ကွမ်တုန်းပြည်နယ်

တရုတ်နိုင်ငံတွင် လူဦးရေအထူထပ်ဆုံးသော ပြည်နယ်၊ တောင်တရုတ် ပင်လယ် ကမ်းရိုးတန်းတွင် တည်ရှိသည
(Guangdong မှ ပြန်ညွှန်းထားသည်)

ကွမ်တုန်း (Guangdong) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတောင်တရုတ်ပင်လယ်ကမ်းခြေတွင် တည်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ ရှေးယခင်က အင်္ဂလိပ်စာဖြင့် Kwangtung Province ဟုရေးသားသည်။ ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ဟောနန်ပြည်နယ်နှင့် စစ်ချွမ်းပြည်နယ်များကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံ၏ လူဦးရေအများဆုံး ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။ အမြဲတမ်းနေထိုင်သူဦးရေ (၇၉) သန်းရှိပြီး ရွှေ့ပြောင်းနေထိုင်သူများမှာ (၃၁) သန်းမျှ ရှိသည်။ [၂][၃] ပြည်နယ်မြို့တော် ကွမ်ကျိုးမြို့ နှင့် စီးပွားရေးမြို့တော် ရှိန်းကျိန့်မြို့တို့သည် တရုတ်နိုင်ငံ၏ စီးပွားရေးအဖွံ့ဖြိုးဆုံးနှင့် လူဦးရေအထူထပ်ဆုံးသော မြို့တော်များထဲတွင် ပါဝင်သည်။

ကွမ်တုန်းပြည်နယ်
Guangdong Province
တရုတ်ဘာသာဖြင့် : 广东省
ဖျင်းယင်းဖြင့် Guǎngdōng Shěng
Cantonese Jyutping: Gwong2 Dung1 Saang2
Cantonese Yale: Gwóngdūng Sáang
အတိုကောက်အမည်:   (pinyin: Yuè)
ကွမ်တုန်းပြည်နယ် is highlighted on this map
အမည်ရင်းမြစ် 广 guǎng - "ကျပြန့်သော"
东 dōng- "အရှေ့ဘက်"
"အရှေ့ဘက်မှပြင်ကျယ်ကြီး"
အုပ်ချုပ်ရေးအမျိုးအစား ပြည်နယ်
မြို့တော်
(နှင့် အကြီးဆုံးမြို့)
ကွမ်ကျိုးမြို့
ကွန်မြူနစ်ပါတီ အကြီးအကဲ ဝမ်းယမ်
ပြည်နယ်အုပ်ချုပ်ရေးမှူး ဟွမ်းဟွာဟွာ
ဧရိယာ ၁၇၇,၉၀၀ စတုရန်းကီလိုမီတာ
 - လတ္တီကျု 20° 13' to 25° 31' N
 - လောင်ဂျီကျု 109° 40' to 117° 20' E
လူဦးရေ (၂၀၁၀)
 - သိပ်သည်းမှု
၁၀၄,၃၀၃,၁၃၂ ()
၅၃၆
ဂျီဒီပီ (၂၀၁၀)
 - လူတစ်ဦးချင်း
ယွမ်ငွေ ၄.၅၅ ထရီလီယံ
US$ ၆၈၉.၀၂ ဘီလီယံ[၁] ()
CNY ၄၀,၇၄၈
US$ ၅,၉၆၅ ()
HDI (၂၀၀၈) ၀.၈၄၄ (high) ()
ကိုးကွယ်ယုံကြည်မှုများ ဗုဒ္ဓဘာသာ
တိုင်းရင်းသားလူမျိုးများ ဟန့်လူမျိုး - 99%
ကျွမ်းလူမျိုး - 0.7%
ယောင်လူမျိုး - 0.2%
ဒေသသုံးဘာသာစကားများ ကန်တုံတရုတ်စကား
ဟတ်ခါတရုတ်စကား
Teochew စကား
လေကျိုးစကား
မင်ဒရင်စကား
ခရိုင်ကြီး(Prefecture)အဆင့် ၂၁ ခု
ခရိုင်ငယ်(County)အဆင့် ၁၂၁ ခု
မြို့နယ်(Township)အဆင့်* ၁၆၄၂ ခု
ISO 3166-2 CN-44
အင်တာနက် စာမျက်နှာ
http://www.gd.gov.cn
Source for population and GDP data:
《中国统计年鉴—2005》 China Statistical Yearbook 2005
ISBN 7503747382
Source for nationalities data:
《2000年人口普查中国民族人口资料》 Tabulation on nationalities of 2000 population census of China
ISBN 7105054255
*As at December 31, 2004
TemplateDiscussionWikiProject China

၁၉၈၉ ခုနှစ်မှစ၍ ကွမ်တုန်းပြည်နယ်သည် တရုတ်တစ်ပြည်လုံးတွင် ဂျီဒီပီ အမြင့်ဆုံးသော ပြည်နယ် ဖြစ်လာသည်။ ကျန်းစူပြည်နယ်နှင့် ဆန်းတုန်းပြည်နယ်တို့မှာ ဒုတိယ နှင့် တတိယ အမြင့်ဆုံး ဖြစ်ကြသည်။ [၄] ၂၀၀၉ ခုနှစ်တွင် ကွမ်တုန်းပြည်နယ်၏ ဂျီဒီပီသည် ယွမ်ငွေ ၃,၉၀၈,၁၅၉ သန်း (US$ ၅၇၂,၁၂၁ သန်း) အထိရောက်ရှိခဲ့သည်။ ယင်းပမာဏမှာ အင်ဒိုနီးရှားနိုင်ငံ တစ်နိုင်လုံး သို့မဟုတ် တူရကီနိုင်ငံ တစ်နိုင်ငံလုံးစာ နှင့် ညီမျှသည်။ [၅] လူတစ်ဦးချင်းဂျီဒီပီအရမူ ကျန်းစူးပြည်နယ်နှင့် ကျဲ့ကျန်းပြည်နယ်တို့၏ နောက်မှ ကပ်လျက် တတိယလိုက်နေသည်။ ပြည်နယ်မြို့တော် ကွမ်ကျိုးမြို့တွင် ကန်တုန်ကုန်စည်ပြပွဲ (Canton Fair) ဟုခေါ်ဆိုသော တရုတ်ပြည်၏ အကြီးမားဆုံးသော ပို့ကုန်သွင်းကုန် ကုန်စည်ပြပွဲကြီးများကို ကျင်းပလေ့ရှိသည်။

အမည်ဖြစ်ပေါ်လာပုံ ပြင်ဆင်ရန်

ကွမ် ("Guang") ဟူသောအမည်သည် ကျယ်ပြန့်သော၊ များပြားသော ဟု အဓိပ္ပာယ်ရသည်။ အေဒီ ၂၂၆ ခုနှစ်တွင် ကွမ်ခရိုင်ကြီး (Guang Prefecture) ကို တည်ထောင်ခဲ့ကြသည်။ တုန်းဟူသည်မှာ အရှေ့ဘက်ဟု အဓိပ္ပာယ်ရသောကြောင့် ကွမ်တုန်းဟူသည်မှာ ကျယ်ပြန့်သောအရှေ့ပိုင်း ("expanse east") ဟု အဓိပ္ပာယ်ရသည်။ ကွမ်ရှီးပြည်နယ်သည်လည်း အလားတူ အဓိပ္ပာယ်ရသည်။ ကွမ်ရှီးဟူသောစကားလုံးတွင် ရှီးဟူသည်မှာ အနောက်ဘက် ဟု အဓိပ္ပာယ်ရသောကြောင့် ကျယ်ပြန့်သောအနောက်ပိုင်း ("expanse west") ဟု ဖြစ်သည်။ ထို့ကြောင့် ကွမ်တုန်း နှင့် ကွမ်ရှီး ပြည်နယ် နှစ်ခုပေါင်းကို ကွမ်နှစ်ပြည် ("Dual-Guangs" - 兩廣 - liăng guăng) ဟု ခေါ်ဆိုသည်။ အတိုကောက်အားဖြင့် ယွဲ့ (粤/粵 - Yue) ဟု သတ်မှတ်သည်။ တရုတ်စာ ဖျင်းယင်းကို မတီထွင်ခင်က အင်္ဂလိပ်စာအားဖြင့် Kwangtung Provinceဟုရေးသားသည်။ အထူးမှတ်ရန်မှာ ကန်တုန် (Canton) ဟူသော ဝေါဟာရသည် ပေါ်တူဂီစကားဖြစ်ပြီး ကွမ်တုန်းပြည်နယ်ကို မဆိုလိုပဲ ကွမ်ကျိုးမြို့ကို သာ ဆိုလိုသည်။ ကွမ်ကျိုးသားများ ပြောဆိုကြသော တရုတ်စကားကို ယွဲ့စကားဟု ခေါ်သည်။

လူဦးရေနှင့်လူမျိုးများ ပြင်ဆင်ရန်

၂၀၀၅ခုနှစ် ဇန်နဝါရီလတွင် ကွမ်တုန်းပြည်နယ်သည် တရုတ်ပြည်၏ လူဦးရေအများဆုံးသော ပြည်နယ် ဖြစ်လာခဲ့သည်။ [၂][၃] သို့ရာတွင် စစ်တမ်းများအရ ကွမ်တုန်းပြည်နယ်သို့ တစ်နှစ်တာလျှင် အနည်းဆုံး ခြောက်လခန့် ပြောင်းရွှေ့လာရောက် နေထိုင်ကြသူ ဦးရေမှာ သန်း ၃၀ ကျော် ရှိသည်။ ထို့ကြောင့် စုစုပေါင်း လူဦးရေမှာ သန်းပေါင်း ၁၁၀ ကျော်လေသည်။ [၆] ဤသို့ လူအများအပြား ရွှေ့ပြောင်းလာကြခြင်းမှာ ကွမ်တုန်းပြည်နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး လုပ်သားအင်အားလိုအပ်ချက် မြင့်တက်လာသောကြောင့် ဖြစ်သည်။

ကွမ်တုန်းသည် ပြည်ပနေတရုတ်လူမျိုး အများစုတို့၏ ဘိုးဘွားပင်ရင်းဒေသလည်း ဖြစ်သည်။ ၁၉ ရာစု နှစ်များက ကနေဒါနိုင်ငံ မီရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းများ၊ ပနားမားနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ပြည်နယ်များသို့ ကွမ်တုန်းဒေသမှ တရုတ်လူမျိုး အများအပြား ရွှေ့ပြောင်းသွားခဲ့ကြသည်။ ၁၈၄၉ ခုနှစ် ရွှေအဖျားတက်ပွဲကာလကလည်း ကွမ်တုန်းဒေသမှ တရုတ်လူမျိုး အတော်များများသည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် နှင့် ဩစတြေးလျနိုင်ငံများသို့ ထွက်ခွာခဲ့ကြသည်။ စီးပွားရေးဖွံ့ဖြိုးလာသောကြောင့် ပြည်ပထွက်ခွာပြောင်းရွှေ့မှု လျော့ကျသွားသော်လည်း မြောက်အမေရိက နှင့် ကမ္ဘာတစ်ဝန်းလုံးသို့ လူပြောင်းရွှေ့မှု အများဆုံးသောဒေသအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

အများစုမှာ ဟန့်လူမျိုး (တရုတ်လူမျိုး) များ ဖြစ်ကြသည်။ ယင်းတို့အနက် ကန်တုန်တရုတ်လူမျိုး (Cantonese people) တို့မှာ လူဦးရေအများဆုံး ဖြစ်သည်။ အခြားသော လူများစုမှာ ချောင်ရှန်းဒေသမှ ချောင်ကျိုးတရုတ်လူမျိုး (Teochew people) နှင့် ဟွေကျိုး၊ မေကျိုး၊ ဟဲယွမ်၊ ရှောက်ကွမ်း၊ ကျန်းကျန်း ဒေသများမှ ဟတ်ခါတရုတ်လူမျိုးများ ဖြစ်ကြသည်။ ပြည်နယ်မြောက်ပိုင်းတွင် ယောင်လူမျိုး အနည်းငယ်ရှိသည်။ အခြားလူနည်းစုများမှာ ရှဲ့လူမျိုးမြောင်လူမျိုးလီလူမျိုး နှင့် ကျွမ်းလူမျိုး တို့ ဖြစ်ကြသည်။

ကွမ်တုန်းသည် ကျားမဦးရေအချိုး မညီမျှသော ပြည်နယ်တစ်ခု ဖြစ်သည်။ ၂၀၀၉ ခုနှစ် ဗြိတိသျှဆေးပညာဂျာနယ် (British Medical Journal) ၏ လေ့လာချက်အရ အသက် ၁ နှစ်မှ ၄ နှစ်ကြား ကျားမဦးရေအချိုးမှာ မိန်းကလေး ၁၀၀ တွင် ယောက်ျားလေး ၁၃၀ ယောက် ဖြစ်နေသည်။ [၇]

နိုင်ငံရေး ပြင်ဆင်ရန်

ကွမ်တုန်းပြည်နယ်သည် အခြားသော ပြည်နယ်များကဲ့သို့ပင် ပြည်နယ်အုပ်ချုပ်ရေးမှူးဖြင့် အုပ်ချုပ်သည်။ သို့ရာတွင် ပြည်နယ်ကွန်မြူနစ်ပါတီအတွင်းရေးမှူးက ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ကို စစ်ဆေးနိုင်သည်။

ဟောင်ကောင်၊ မကာအိုတို့နှင့် ဆက်ဆံရေး ပြင်ဆင်ရန်

ဟောင်ကောင် နှင့် မကာအို တို့သည် ဗြိတိသျှ နှင့် ပေါ်တူဂီ တို့၏ ကိုလိုနီ မဖြစ်ခင်က ကွမ်တုန်းပြည်နယ်၏ အစိပ်အပိုင်းများ ဖြစ်ခဲ့သည်။ သို့ရာတွင် ယခုအခါ ယင်းတို့သည် အထူးအုပ်ချုပ်ခွင့်ရဒေသ (special administrative regions - SARs) များ ဖြစ်နေပြီဖြစ်သည်။ သို့ဖြစ်၍ ဒေသတွင်းအုပ်ချုပ်ရေးဆိုင်ရာများတွင် ကွမ်တုန်းပြည်နယ်မှ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်ပေ။

ပညာရေး ပြင်ဆင်ရန်

ဗဟိုအစိုးရပိုင်တက္ကသိုလ်ကောလိပ်များ ပြင်ဆင်ရန်

ပြည်နယ်အစိုးရပိုင်တက္ကသိုလ်ကောလိပ်များ ပြင်ဆင်ရန်


ခရီးသွားလုပ်ငန်း ပြင်ဆင်ရန်

  • တန်းရှတောင်တန်း (Danxia Mountain)
  • ယွဲရှို့တောင် (Yuexiu Hill)
  • ကြယ်ပုံရေကန် (Star Lake)
  • ကြယ်ခုနစ်ပွင့်ကျောက်ချွန်တောင် (Seven Star Crags)
  • တင်းဟူတောင် (Dinghu Mountain)
  • ဒေါက်တာဆွန်ယက်ဆင်ကို ဂုဏ်ပြုသော ကျုံးရှန်းပန်းခြံ (Zhongshan Sun Wen Memorial Park for Sun Yat-sen in Zhongshan)

အုပ်ချုပ်ရေးခရိုင်များ ပြင်ဆင်ရန်

အောက်ပါခရိုင်ကြီးများကို ခရိုင် (၄၉)ခု၊ ခရိုင်ငယ် (၇၂)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ငယ် (၃) ခုတို့ဖြင့် ထပ်မံ ပိုင်းခြားထားသည်။

Map စဉ် ရုံးစိုက်ရာမြို့ တရုတ်စာဖြင့် ဖျင်းယင်းဖြင့် ခရိုင်အမည် လူဦးရေ (၂၀၁၀ခုနှစ်)
 
ပြည်နယ်ခွဲမြို့တော်များ
9 ကွမ်ကျိုးမြို့ 廣州市 Guǎngzhōu Shì ယွဲ့ရှို့ခရိုင် 12,700,800
21 ရှင်းကျင့်မြို့ 深圳市 Shēnzhèn Shì ဖူထျန်းခရိုင် 10,357,938
ခရိုင်ကြီးများ
1 ချင်းယွမ်မြို့ 清遠市 Qīngyuǎn Shì ချင်းယွမ်ခရိုင် 3,698,394
2 ရှောင်ကွမ်းမြို့ 韶關市 Sháoguān Shì ကျင်းကျန်းခရိုင် 2,826,612
3 ဟဲယွမ်မြို့ 河源市 Héyuán Shì ယွမ်းချင်ခရိုင် 2,953,019
4 မေကျိုးမြို့ 梅州市 Méizhōu Shì မေကျန်းခရိုင် 4,240,139
5 ချောင်ကျိုးမြို့ 潮州市 Cháozhōu Shì ဖွင်းရှီခရိုင် 2,669,844
6 ကျောက်ချင့်မြို့ 肇慶市 Zhàoqìng Shì တွမ့်ကျိုးခရိုင် 3,918,085
7 ယွင်းဖူမြို့ 雲浮市 Yúnfú Shì ယွင်းချင်ခရိုင် 2,360,128
8 ဖော်ရှန်းမြို့ 佛山市 Fóshān Shì ချန်းချင်ခရိုင် 7,194,311
10 တုန်းကွမ်းမြို့ 東莞市 Dōngguǎn Shì တုန်းကွမ်းခရိုင် 8,220,237
11 ဟွေကျိုးမြို့ 惠州市 Hùizhōu Shì ဟွေချင်ခရိုင် 4,597,002
12 ရှန်းဝေမြို့ 汕尾市 Shànwěi Shì ချင်ချွီးခရိုင် 2,935,717
13 ကျဲ့ယန်မြို့ 揭陽市 Jiēyáng Shì ရုန်းချင်ခရိုင် 5,877,025
14 ရှန်းထိုမြို့ 汕頭市 Shàntóu Shì ကျင်းဖျင်ခရိုင် 5,391,028
15 ကျန့်ကျန်းမြို့ 湛江市 Zhànjiāng Shì ချီးခန်ခရိုင် 6,993,304
16 မောက်မင်မြို့ 茂名市 Màomíng Shì မောက်မင်ခရိုင် 5,817,753
17 ယန်ကျန်းမြို့ 陽江市 Yángjiāng Shì ကျန်းချင်ခရိုင် 2,421,812
18 ကျန်းမင်မြို့ 江門市 Jiāngmén Shì ဖင်းကျန်းခရိုင် 4,448,871
19 ကျုံးရှန်းမြို့ 中山市 Zhōngshān Shì ကျုံးရှန်းခရိုင် 3,120,884
20 ကျူးဟိုင်မြို့ 珠海市 Zhūhǎi Shì ရှန်းကျိုးခရိုင် 1,560,229

ကိုးကား ပြင်ဆင်ရန်

  1. Three provinces lower GDP targets
  2. ၂.၀ ၂.၁ English people.com.cn
  3. ၃.၀ ၃.၁ Chinadaily.com
  4. preliminary statistics of Guangdong'GDP in 2009။ 10 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2011 တွင် ပြန်စစ်ပြီး။
  5. GDP of 31 provinces in China released
  6. media163။ 25 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2011 တွင် ပြန်စစ်ပြီး။
  7. China’s excess males, sex selective abortion, and one child policy: analysis of data from 2005 national intercensus survey - Zhu et al. 338 - bmj.com
Economic data

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်