ဟေလီ စတိုင်းဖဲ

အမေရိကန် သရုပ်ဆောင်၊ အဆိုတော် နှင့် မော်ဒယ်
(Hailee Steinfeld မှ ပြန်ညွှန်းထားသည်)

ဟေလီ စတိုင်းဖဲ (အင်္ဂလိပ်: Hailee Steinfeld; ၁၉၉၆ ဒီဇင်ဘာ ၁၁ ဖွား[၂] [၃]) သည် အမေရိကန်သရုပ်ဆောင်နှင့်အဆိုတော်ဖြစ်သည်။ သူမသည် Peabody ဆု တစ်ဆု အပါအဝင် ရုပ်ရှင်၊ ဂီတဆုတံဆိပ်များစွာရရှိထားပြီး၊ အော်စကာဆု၊ ဗြိတိန်အကယ်ဒမီရုပ်ရှင်ဆု နှင့် ရွှေကမ္ဘာလုံးဆုတို့အတွက်လည်း ဆန်ကာတင်စာရင်းဝင်ထားခဲ့သူဖြစ်သည်။

ဟေလီ စတိုင်းဖဲ
2018 San Diego Comic-Con ရောက် စတိုင်းဖဲ
ဇာတိ အမည်Hailee Steinfeld
မွေးဖွား (1996-12-11) ဒီဇင်ဘာ ၁၁၊ ၁၉၉၆ (အသက် ၂၇)
Tarzana, California, U.S.
အလုပ်အကိုင်
  • သရုပ်ဆောင်
  • အဆိုတော်
တက်ကြွလှုပ်ရှားနှစ်များ2007–present
ဆွေမျိုးသားချင်း
ရရှိသည့်ဆုများFull list
ဂီတခရီးလမ်း
ဂီတဟန်
တူရိယာVocals
တေးသံသွင်း ကုမ္ပဏီRepublic
ဝက်ဘ်ဆိုက်haileesteinfeldofficial.com

စတိုင်းဖဲသည် အနောက်တိုင်းရုပ်ရှင် True Grit (၂၀၁၀) ဖြင့် ရုတ်ချဉ်းအောင်မြင်မှုရရှိခဲ့ပြီး၊ ထိုဇာတ်ကားဖြင့်ပင် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ အော်စကာဆုနှင့် BAFTA အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတို့အတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင်ထွက်ရှိခဲ့သော Ender's Game နှင့် Begin Again ရုပ်ရှင်များတွင်လည်းပါဝင်ခဲ့ပြီး၊ Pitch Perfect ရုပ်ရှင်စီးရီး (၂၀၁၅-၂၀၁၇) တွင်လည်း သူမ၏ဇာတ်ရုပ်ပီပြင်မှုကြောင့် အသိအမှတ်ပြုမှုများ ပိုမိုရရှိခဲ့ကာ၊ The Edge of Seventeen (၂၀၁၆) ရုပ်ရှင်ဖြင့် ရွှေကမ္ဘာလုံးဆုအတွက်ပါ ဆန်ကာတင်စာရင်းဝင်ခဲ့သည်။ သူမ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားသော Transformers ဇာတ်ကားတစ်ကားဖြစ်သည့် Bumblebee (၂၀၁၈) သည်လည်း ဝင်ငွေအကောင်းဆုံးရုပ်ရှင်ကားများထဲမှ တစ်ခုဖြစ်လာခဲ့သည်။

စတိုင်းဖဲသည် ကာတွန်းရုပ်ရှင် Spider-Man: Into the Spider-Verse (၂၀၁၈) တွင် Gwen Stacy / Spider-Woman အဖြစ်လည်းကောင်း၊ နက်ဖလစ် ဇာတ်လမ်းတွဲ Arcane (၂၀၂၁ – လက်ရှိ) တွင် Vi အဖြစ်လည်းကောင်း အသံသရုပ်ဆောင်လျက်ရှိသည်။ သူမသည် Apple TV+ ဟာသ-ဒရာမာဇာတ်လမ်းတွဲ Dickinson (၂၀၁၉-၂၀၂၁) တွင် Emily Dickinson အဖြစ်၊ Disney+ စီးရီး Hawkeye (၂၀၂၁) တွင် Kate Bishop အဖြစ် အဓိကဇာတ်ဆောင်နေရာများမှ သရုပ်ဆောင်ထားသည်။

စတိုင်းဖဲသည် Pitch Perfect 2 (၂၀၁၅) တွင် " Flashlight " သီချင်းကို ဖျော်ဖြေပြီးနောက် ဂီတဖက်တွင် အသိအမှတ်ပြုမှု ရရှိခဲ့သည်။ ထို့နောက် မကြာမီတွင် သူမသည် Republic Records နှင့် လက်မှတ်ရေးထိုးခဲ့ပြီး သူမ၏ ပွဲဦးထွက်သီချင်းတပုဒ်ဖြစ်သော " Love Myself " နှင့် ၎င်း၏ ပွဲဦးထွက် EP အဖြစ် Haiz (၂၀၁၅) ကိုပါဖြန့်ချိခဲ့သည်။ သူမသည် " Starving ", " Most Girls " နှင့် " Let Me Go " အပါအဝင် အောင်မြင်သောသီချင်းများကို သီးသန့် တပုဒ်ချင်းစီ ဆက်လက်ထုတ်ဝေခဲ့ပြီး၊ ၂၀၂၀ တွင်သူမ၏ဒုတိယ EP အဖြစ် Half Written Story ကိုထုတ်ဝေခဲ့သည်။

ငယ်စဉ်ဘဝ ပြင်ဆင်ရန်

စတိုင်းဖဲ ကို ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့၊ Tarzana ရပ်ကွက်တွင် မွေးဖွားခဲ့ပြီး၊ မိခင် Cheri ( née Domasin) မှာ အဆောက်အအုံအတွင်းပိုင်းဒီဇိုင်နာတစ်ဦးဖြစ်ပြီး၊ ဖခင် Peter Steinfeld မှာ ကာယနည်းပြတဦးဖြစ်သည်။ [၄] [၅] သူမသည် မွေးချင်းနှစ်ဦးအနက် အငယ်ဖြစ်ပြီး Griffin Steinfeld အမည်ရှိအစ်ကိုတစ်ဦးရှိသည်။ [၄] သူမ၏ဖခင်ဖက်မှ ဦးလေးသည် ကြံ့ခိုင်ရေးနည်းပြနှင့် သရုပ်ဆောင် Jake Steinfeld ဖြစ်ကာ ၎င်း၏မိခင်ဖက်မှ ဦးကြီးမှာလည်း ကလေးသရုပ်ဆောင်ဟောင်း Larry Domasin ဖြစ်သည်။ [၃] [၆] သူမ၏မိခင်ဖက်မှ အစ်မဝမ်းကွဲတော်သူ သရုပ်ဆောင် True O'Brien သည် စတိုင်းဖဲ အသက် ၈ နှစ်အရွယ်၌ ရုပ်မြင်သံကြားကြော်ငြာတစ်ခုတွင် ပါဝင်ခဲ့ရာမှ သူမကိုယ်တိုင်လည်း သရုပ်ဆောင်ခြင်းကို စိတ်ဝင်စားလာခဲ့သည်။ [၇]

စတိုင်းဖဲ ၏ဖခင်သည် ဂျူးလူမျိုးဖြစ်ပြီး မိခင်မှာ ခရစ်ယာန်ဖြစ်သည်။ [၈] [၉] [၁၀] [၁၁] သူမ၏မိခင်ဖက်မှ အဘိုး Ricardo Domasin သည် (Panglao၊ Bohol)[၆] ဖိလစ်ပိုင်လူမျိုးတစ်ဝက်နှင့် အာဖရိကန်-အမေရိကန်တစ်ဝက် ကပြားဖြစ်သည်။ [၁၂] [၁၃] [၁၄] စတိုင်းဖဲ သည် Agoura Hills တွင် ကြီးပြင်းခဲ့ပြီး နောက်ပိုင်းတွင် ကယ်လီဖိုးနီးယားပြည်နယ် Thousand Oaks တွင် ကြီးပြင်းလာကာ၊ [၄] [၁၅] Ascension Lutheran ကျောင်း၊ Conejo မူလတန်းကျောင်းနှင့် Colina အလယ်တန်းကျောင်း တို့ကို တက်ရောက်ခဲ့သည်။ သူမသည် ၂၀၀၈ မှ ၂၀၁၅ ဇွန်လ အထက်တန်းကျောင်းပြီးသည်အထိ အိမ်ကျောင်းတက်ခဲ့သည် ။ [၁၆]

အနုပညာနှင့် မီဒီယာလောကမှ လက်ခံတုံ့ပြန်မှု ပြင်ဆင်ရန်

ဂီတနှင့်သရုပ်ဆောင်ဟန်ပန်များ ပြင်ဆင်ရန်

 
အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ အဖြစ် ဆန်ကာတင်စာရင်းဝင်ခဲ့သည့် ၈၃ ကြိမ်မြောက် အော်စကာဆုပေးပွဲ၌ တွေ့ရသည့် Steinfeld

V မဂ္ဂဇင်း စာရေးဆရာ Dylan Kelly က စတိုင်းဖဲ ကို "ရုပ်ရှင်နှင့် ရုပ်မြင်သံကြားများတွင် အထင်ကြီးလောက်သော ဇာတ်အိမ်ခန်းများနဲ့ ကျွမ်းကျင်သာလွန်မှုကိုပြသနေတဲ့ သရုပ်ဆောင်ရော၊ ဂီတမှာပါ ထက်သန်သောအနုပညာသမား" ဟု ခေါ်ဆိုခဲ့ပြီး "ကိုယ်ပိုင်ဖန်တီးတေးသွားနှင့် ခံစားချက်အပြည့်ပါ၍ ဖော်ရွေဟန်ရှိသော စာသားပိုင်နိုင်မှုတို့ ရှိတဲ့ဂီတစွမ်းရည်" ဟုလည်းပြောထားသည်။ [၁၇]

စတိုင်းဖဲ က ၂၀၁၆ ခုနှစ် အင်တာဗျူးတစ်ခုတွင် "[ကျွန်မရဲ့] ဂီတနဲ့ဆိုရင်၊ ကိုယ့်အရှိအတိုင်းကို နေလို့ရသလို ခံစားရတယ်၊ ကိုယ့်လမ်းကြောင်း ကိုယ်ရွေးချယ်မယ်၊ ကိုယ့်ဘဝအတွေ့အကြုံကို တခြားမဟုတ်ဘဲ ကိုယ့်လမ်း၊ ကိုယ့်စာသားနဲ့ဖြစ်အောင်ထားမယ်" ဟု ပြောကြားခဲ့သည်။ [၁၈] “ဂီတက (သူမရဲ့) သရုပ်ဆောင်မှုအပေါ်မှာ ဩဇာလွှမ်းမိုးမှု တော်တော်ကြီးတယ်” အဲဒီနှစ်ခုက “တခုနဲ့တခု ယှက်နွှယ်နေတာ” လို့လည်း သူမက ဆက်ပြောခဲ့သည်။ [၁၈] Variety မဂ္ဂဇင်း စာရေးဆရာ Natalie Weiner မှလည်း စတိုင်းဖဲ သည် "အမျိုးသမီးစွမ်းရည်မြှင့်တင်ခြင်းဆိုင်ရာအယူအဆအချို့ [...] သူမ၏ဂီတထဲသို့ရေးရေးလေး" ထည့်သွင်းနေခဲ့သည်ဟုဆိုထားသည်။[၁၉] မိမိကိုယ်ကို ချစ်ခင်ခြင်းသည် ဂီတဖန်တီးရာတွင် သူမ အသုံးပြုနေကျအာဘော်တစ်ခုဖြစ်သည်။ [၂၀]

စတိုင်းဖဲ သည် "အနုပညာနဲ့ပတ်သတ်၍ အမှန်တကယ်ဂရုစိုက်သော အနုပညာရှင်တဦး" အဖြစ် သူမအား အမှတ်ရကြရန် မျှော်လင့်သည်ဟု ဆိုခဲ့ဖူးသည်။ [၂၁] “ရုပ်ရှင်ရိုက်ကွင်းမှာအလုပ်လုပ်တာနဲ့ တေးသံသွင်းစတူဒီယိုမှာအလုပ်လုပ်တာမှာ ကွာခြားချက်တွေက အများကြီးပဲ” ဟုမှတ်ချက်ပေးခဲ့ပြီး “ဂီတကို လွတ်လပ်စွာ ဖန်တီးရတာကို သဘောကျတယ်” ဟူ၍လည်း ဖြည့်စွက်ပြောကြားခဲ့သည်။ [၂၁]

ကိုယ်ပိုင်ဘဝ ပြင်ဆင်ရန်

စတိုင်းဖဲ သည် Instagram ကျော်ကြားသူ Cameron Smoller နှင့် ၂၀၁၆ ခုနှစ်တွင် စတင်ချိန်းတွေ့ခဲ့သည်။ သူတို့သည် ၂၀၁၇ အစောပိုင်းတွင် Golden Globes ပါတီ၌ စုံတွဲအဖြစ် လူသိရှင်ကြားပွဲတက်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် လမ်းခွဲခဲ့ကြသည်။ [၂၂] သူမသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် အိုင်ယာလန်လူမျိုးအဆိုတော် Niall Horan နှင့် စတင်တွဲခဲ့ပြီး တစ်နှစ်အကြာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် လမ်းခွဲခဲ့ကြသည်။ [၂၃] [၂၄]

ကိုးကား ပြင်ဆင်ရန်

  1. Hailee Steinfeld - Biography။ October 17, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 26, 2020 တွင် ပြန်စစ်ပြီး။
  2. You must specify archiveurl = and archivedate = when using {{cite web}}.Hailee Steinfeld Answers the Web's Most Searched Questions | WIRED။ November 30, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. ၃.၀ ၃.၁

    You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist

    "A Girl With 'Grit'"၊ December 13, 2010။ Archived from the original on December 20, 2010။ 
  4. ၄.၀ ၄.၁ ၄.၂ Strauss၊ Bob။ "Thousand Oaks teen Hailee Steinfeld earns nods for big role in 'True Grit'"၊ December 18, 2010။ 18 January 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 7 January 2011။ 
  5. Garza, Oscar (February 25, 2011).
  6. ၆.၀ ၆.၁ Hailee Steinfeld hopes to visit Bohol | Inquirer Entertainment (September 28, 2013)။ October 22, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 2, 2014 တွင် ပြန်စစ်ပြီး။
  7. Days of our Lives True O'Brien loves playing Paige and talks about working with Justin Bieber - Inside the Bubble။ March 4, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 29, 2014 တွင် ပြန်စစ်ပြီး။
  8. Berk၊ Philip (January 12, 2017)။ This actress is destined for greatnessStar2-com။ April 27, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 26, 2018 တွင် ပြန်စစ်ပြီး။
  9. Tanenbaum၊ Gil (January 11, 2015)။ Hailee Steinfeld To Star In Carrie PilbyJewish Business News။ April 27, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 26, 2018 တွင် ပြန်စစ်ပြီး။
  10. Tugend၊ Tom။ "Coens' 'Grit' at top of Oscar list, with a king and a social networker"၊ The Jewish Journal of Greater Los Angeles၊ January 27, 2011။ 18 January 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 28 January 2011။ 
  11. You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist

    Brown၊ Hannah။ "Oscar-nominated actress and singer Hailee Steinfeld visits Israel"၊ Jerusalem Post၊ October 4, 2019။ Archived from the original on October 4, 2019။ 
  12. Abad၊ Paolo (April 6, 2016)။ WATCH: Hailee Steinfeld on connecting with her Filipino rootsRappler။ April 27, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 26, 2018 တွင် ပြန်စစ်ပြီး။
  13. "Bright Star"။ September 2016။ p. 112။ Cite magazine requires |magazine= (အကူအညီ)
  14. Hailee Steinfeld hopes to visit Bohol (September 28, 2013)။ December 18, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ December 17, 2018 တွင် ပြန်စစ်ပြီး။
  15. You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist

    Lee၊ Michael J.။ "Hailee Steinfeld on 'True Grit'"၊ RadioFree.com၊ December 9, 2010။ Archived from the original on January 10, 2011။ 
  16. Lindell၊ Karen။ "Hailee Steinfeld is still in a daze over the accolades she's receiving for 'True Grit'"၊ Ventura County Star၊ December 24, 2010။ 18 January 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 31 December 2010။ 
  17. Hailee Steinfeld Finds Clarity Through Acting and Music-Making။ October 29, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 26, 2020 တွင် ပြန်စစ်ပြီး။
  18. ၁၈.၀ ၁၈.၁ Hailee Steinfeld (March 28, 2016)။ October 29, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 26, 2020 တွင် ပြန်စစ်ပြီး။
  19. Hayley Williams' 'Petals for Armor' and Hailee Steinfeld's 'Half Written Story': Album Reviews (May 8, 2020)။ October 29, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 26, 2020 တွင် ပြန်စစ်ပြီး။
  20. Multi-platinum recording artist Hailee Steinfeld releases new single and album while on lockdown (April 27, 2020)။ September 14, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 14, 2021 တွင် ပြန်စစ်ပြီး။
  21. ၂၁.၀ ၂၁.၁ Hailee Steinfeld hopes to leave behind a musical legacy။ June 2, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 30, 2021 တွင် ပြန်စစ်ပြီး။
  22. "All the Deets:Does Hailee Steinfeld Have A Boyfriend? A Detailed Breakdown Of Her Love Life"။ December 11, 2019။ November 12, 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ More than one of |archivedate= နှင့် |archive-date= specified (အကူအညီ); Cite magazine requires |magazine= (အကူအညီ)
  23. "Niall Horan girlfriend: The real reason behind split from Hailee Steinfeld"။ May 31, 2020။ November 12, 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ More than one of |archivedate= နှင့် |archive-date= specified (အကူအညီ); Cite magazine requires |magazine= (အကူအညီ)
  24. "Niall Horan opens up about why he and Hailee Steinfeld broke up"။ March 20, 2020။ December 5, 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ More than one of |archivedate= နှင့် |archive-date= specified (အကူအညီ); Cite magazine requires |magazine= (အကူအညီ)