trains and a bus in central London
တိုက်ခိုက်မှု အမျိုးအစားMass murder, suicide bombings, terrorism
လက်နက်များTATP
သေဆုံးသူဦးရေ56 (including the 4 perpetrators)
ဒဏ်ရာရဦးရေ
784
ပြစ်မှုကျူးလွန်သူများHasib Hussain
Mohammad Sidique Khan
Germaine Lindsay
Shehzad Tanweer
ပတ်သက်အစ္စလန်မစ် အစွန်းရောက်ဝါဒ

၇ ဇူလိုင် ၂၀၀၅ ကြာသပတေးနေ့ နံနက်တွင်၊ လန်ဒန်မြေအောက်ရထားပေါ်၌ ဆက်တိုက်ဗုံး သုံးလုံး စနက်တံ ဖြုတ်ခဲ့ပြီး၊ စတုတ္ထမြောက်ဗုံးကို တယ်ဗစ်စတော့ ရင်ပြင်တွင် နှစ်ထပ် ဘတ်စ်ကားပေါ်၌ ‌ခွဲသည်။ ၅၂ ဦး သေဆုံးပြီး လူ အယောက် ၇၀၀ ကျော် တိုက်ခိုက်မှုအတွင်း ဒဏ်ရာရကာ ဗြိတိန်၏ ၁၉၈၈ စကော့တလန်၊ လော့ကာဘီမြို့ပေါ် ပန်အမ်လေယာဉ် ၁၀၃ ဗုံးကွဲပြီးကတည်းက လူသေအများဆုံး အကြမ်းဖက် လူသေဆုံးမှု ဖြစ်သကဲ့သို့၊ နိုင်ငံ၏ ပထမဦးဆုံး အစ္စလာမ် အသေခံ တိုက်ခိုက်မှု ဖြစ်သည်။

ပေါက်ကွဲမှုများသည် ကျောပိုးအိတ်ထဲ ထည့်ထားသော လက်ဖြစ် အော်ဂင်းနစ် ပါအောက်ဆိုဒ် အခြေခံ ကိရိယာ ကြောင့် ဖြစ်ပွားသည်။ နောက် နှစ်ပတ်ကြာ ဗုံးကွဲမှုများ ဆက်လက် ဖြစ်ပွားသော်လည်း၊ ကြိုးပမ်းမှုများ အရာမထင်သည့် ထိခိုက်ပျက်စီးမှုများ မဖြစ်သည် နောက်ဆက်တွဲ တိုက်ခိုက်မှုများ ဖြစ်သည်။ လန်ဒန်သည် မြို့တော်၏ ယဉ်ကျေးမှုပေါင်းစုံ ဂုဏ်သတင်းကို အရောင်တင်ပေးခဲ့သည့် ၂၀၁၂ အိုလံပစ် အားကစားပွဲများကို လက်ခံကျင်းပခွင့် ရရှိခဲ့ပြီး နောက်တစ်ရက်၌ ဆဲဗင်းဇူလိုင် တိုက်ခိုက်မှု ဖြစ်ပွားသည်။[၁]

တိုက်ခိုက်မှုများ ပြင်ဆင်ရန်

လန်ဒန်မြေအောက်ရထား ပြင်ဆင်ရန်

မနက် ၈ နာရီ ၄၉ မိနစ်တွင်၊ လန်ဒန်မြေအောက်ရထားပေါ်၌ ဗုံးသုံးလုံးကို စက္ကန့် ငါးဆယ်စီ ခြား၍ ဖောက်ခွဲခြင်း ခံရသည်။

  1. ပထမဗုံးသည် ခြောက်ခန်းတွဲ(6-car?) ဖြစ်သော လန်ဒန်မြေအောက် စီ၆၉ နှင့် စီ၇၇ စတော့ အဝိုင်းသို့ ပြေးဆွဲသော မြေအောက်ရထား(sub-surface train) အမှတ် ၂၀၄ က လီဗာပူးလမ်းနှင့် အလ်ဒ်ဂိတ်ကြား အရှေ့သို့ ခုတ်မောင်းစဉ် ပေါက်ကွဲသည်။ ရထားသည် ၈ မိနစ် စော၍ ကင်းခရော့ စိန့် ပန်ခရက်က ထွက်ခဲ့သည်။ ပေါက်ကွဲစဉ်က၊ ရထား၏ တတိယတွဲ(third car)သည် လီဗာပူး‌လမ်းမှ လှိုဏ်ခေါင်းတစ်လျှောက် အနီးစပ်ဆုံး ကိုက်တစ်ရာ (၉၀ မီတာ) တွင် ရှိသည်။ ပေါက်ကွဲမှုတွင်၊ လီဗာပူးလမ်းနှင့် အလ်ဒ်ဂိတ်အရှေ့ကြား ဟမ္မားစမစ် နှင့် မြို့လိုင်း၏ အပြိုင် ရထားလမ်းကြောင်းများ ပျက်စီးသည်။
  2. ဒုတိယဗုံးသည် နောက်ထပ် ၆ တွဲ လန်ဒန်မြေအောက် စီ၆၉ နှင့် စီ၇၇ စတော့အဝိုင်းလိုင်း အမှတ် ၂၁၆ ၏ ဒုတိယတွဲထဲ ပေါက်ကွဲခဲ့ပြီး၊ အက်ဂ်ဝဲ လမ်းရှိ ပလက်ဖောင်း ၄ မှ ထွက်ကာစ၊ ပက်ဒင်တန် သို့ အနောက်ဘက် ဦးတည် ခုတ်မောင်းစဉ် ဖြစ်သည်။ ရှေးနည်းအတိုင်း ၈ မိနစ်ခန့်က ကင်းခရော့ စိန့် ပန်ခရက် ဘူတာမှ ထွက်လာသည်။ ပေါက်ကွဲသည့် အချိန်တွင် အနီးတွင် အခြား ရထားများစွာ ရှိကာ၊ (ပက်ဒင်တန်မှ အက်ဂ်ဝဲလမ်း ပ‌လက်ဖောင်း ၃ သို့ ဆိုက်ရောက်လာသော)အရှေ့သွား အဝိုင်းလိုင်းရထား တစ်စင်းသည် ဗုံးပေါက်ကွဲသော ရထားနံဘေးမှ ဖြတ်သွားရာ ပျက်စီးပြီး၊ အလားတူပင် နံရံတစ်ချပ်လည်း နောက်ပိုင်း ပြိုကျ ပျက်စီးသည်။ နောက် ရထား နှစ်စင်းမှာ အက်ဂ်ဝဲလမ်း၌ ရှိသည်၊ တစ်စင်းမှာ ပလက်ဖောင်း ၂ ၌ ရှိကာ၊ နောက်တစ်စင်းမှာ ပလက်ဖောင်း ၁ ကို ဆိုက်ကာစ တောင်သွား ဟမ္မားစမစ် နှင့် မြို့လိုင်းဝန်ဆောင်ရေး ရထား ဖြစ်သည်။
  3. တတိယဗုံးမှာ ၆တွဲ(6-car)ပါ လန်ဒန်မြေအောက် ၁၉၇၃ စတော့ ပစ်ကာဒီးလီယာဉ်လိုင်း မြေအောက်ရထား၊ အမှတ် ၃၁၁ က ကင်းခရော့ဘူတာမှ တောင်ဘက် ရပ်ဆဲလ် ရင်ပြင်သို့ ခုတ်မောင်းစဉ် ပေါက်ကွဲသည်။ ကင်းခရော့ဘူတာမှ ထွက်ပြီး အနီးစပ်ဆုံး တစ်မိနစ်တွင် ပေါက်ကွဲရာ၊ ရထားမှာ ကိုက် ၅၀၀ (၄၅၀ မီတာ) ရောက်နေပြီ ဖြစ်သည်။  ပေါက်ကွဲမှုသည် အမှတ် ၁၆၆ ရထား၏ ပထမတွဲ ဘေး၌ ဖြစ်ပွားကာ၊ ထိုတွဲနံဘေးနှင့် အတူ ဒုတိယတွဲအရှေ့လည်း ဆိုးဝါးစွာ ပျက်စီးသည်။[၂] ပတ်ဝန်းကျင် လှိုဏ်ခေါင်းများလည်း ပျက်စီးခြင်း ဖြစ်သည်။

နစ်နာသူများ ပြင်ဆင်ရန်

နိုင်ငံအလိုက် သေဆုံးခြင်း
နိုင်ငံ အရေအတွက်
  United Kingdom(ယူကေ) 32
  Poland(ပိုလန်)
3
  Vietnam(ဗီယက်နမ်) 2
  Italy(အီတလီ) 1
  France(ပြင်သစ်) 1
  Ghana(ဂါနာ) 1
  Afghanistan(အာဖဂန်နစ္စတန်) 1
  India(အိန္ဒိယ) 1
  New Zealand(နယူးဇီလန်) 1
  Mauritius(မောရစ်ရှပ်) 1
  Romania(ရိုမေးနီးယား) 1
  Nigeria(နိုင်ဂျီးရီးယား) 1
  Sri Lanka(သီရိလင်္ကာ) 1
  Turkey(တူရကီ) 1
  Iran(အီရန်) 1
  Grenada(ဂရင်နဒါ) 1
  Israel(အစ္စရေး) 1
  Kenya(ကင်ညာ) 1
l 52

ဆက်စပ် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Goodhart, David.
  2. North၊ Rachel။ "Coming together as a city"၊ BBC၊ 15 July 2005။ 12 November 2006 တွင် ပြန်စစ်ပြီး