ဤသင်္ကေတဟာ အီတလီနဲ့ မက်ဒီတေးရီးယန်းဒေသဘက်မှာ သမိုင်းဦးခေတ်ထဲက စတင်ပေါ်ပေါက်ခဲ့သည် အီတလီလို ‘Mano Cornuto’ လို့ခေါ်ပြီး မကောင်းဆိုးရွားတွေကို အနားမလာနိုင်အောင် မောင်းထုတ်တဲ့အနေနဲ့သုံးခဲ့ကြသည်။ ပြောင်းပြန်အားဖြင့် မကောင်းဆိုးရွားနတ်ဆိုးတွေကို ခေါ်တဲ့ သင်္ကေတလို့လည်းခေါ်ပါသည်။ နောက်ကံကြမ္မာဆိုး- အညံ့တွေကို နှိမ်နင်းတဲ့အနေနဲ့လည်းသုံးခဲ့သည်။ နောက်အယူတစ်ခုကတော့ ဂရိ မိစ္ဆာနတ်ဘုရား Goat of Mendes ရန်ကကာကွယ်ဖို့ဆိုပြီး စတင်သုံးခဲ့ကြသည်။ ဘရာဇီး အာဂျင်တီးနားဘက်က လူဒေ အယူကတော့သူတို့ဆီဖျားနာခြင်းတွေ ကံဆိုးမိုးမှောင်တွေ မကျရောက်အောင် ဒီသင်္ကေတကို အသုံးပြုကြသည်။ ဤ Horn Sign ကို အသုံးပြုခြင်းနဲပ သူတို့မှာ supernatural စွမ်းအားတွေ ရရှိလာတယ်လို့ ယုံကြည်ခဲ့ကြသည် နောက် အီတလီ meaning တစ်ခုက ဤသင်္ကေတနဲ လူတစ်ယောက်လောက်ကိုညွန်ပြလို့ရှိရင် အဲလူမိန်းမက တစ်ခြားတစ်ယောက်ယောက်နဲ့ဖောက်ပြားနေတယ်လို့လည်း ရည်ရွယ်သည်။ Horn Sign ကို ဆာတန်သင်္ကေတ မကောင်းသောသင်္ကေတအဖြစ် နောက်ပိုင်းတွင် လူတွေကသတ်မှတ်လာကြပြီး ဤသင်္ကေတကို အသုံးပြုရင် နတ်ဆိုးတွေနဲ့ အဆက်အသွယ်ရလာသည်ဟူလည်း မှတ်ယူခဲ့ကြပြန်သည်။ ဤသို့ဖြင့် ဆာတန်နတ်ဆိုး သင်္ကေတ အဖြစ် Mano Cornuto က နာမည်ကျော်လာခဲ့သည်။ Rock ဂီတမှာ စတင်အသုံးပြုသည်လို့ သတ်မှတ်ခံရသည်မှာ Beatle တီးဝိုင်း၏ John Lennon ဖြစ်ပြီး ၁၉၆၉တွင် သူတို့အဖွဲ့မှ John Lennon က ဤသင်္ကေတကို Paul McCartney ၏ ခေါင်းပေါ်မှာ ပြနေသည့် ပုံလေးပါ ဤသင်္ကေတနဲ့ Paul McCartney သေဆုံးသွားပြီးလို့ ကောလဟာလတွေ အကြီးအကျယ်ထွက်ခဲ့ပါသေးသည်။ နောက်ပိုင်းတွင် ဤသင်္ကေတကို ထင်ရှားလူသိများလာစေတဲ့ လူကတော့ Heavy Metal ၏ ဖခင်ကြီးတစ်ယောက်ဖြစ်တဲ့ Ronnie James Dio ပါ။[၁] သူဟာ သူ၏အီတလီလူမျိုးအဖွားက နတ်ဆိုး၏ စောင့်ကြည့်ခြင်းက ကာကွယ်ဖို့သုံးတာကို တွေ့ပြီး နောက်ပိုင်းတွင် သူသည် ၁၉၇၉ ခုနှစ်မှာ Black Sabbath တီးဝိုင်းကို ဝင်တော့ Horn Sign ကို စတင်အသုံးပြုပါသည်။ သူ၏အရင် အဆိုတော် Ozzy Osbourne က Peace Sign ကိုအသုံးပြုပြီး ဆိုလေ့ရှိသည်။ ထို့အပြင် သူက ပရိသတ်တွေနဲ့ Live Show တွေမှာ ဆက်သွယ်သောအခါ Ozzy နဲ့မတူအောင် Devil Sign ကို သုံးပြီးဆိုခဲ့တယ် Dio နဲ့ Black Sabbath ပထမဆုံး ခရီးစဉ်မှာ ဤသင်္ကေတဟာ ကျော်ကြားသွားပြီးနောက် Heavy Metal ပရိသတ်တွေအားလုံး၏ သင်္ကေတတစ်ခုအထိပါ ရောက်လာခဲ့သည်။ Heavy Metal ပရိသတ်တွေက maloik လို့လည်း ဤ Horn Sign ကို ခေါ်ကြသည်။ Dio နဲ့ Metal-Rules.com အင်တာဗျူးမှာ Dio ဖြေထားသည်မှာ ကောင်းပါတယ်။ Metal-Rules.com “ ခင်ဗျားက ဒီသင်္ကေတကို Heavy Metal မှာ ပထမဆုံးသုံးတဲ့ လူကိုပြောပြလို့ရမလား Dio ဒါ လုံးဝမဟုတ်ပါဘူး တခြားတစ်ယောက်ယောက်က တစ်နေရာရာမှာ ဒီသင်္ကေတကို အသုံးပြုခဲ့ပါလိမ့်မယ် ကျွန်တော်က ဒီသင်္ကေတကို ထင်ရှားလာအောင် အသုံးပြုပေးခဲ့တာပါ ဒီသင်္ကေတကို ကျွန်တော်အမြဲအသုံးပြုခဲ့ပြီး ဒီသင်္ကေတဟာ ကျွန်တော်ရဲ့ Trade Mark တစ်ခုဖြစ်လာပါတယ်။ Britney Spear ပရိသတ်တွေက ဒီသင်္ကေတကို ယူမသုံးခဲ့ဘူးဆိုရင်တာ့ ဒါဟာ Rock N Roll ရဲ့ သင်္ကေတတွေထဲက တစ်ခုဖြစ်လာမှာပါ[၂] ဟုပြောကြသည်။ နောက်ပိုင်း rock metal band များ ပရိသတ်များကပါ ဤသင်္ကေတကို အသုံးပြုလာကြသည်။ စံပုံစံဘောင်တွေထဲက ခွဲထွက်လာတဲ့ Heavy Metal သမားတွေအတွက် ဤသင်္ကေတသည် အဓိပ္ပာယ်တွေပါပါလာသည်။ ဖန်ဆင်းရှင် အယူဝါဒတွေ အကောင်းမြင်ဝါဒီသမားတွေနဲ့ မတူသော Heavy Metal သမားတွေသည် ဆာတန်သင်္ကေတကို နှစ်နှစ်ခြိုက်ခြိုက်အသုံးပြုပြီး သူတို့၏အတွေးအမြင်တွေကို Heavy Metal ဂီတနှင့် အတူချပြခဲ့သည်။ အစဉ်အလာ ရှေးရိုးဝါဒီများ ဘာသာရေးအစွဲများပြင်းထန်နေသော ထိုခေတ်မှာ Heavy Metal ဂီတကိုပါ အတွေးအခေါ်တွေကိုပါ ဆန့်ကျင်တိုက်ထုတ်ခဲ့ကြသည်။


ကိုးကား ပြင်ဆင်ရန်

  1. The Devil's Horns: A Rock And Roll Symbol။ Ultimate-Guitar.com (September 7, 2005)။ 22 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 July 2016 တွင် ပြန်စစ်ပြီး။
  2. Dio - Interviewed By EvilG။ Metal-Rules.com (March 9, 2001)။ 10 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 July 2016 တွင် ပြန်စစ်ပြီး။