ပြည်သူ (English: Demonym) ဟူသောစကားလုံးသည် နေရာတစ်ခုနှင့်စပ်လျဉ်း၍ လူအုပ်စုတစ်စုကို ခွဲခြားဖော်ပြသည့် စကားလုံးတစ်ခုဖြစ်သည်။ ပြည်သူဟူသောစကားလုံးကို နေရာအမည်မှ ဆင်းသက်လာလေ့ရှိသည်။ တစ်နေရာစီရှိ လူအားလုံးကို သတ်မှတ်ရန် ပြည်သူဟူသောစကားလုံးကို အသုံးပြုကြသည်။ ဘာသာရေး သို့မဟုတ် အခြား ယဉ်ကျေးမှု ကွဲပြားမှုများ မည်သို့ပင် ရှိပါစေ၊ သတ်မှတ်ထားသော နေရာတစ်ခုရှိ လူအားလုံးကို သတ်မှတ်ရန် ပြည်သူဟူသောစကားလုံးကို အသုံးပြုသည်။