Anarcho-punk (anarchist punk) သည် မင်းမဲ့ဝါဒကို ထောက်ခံသော punk rock အမျိုးအစားတစ်မျိုးဖြစ်သည်။ anarcho punk ဟူသော ဝေါဟာရသည် ၁၉၇၀ နောက်ပိုင်းနှင့် ၁၉၈၀ အစောပိုင်းတွင် အင်္ဂလန်မှ မူလ anarcho-punk ရွေ့လျားမှု အသုံးချခဲ့သော တီးဝိုင်းများနှင့် ဆက်သွယ်ထားသည်။ တစ်ခါတစ်ရံတွင် မည်သည် punkနှင့် rock ဂီတမဆို မင်းမဲ့ဝါဒီနှင့်ဆိုင်သော စာသားများကို ဖော်ပြရာ၌ ကျယ်ပြန့်စွာ အသုံးပြုခဲ့သည်။ crust punk, d-beat, folk punk, hardcore punk, garage punk (သို့) ska punk တို့ဖြစ်သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၇၇ မတိုင်မီ ပြင်ဆင်ရန်

၁၉၆၀ နောက်ပိုင်း protopunk တီးဝိုင်း အချို့၏ မင်းမဲ့ဝါဒီ အဖွဲ့ဝင်များမှာ ဂျာမနီ blues rock တီးဝိုင်း Ton Steine Scherchenနှင့် UK underground အင်္ဂလိပ်တီးဝိုင်းများ Hawkwind, Pink Fairies, The Deviant နှင့် Edgar Brougton Band တီးဝိုင်းတို့ပါဝင်သည်။ MC5 တီးဝိုင်းသည် နိုင်ငံရေးအကြောင်းအရာများကို rock ဂီတနှင့် ပေါင်းစပ်ထားသည်။ လူထု အသိအမြင်မှ လူမှုရေးနှင့် နိုင်ငံရေးပြောင်းလဲမှုများကို rock ၏ စိတ်ကူးအဖြစ် တည်ထောင်ခဲ့သည်။ အခြားရှေ့ပြေးများမှာ avant-garde art နှင့် နိုင်ငံရေး ရွေ့လျားမှုများတွင် ပါရှိသည့် Flaxus, Dada, the Best Kennedys မှ Jello Biarfra သည် Youth International Party ကို ကိုးကားခဲ့သည်။

၁၉၇၇ ပြင်ဆင်ရန်

၁၉၇၀တွင် United Kingdom တွင် punk rock မွေးဖွားမှုနှင့်အတူ လူများစိတ်ဝင်စားသော မင်းမဲ့ဝါဒဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် Sex Pistols ဖြစ်ပြီး “Anarchy in the U.K” single ထွက်ရှိခဲ့သည်။ မည်သို့ပင်ဆိုစေ အစောပိုင်း punk ဖြစ်ရပ်မှ မင်းမဲဝါဒီပုံရိပ်များသည် အပြင်းအထန်ထိတ်လန့်စေခဲ့သည်။ Crass နှင့် Poison Girls တို့သည် ပထမဆုံး punk တီးဝိုင်းများဖြစ်ပုံပေါ်ပြီး မင်းမဲ့ဝါဒီ၏စိတ်ကူးစိတ်သန်းများကို ရှင်းလင်းပြောပြခဲ့သည်။ Flux of Pink Indians, Subbumans, Chumbawamba နှင့် Conflict တို့ကြောင့် anarchopunk ကို ပဋိသန္ဓေတည်စေခဲ့သည်။ ထိုပထမဆုံး anarcho-punk တီးဝိုင်းသည် ဂီတဆိုင်ရာကွဲထွက်ခဲ့ပြီး hardcore punk ၏ ကန့်သတ်ချက်အပြင်ဘက်မှ စမ်းသပ်လေ့လာခဲ့သည်။ ၁၉၈၀တွင် anarcho-punk ထဲမှ punkပုံစံသစ်ပေါ်ထွက်လာခဲ့သည့် d-beat နှင့် Crust punk တို့ဖြစ်သည်။ D-beat သည်မြန်ဆန်၍ punk ဂီတမှ ကြမ်းတမ်းသည့်ပုံစံဖြစ်သည်။ Discharge နှင့် Varaker တို့ဖြစ်သည်။ Crust punk သည် anarcho-punk သည် extreme metalကို ရောစပ်ထားသည့်ပုံစံတစ်မျိုးဖြစ်သည်။ တီထွင်ခဲ့သည့် တီးဝိုင်းများမှာ Antisect, Sacrilegeနှင့် Amebix တို့ဖြစ်သည်။ ၁၉၈၀နောက်ပိုင်းတွင် anarcho-punk မှ grindcore ဟူ၍ ပေါက်ဖွားလာခဲ့သည်။ Crust punk ကဲ့သို့ ပြင်းထန်၍ blast beat များ၊ နားမလည်နိုင်သော death growl များပါဝင်သည်။ grindcore ကိုတီထွင်ခဲ့သော တီးဝိုင်းများသည် Napalm Death နှင့် Extreme Noise Terror တို့ဖြစ်သည်။ အမေရိကန် hardcore punk ဖြစ်ရပ်တွင် တီးဝိုင်းများသည် anarcho-punk ၏စိတ်ကူးကို မွေးစားခဲ့သည်။ MDC နှင့် Reagan Youth တို့ပါဝင်သည်။ တစ်ပြိုင်နက်တည်း anarcho-punk သည် new age traveler မှ အစိတ်အပိုင်းများကို ရောနှောထားသည်။ folk ဂီတ၊ country spoken word၊ traditional Irish ဂီတနှင့်Jazz တို့၏အစိတ်အပိုင်းများကို ပေါင်းစပ်ထားသည် ကွဲပြားသော ဖျော်ဖြေသူများမှာ Annie Anxiety နှင့် The Ex တို့ဖြစ်သည်။ ၁၉၈၀ အဆုံးတွင် rave ယဉ်ကျေးမှု ပေါ်ထွက်လာခဲ့ပြီး anarcho-punk အပေါ်လွှမ်းမိုးထားသည်။ Spiral Tribe တို့ပါဝင်သည်။ Bedlam Sound System တို့ပါဝင်သည်။ အခြားမှာ UK-traveller/crusty ဖြစ်ရပ်နှင့် ဆက်နွယ်နေသည်။ တီးဝိုင်းများမှာ Back To the Planet နှင့် Radical Dance Faction တို့ဖြစ်ပြီး reggae/dance တို့တီးခတ်ကြသည်။ ၂၀၀၀ ခုနှစ်တွင် anarcho-punk သည် ၁၉၅၀ထက်ကွဲပြားခြားနားသည်။ ယခင်အမျိုးအစားများကို တည်ထောင်ထားသည်။ Bus Station Loonies, hardcore punk အနုပညာရှင် Propagandhi၊ new wave ဖျော်ဖြေသူ Honey Bane နှင့် folk punk တီးဝိုင်း Blackbird Raum တီးဝိုင်းတို့ပါဝင်သည်။ တချို့ anarcho-punk တီးဝိုင်းများ indie rock နှင့် ပေါင်းစပ်ထားသည်။ Nation of Ulysses၊ Blyth Power နှင့် The (International) Noise Conspiracy တို့ပါဝင်သည်။ Axiom နှင့် Destroy နှင့် Disrupt သည် grindcore နှင့် crust punk တို့ကို ရောနှောထားသည်။ Digital hardcore ၏စာသားများထဲတွင် မင်းမဲ့ဝါဒီတည်ဆောက်မှုများပါဝင်သည်။ တီထွင်ခဲ့သူမှာ Atari Teenage Riot ဖြစ်သည်။ Digital Hardcore သည် punk vocal နှင့်ခြားနားသော အစိတ်အပိုင်းများကို ပေါင်းစပ်ထားသည်။ အဓိကအားဖြင့် hardcore techno, thrash metal နှင့် noise ဂီတတို့ပါဝင်သည်။

စိတ်ကူးစိတ်သန်း ပြင်ဆင်ရန်

Anarcho-punk တီးဝိုင်းများသည် စိတ်ကူးစိတ်သန်းများကွဲလွဲစဉ်တွင် အုပ်စုများသည် anarchism without adjectives နှင့်အတူစွဲကပ်စေသည်။ တချို့ anarcho-punk များသည် anarcha-feminists နှင့် အခြားမှာ anarcho-syndicalists တို့ပါဝင်သည်။ The Psalters သည် folk punk တီးဝိုင်းသည် Christian anarchism မွေးစားခဲ့သည်။ anarcho-punk တီးဝိုင်းများသည် ခရစ်ယာန်ဘာသာကို ဝေဖန်သူများဖြစ်သည်။ Anarcho-punk များ ထောက်ပံ့သည့် အချက်များမှာ animal rights, racial equality, hemophilia, Feminism, environmentalism, autonomy, anti-war movement နှင့် anti-globalisation တို့ပါဝင်သည်။ Anarcho-punks သည် punk လှုပ်ရှားမှုမှ အပြစ်အနာဆာများကို ဝေဖန်ခြင်းခံရသည်။ Crass နှင့် Dead Kennedys တို့သည် သီချင်းရေးသားခဲ့ပြီး punk ယဉ်ကျေးမှုများပေါင်းစပ်ထားသည်ကို တိုက်ခိုက်ခဲ့သည်။ punk, skinheads, B-boys များကြားနှင့် အခြားလူငယ်ယဉ်ကျေးမှုများကြားထဲမှ အကြမ်းဖက်မှုများပါဝင်သည်။ anarcho-punk သည် straight edge ဖြစ်ပြီး အရက်၊ ဆေးရွက်ကြီးနှင့် ဆေးဝါးနှင့်များကို ထောက်ခံကြသည်။ ခရစ်ယာန်၊ မှုစလင်နှင့်ဗုဒ္ဓဘာသာ anarcho-punk တို့ပါဝင်သည်။ Crass သည် စစ်ဆန့်ကျင့်ရေး ဝါဒကိုလက်ခံသည်။ သို့သော် anarcho-punk အတွက် မလွှဲမရှောင်သာသောဖြစ်ရပ်မဟုတ်ချေ။ hippe counterculture ၏စိတ်ကူးသည် anarcho-punk အပေါ်လွှမ်းမိုးခဲ့သည်။ Crassသည် hippie counterculture နှင့်ပေါင်းဖက်ခြင်းကို အတည့်အလင်း ဖော်ပြခဲ့သည်။ Crust punk အပေါ်လွှမ်းမိုးခဲ့သည်။

Direct Action ပြင်ဆင်ရန်

Anarcho-punks သည် အပေါ်တွင် သိမြင်လွယ်သောနည်းလမ်းများကို တစ်မျိုးတစ်ဖုံပြောင်းလဲသော်လည်း direction action ပေါ်တွင်မှုတည်သည်။ နည်းပရိယယ်သည် ခြားနားသော်လည်း anarcho-punk သည် အခြားနှင့် ပေါင်းစပ်သည်။ အခြား anarcho-punk သည် စစ်ဆန့်ကျင့်ရေးဝါဒီနှင့် သူတို့၏ ရည်ရွယ်ချက်တွင် အကြမ်းမဖက်ရေးကို အသုံးပြုခြင်းကို ယုံကြည်ကြသည်။ ထိုအထဲတွင် ငြိမ်းချမ်းသော ငြင်းဆိုကန့်ကွက်မှု၊ စီးပွားရေးနှင့်ဆိုင်သော အဖျက်လုပ်ငန်းများ၊ dumpster diving၊ graftiti၊ ယဉ်ကျေးမှုဖိနှိပ်သိပ်သည်း၊ သပိတ်မှောက်ခြင်း၊ အမိန့်မနာခံခြင်း၊ တွန်းလှန်ဖျက်ဆီးခြင်းတို့ပါဝင်သည်။ တချို့ anarcho-punk အကြမ်းဖက်မှုကို ယုံကြည်ပြီး ပစ္စည်းဥစ္စာဖျက်ဆီးခြင်းတို့ပါဝင်သည်။ သိမြင်လွယ်ခြင်းသည် အဓိကရုဏ်းများ၊ လက်သရမ်းဖျက်ဆီးခြင်း၊ နန်းကြိုးများဖြတ်တောက်ခြင်းဖျက်ဆီးခြင်း၊ တိရစ္ဆာန်ကျွန်ဘဝမှ လွတ်မြောက်ခြင်းတွင် ပါဝင်ခြင်း ကမ္ဘာမြေ လွတ်မြောက်ခြင်းလှုပ်ရှားမှုများ၊ ပြင်းထန်သော ကိစ္စ္စများ ဗုံးကြဲခြင်းများပါဝင်သည်။ မင်းမဲ့ဝါဒီသည် ပစ္စည်း ဥစ္စာဖျက်ဆီးခြင်းများကို ကာကွယ်ရန် အကြမ်းမှုကို ငြင်းဆိုကြသည်။